ေဒါက္တာမ်ိဳးညြန႔္ကို NLD ေျပာေရးဆိုခြင့္ရွိသူအျဖစ္မွ ရပ္နား၊ ေဒါက္တာေဇာ္ျမင့္ေမာင္ကသာ ေျပာေရးဆိုခြင့္ရွိသူ အျဖစ္ ေဆာင္ရြက္သြားမည္

ေဒါက္တာမ်ိဳးညြန႔္ကို NLD ရဲ႕ ေျပာေရးဆိုခြင့္ရွိသူအျဖစ္မွ ရပ္နားလိုက္ၿပီး ေဒါက္တာေဇာ္ျမင့္ေမာင္ကသာ ေျပာေရးဆိုခြင့္ရွိသူအျဖစ္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းသိရွိရသည္။ ထိုကိစၥႏွင့္ပတ္သတ္ၿပီး ေဒါက္တာမ်ိဳးညြန႔္က”ကၽြန္ေတာ္တို႔ အဖြဲ႕ခ်ဳပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူအျဖစ္ ေဒါက္တာေဇာ္ျမင့္ေမာင္ တစ္ေယာက္ပဲ လုပ္ေတာ့ပါမယ္။ ေနာက္ပိုင္းေျပာဖို႔ဆိုဖို႔ဆိုရင္ ေဒါက္တာေဇာ္ျမင့္ေမာင္ကပဲ ေျပာပါေတာ့မယ္”ဟု ဆိုသည္။

ထိုသို႔ ရပ္နားခံလိုက္ရသည့္ကိစၥအား သတင္းေထာက္မ်ားကေမးျမန္းရာ”ဒါကေတာ့ CECဆုံးျဖတ္ခ်က္အရပါခင္ဗ်။ ဘာေၾကာင့္ဆိုတာေတာ့ ေျပာလို႔မရပါဘူး”ဟု၎ကေျဖဆိုခဲ့သည္။လက္ရွိတြင္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနျဖင့္ ေဆးကုသမႈခံယူေနရဆဲျဖစ္ၿပီး ကင္ဆာေဆး ၅ႀကိမ္အထိသြင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

ပါတီေျပာေရးဆိုခြင့္ရွိသူမွာ ယခင္က ႏွစ္ ေယာက္ရွိရာမွ ယခု၁ေယာက္သာလၽွင္ တာဝန္ေပး‌ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ မတ္လ ၁ရက္ေန႔က ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ ၂တြင္ျပဳလုပ္ေသာ NLDပါတီ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးအၿပီးတြင္ ၎က သတင္းေထာက္မ်ားကို ထိုသို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

‌”တက္နိုင္တဲ့အခ်ိန္မွာ CECတက္သလို အစိုးရရဲ့တာဝန္ကိုလည္း နည္းနည္းျပန္ၿပီး တာဝန္ယူတာေတြရွိတယ္ေပါ့။ ေနာက္ပိုင္းေရြးေကာက္ပြဲနဲ႔ ပတ္သတ္လာရင္ေတာ့ Spoke Personက ကၽြန္ေတာ္ျဖစ္မွာေပါ့”ဟုေဒါက္တာေဇာ္ျမင့္ေမာင္ကေျပာသည္။

Unicode

ဒေါက်တာမျိုးညွန့်ကို NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ရပ်နားလိုက်ပြီး ဒေါက်တာဇော်မြင့်မောင်ကသာ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး ဒေါက်တာမျိုးညွန့်က”ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာဇော်မြင့်မောင် တစ်ယောက်ပဲ လုပ်တော့ပါမယ်။ နောက်ပိုင်းပြောဖို့ဆိုဖို့ဆိုရင် ဒေါက်တာဇော်မြင့်မောင်ကပဲ ပြောပါတော့မယ်”ဟု ဆိုသည်။

ထိုသို့ ရပ်နားခံလိုက်ရသည့်ကိစ္စအား သတင်းထောက်များကမေးမြန်းရာ”ဒါကတော့ CECဆုံးဖြတ်ချက်အရပါခင်ဗျ။ ဘာကြောင့်ဆိုတာတော့ ပြောလို့မရပါဘူး”ဟု၎င်းကဖြေဆိုခဲ့သည်။လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ကင်ဆာဆေး ၅ကြိမ်အထိသွင်းထားပြီးဖြစ်ကြောင်း သိရသည်။

ပါတီပြောရေးဆိုခွင့်ရှိသူမှာ ယခင်က နှစ် ယောက်ရှိရာမှ ယခု၁ယောက်သာလျှင် တာဝန်ပေး‌ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ မတ်လ ၁ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂တွင်ပြုလုပ်သော NLDပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များကို ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

‌”တက်နိုင်တဲ့အချိန်မှာ CECတက်သလို အစိုးရရဲ့တာဝန်ကိုလည်း နည်းနည်းပြန်ပြီး တာဝန်ယူတာတွေရှိတယ်ပေါ့။ နောက်ပိုင်းရွေးကောက်ပွဲနဲ့ ပတ်သတ်လာရင်တော့ Spoke Personက ကျွန်တော်ဖြစ်မှာပေါ့”ဟုဒေါက်တာဇော်မြင့်မောင်ကပြောသည်။