ျမန္မာ႔ အထည္ခ်ဳပ္သမ ေတြ အိမ္သာခဏခဏ သြားရျခင္း အေၾကာင္း က ဒီလို ပါတဲ႔

အထည္ခ်ဳပ္ စက္႐ံုေတြက အိမ္သာတက္တဲ့ အလုပ္သမေတြပါ ။ ႏိုင္ငံျခားပို႔တဲ့ အထည္ခ်ဳပ္ စက္႐ံုေတြက အနည္းဆံုးဝန္ထမ္း ၆၀၀၊ ၇၀၀ အနည္းဆံုး ရိွတတ္ ပါတယ္ ။ အိမ္သာ အလံုး ၅၀၊ ၆၀ ရိွတာ မဆန္းပါဘူး ။ ဆန္းတာက ျမန္မာျပည္ အထည္ခ်ဳပ္ စက္႐ံုက ခ်ဳပ္သမ တခ်ဳိ႕က အိမ္သာခ်ည္း လွည့္တက္တတ္ပါတယ္။ ေရေသာက္လိုက္ ေသးေပါက္လိုက္ ဆိုပါေတာ့ အိမ္သာ တက္ရင္ စက္႐ံုဝန္း က်ယ္လို႔ အသြား အျပန္ ၁၅ မိနစ္ေလာက္ လမ္းေလ်ာက္ ရတတ္ ပါတယ္ ။ ၿပီးေတာ့ အိမ္သာ မွာ အတင္းတုတ္ရတာနဲ့ သန္းရွာၾကတာနဲ႔၊ စ သည္ ။

ဒါနဲ႔ဘဲ စူပါေတြက အိမ္သာ တက္ရင္ ဘယ္လိုဆိုၿပီး စည္းကမ္း ကန္႔သတ္လိုက္ပါတယ္။ ဒါနဲ႔ အိမ္သာ လြတ္လြတ္လပ္လပ္ တက္ခြင့္မရတာဟာ လူ႕အခြင့္အေရး ခ်ဳိးေဖာက္သလို ေျပာၾကျပန္ေရာ ။ အလုပ္သမား အဖြဲ႕အစည္း အမ်ားစုက အိမ္သာတက္တာ ကန္႔သတ္တာကိုဘဲ လက္ခံေဆြးေႏြးတတ္ၾကပါတယ္။ လုပ္ငန္းရွင္ေတြ ေျပာျပတဲ့ အိမ္သာကို အမီွျပဳၿပီး အလြဲသံုးစားလုပ္တဲ့ အေၾကာင္း ကိုေတာ့ လက္ခံ မေဆြးေႏြးၾကပါဘူး ။ ဒါနဲ႔ဘဲ အိမ္သာထဲမွာ မေတာ္မေရာ္လုပ္ၾကတဲ့ အထိ ျဖစ္လာၾက တာပါဘဲ ။ ႏိုင္ငံတကာမွာ လွည့္ၿပီး စက္႐ံုေထာင္ခဲ့သူေတြက အိမ္သာတက္တဲ့ ကိစၥလို အေသးအဖြဲကိစၥေတြ မလိုအပ္ဘဲ မေျပာခ်င္ၾကပါဘူး ။

အလြဲသံုးစား လုပ္တာကို ေတြ႕လို႔ ထိန္းသိမ္းဖို႔လိုလို႔ စည္းကမ္းထုတ္ ထိန္းသိမ္းတာကို အစိုးရကေသာ္လည္းေကာင္း အလုပ္သမားအဖြဲ႕အစည္းေတြ ေသာ္လည္းေကာင္း ဝင္မပါသင့္ဘူး ထင္ပါတယ္။ ဘက္မလိုက္တမ္း ေျပာရရင္ ျမန္မာျပည္မွာ labour intensive အလုပ္ေတြက အလုပ္ရွင္ေရာ အလုပ္သမားေရာ အရမ္း႐ႈန္းကန္ေနၾကရတာပါ။ ဥပေဒက အလုပ္သမားဘက္နဲနဲ ပိုလိုက္လိုက္ရင္ အလုပ္ရွင္ေတြ မလုပ္ႏိုင္ေတာ့သလို အလုပ္ရွင္ဘက္ မ်က္ႏွာသာေပးလိုက္ရင္လည္း အလုပ္သမားေတြ မလုပ္ႏိုင္ေတာ့ပါဘူး။

အစိုးရက အေကာင္းဆံုးလုပ္ႏိုင္တာက လုပ္ငန္းေတြကို လြတ္လြတ္လပ္လပ္ ၿပိဳင္ဆိုင္လုပ္ကိုင္ႏိုင္ေအာင္ ပတ္ဝန္းက်င္ေကာင္းဖန္တီးေပးၿပီး စြမ္းေဆာင္ရည္အေကာင္းဆံုး လုပ္ငန္းရွင္ေတြ ေပၚထြက္ လာေစဖို႔ပါ။

ဒီအတိုင္းဘဲ အလုပ္သမားေတြကိုလည္း အလုပ္သမား ေဈးကြက္မွာ လြတ္လပ္စြာ ယွဥ္ၿပိဳင္လုပ္ကိုင္ေစၿပီး စြမ္းေဆာင္ရည္ အေကာင္းဆံုး ဝန္ထမ္းေတြ ျဖစ္ေစသင့္ပါတယ္။ အလုပ္အကိုင္အခြင့္အေရးကို လူတိုင္းရသင့္တယ္ ဆိုေပမဲ့ အလုပ္ကိုေတာ့ တကယ္လုပ္ခ်င္တဲ့သူေတြဘဲ ရသင့္တာပါ။

အလုပ္သမားေတြကို သင္ေပးသင့္တာက

၁။ စက္႐ံုက အစမ္းခန္႔ကာလမွာ စက္႐ံုက ခ်မွတ္ထားတဲ့ စည္းကမ္းကို လိုက္နာ ႏိုင္လားဆိုတာ ေလ့လာခိုင္းပါ။ ခ်မွတ္ထားတဲ့ စည္းကမ္းကို မႀကိဳက္ရင္၊ မေက်နပ္ရင္ တျခားစက္႐ံုမွာ အလုပ္ရွာပါ။ စက္႐ံုတိုင္းမွာ သတ္မွတ္ထားတဲ့ စည္းကမ္းတူေနၿပီး အလုပ္သမားက မလိုက္နာႏိုင္ရင္ စက္႐ံုေတြ မွားတာ မဟုတ္ပါဘူး။ အလုပ္သမား မွားတာပါ။

၂။ အလုပ္ထြက္ရင္ ဒါမွ အလုပ္ထုတ္ခံရရင္ သတ္မွတ္ထားတဲ့အတိုင္း ေလ်ာ္ေၾကး ခံစားခြင့္ေတြရေအာင္ ေတာင္းပါ။ မေပးရင္ တိုင္ပါ။ သတ္မွတ္တဲ့ အတိုင္း ေလ်ာ္ေၾကး နစ္နာေၾကးေပးရင္ ဘာမွ ထပ္ မေတာင္းဆိုဖို့ ေျပာပါ။ ” ဥပေဒအထက္မွာ သနားလို႔” ဆိုတာမ်ဳိး မရိွသင့္ပါဘူး။ ” စာနာ၊ သနားလို႔” လို႔ ဥပေဒကို အေလ်ာ့ေပးရင္ ဥပေဒကို အလြဲသံုးစား လုပ္ၾကပါလိမ့္မယ္။
ႏိုင္ငံတကာကလာေရာက္ ရင္းႏီွးျမဳပ္ႏွံသူတို႔က ျပဌာန္းထားတဲ့ ဥပေဒကို ေလ့လာၿပီး လာေရာက္ရင္းႏီွးျမဳပ္ႏွံရတာေၾကာင့္ ဥပေဒကို အလြဲသံုးစား လုပ္ခံရရင္ လုပ္ငန္းလုပ္ဖို႔ ခက္ပါတယ္။ အလုပ္သမားေတြကို သနားဖို႔ တကယ္လိုရင္ ဥပေဒကို အေလ်ာ့ေပးတာထက္ ဥပေဒကို ျပင္ေပးလိုက္တာက ပိုေကာင္းပါတယ္။ တကယ္လုပ္ႏိုင္တဲ့သူေတြဘဲ လာပါလိမ့္မယ္။ ေနာက္စဥ္းစားသင့္တာတခုက

အလုပ္သမားေတြ လုပ္ခ တိုးေတာင္းတာနဲ႔ အလုပ္ရွင္ေတြ လုပ္ခတိုးေပးတာနဲ႔ ဘယ္ဟာ ပိုေကာင္းမလဲ ေျပာၾကည့္ပါမယ္။ လုပ္ခတိုးေတာင္းလို႔ အလုပ္ရွင္ေတြ မလုပ္ႏိုင္ရင္ ရိွေနတဲ့ အလုပ္ေလးေတာင္ ျပဳတ္သြားႏိုင္ပါတယ္။

ေတြးမိေတြးရာပါ ( ေရးထားတာ သေဘာတူရင္ ရွယ္ေပးပါ)

ခရက္ဒစ္ – Tin Sein

Unicode

အထည်ချုပ် စက်ရုံတွေက အိမ်သာတက်တဲ့ အလုပ်သမတွေပါ။ နိုင်ငံခြားပို့တဲ့ အထည်ချုပ် စက်ရုံတွေက အနည်းဆုံး ဝန်ထမ်း ၆၀၀၊ ၇၀၀ အနည်းဆုံး ရှိတတ်ပါတယ်။ အိမ်သာ အလုံး ၅၀၊ ၆၀ ရှိတာ မဆန်းပါဘူး။ ဆန်းတာက မြန်မာပြည်အထည်ချုပ်စက်ရုံက ချုပ်သမ တချို့က အိမ်သာချည်း လှည့်တက်တတ်ပါတယ်။ ရေသောက်လိုက် သေးပေါက်လိုက် ဆိုပါတော့ အိမ်သာတက်ရင် စက်ရုံဝန်း ကျယ်လို့ အသွားအပြန် ၁၅ မိနစ်လောက် လမ်းလျောက် ရတတ်ပါတယ်။ ပြီးတော့ အိမ်သာမှာ အတင်းတုတ်ရတာနဲ့ သန်းရှာကြတာနဲ့၊ စသည်။

ဒါနဲ့ဘဲ စူပါတွေက အိမ်သာတက်ရင် ဘယ်လိုဆိုပြီး စည်းကမ်း ကန့်သတ်လိုက်ပါတယ်။ ဒါနဲ့ အိမ်သာ လွတ်လွတ်လပ်လပ် တက်ခွင့်မရတာဟာ လူ့အခွင့်အရေး ချိုးဖောက်သလို ပြောကြပြန်ရော။ အလုပ်သမား အဖွဲ့အစည်းအများစုက အိမ်သာတက်တာ ကန့်သတ်တာကိုဘဲ လက်ခံဆွေးနွေးတတ်ကြပါတယ်။ လုပ်ငန်းရှင်တွေ ပြောပြတဲ့ အိမ်သာကို အမှီပြုပြီး အလွဲသုံးစားလုပ်တဲ့ အကြောင်းကိုတော့ လက်ခံ မဆွေးနွေးကြပါဘူး။ ဒါနဲ့ဘဲ အိမ်သာထဲမှာ မတော်မရော်လုပ်ကြတဲ့ အထိ ဖြစ်လာကြတာပါဘဲ။ နိုင်ငံတကာမှာ လှည့်ပြီး စက်ရုံထောင်ခဲ့သူတွေက အိမ်သာတက်တဲ့ ကိစ္စလို အသေးအဖွဲကိစ္စတွေ မလိုအပ်ဘဲ မပြောချင်ကြပါဘူး။

အလွဲသုံးစား လုပ်တာကို တွေ့လို့ ထိန်းသိမ်းဖို့လိုလို့ စည်းကမ်းထုတ် ထိန်းသိမ်းတာကို အစိုးရကသော်လည်းကောင်း အလုပ်သမားအဖွဲ့အစည်းတွေ သော်လည်းကောင်း ဝင်မပါသင့်ဘူး ထင်ပါတယ်။ ဘက်မလိုက်တမ်း ပြောရရင် မြန်မာပြည်မှာ labour intensive အလုပ်တွေက အလုပ်ရှင်ရော အလုပ်သမားရော အရမ်းရှုန်းကန်နေကြရတာပါ။ ဥပဒေက အလုပ်သမားဘက်နဲနဲ ပိုလိုက်လိုက်ရင် အလုပ်ရှင်တွေ မလုပ်နိုင်တော့သလို အလုပ်ရှင်ဘက် မျက်နှာသာပေးလိုက်ရင်လည်း အလုပ်သမားတွေ မလုပ်နိုင်တော့ပါဘူး။

အစိုးရက အကောင်းဆုံးလုပ်နိုင်တာက လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ပြိုင်ဆိုင်လုပ်ကိုင်နိုင်အောင် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးပြီး စွမ်းဆောင်ရည်အကောင်းဆုံး လုပ်ငန်းရှင်တွေ ပေါ်ထွက် လာစေဖို့ပါ။

ဒီအတိုင်းဘဲ အလုပ်သမားတွေကိုလည်း အလုပ်သမား ဈေးကွက်မှာ လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်စေပြီး စွမ်းဆောင်ရည် အကောင်းဆုံး ဝန်ထမ်းတွေ ဖြစ်စေသင့်ပါတယ်။ အလုပ်အကိုင်အခွင့်အရေးကို လူတိုင်းရသင့်တယ် ဆိုပေမဲ့ အလုပ်ကိုတော့ တကယ်လုပ်ချင်တဲ့သူတွေဘဲ ရသင့်တာပါ။

အလုပ်သမားတွေကို သင်ပေးသင့်တာက

၁။ စက်ရုံက အစမ်းခန့်ကာလမှာ စက်ရုံက ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာ နိုင်လားဆိုတာ လေ့လာခိုင်းပါ။ ချမှတ်ထားတဲ့ စည်းကမ်းကို မကြိုက်ရင်၊ မကျေနပ်ရင် တခြားစက်ရုံမှာ အလုပ်ရှာပါ။ စက်ရုံတိုင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတူနေပြီး အလုပ်သမားက မလိုက်နာနိုင်ရင် စက်ရုံတွေ မှားတာ မဟုတ်ပါဘူး။ အလုပ်သမား မှားတာပါ။

၂။ အလုပ်ထွက်ရင် ဒါမှ အလုပ်ထုတ်ခံရရင် သတ်မှတ်ထားတဲ့အတိုင်း လျော်ကြေး ခံစားခွင့်တွေရအောင် တောင်းပါ။ မပေးရင် တိုင်ပါ။ သတ်မှတ်တဲ့ အတိုင်း လျော်ကြေး နစ်နာကြေးပေးရင် ဘာမှ ထပ် မတောင်းဆိုဖို့ ပြောပါ။ ” ဥပဒေအထက်မှာ သနားလို့” ဆိုတာမျိုး မရှိသင့်ပါဘူး။ ” စာနာ၊ သနားလို့” လို့ ဥပဒေကို အလျော့ပေးရင် ဥပဒေကို အလွဲသုံးစား လုပ်ကြပါလိမ့်မယ်။
နိုင်ငံတကာကလာရောက် ရင်းနှီးမြုပ်နှံသူတို့က ပြဌာန်းထားတဲ့ ဥပဒေကို လေ့လာပြီး လာရောက်ရင်းနှီးမြုပ်နှံရတာကြောင့် ဥပဒေကို အလွဲသုံးစား လုပ်ခံရရင် လုပ်ငန်းလုပ်ဖို့ ခက်ပါတယ်။ အလုပ်သမားတွေကို သနားဖို့ တကယ်လိုရင် ဥပဒေကို အလျော့ပေးတာထက် ဥပဒေကို ပြင်ပေးလိုက်တာက ပိုကောင်းပါတယ်။ တကယ်လုပ်နိုင်တဲ့သူတွေဘဲ လာပါလိမ့်မယ်။ နောက်စဉ်းစားသင့်တာတခုက

အလုပ်သမားတွေ လုပ်ခ တိုးတောင်းတာနဲ့ အလုပ်ရှင်တွေ လုပ်ခတိုးပေးတာနဲ့ ဘယ်ဟာ ပိုကောင်းမလဲ ပြောကြည့်ပါမယ်။ လုပ်ခတိုးတောင်းလို့ အလုပ်ရှင်တွေ မလုပ်နိုင်ရင် ရှိနေတဲ့ အလုပ်လေးတောင် ပြုတ်သွားနိုင်ပါတယ်။

တွေးမိတွေးရာပါ ( ရေးထားတာ သဘောတူရင် ရှယ်ပေးပါ)

ခရက်ဒစ် – Tin Sein