ကခ်င္ျပည္နယ္ ေဒါ့ဖုန္းယန္တြင္ ဝက္ အေကာင္ (၁၈၀) ေက်ာ္ ႐ုတ္တရက္ေသဆုံးမႈျဖစ္ပြား

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္ ဗန္းေမာ္ခရိုင္၊ ေဒါ့ဖုန္းယန္ၿမိဳ႕ ၿမိဳ႕ေပၚရပ္ကြက္ေတြနဲ႔ ေက်းရြာေတြမွာ ဝက္ေတြ ေဖေဖာ္ဝါရီ ၂၉ ရက္ ေန႔လယ္ပိုင္းက ပါးစပ္ကေန အျမႇဳပ္ေတြထြက္ကာ ႏွာေခါင္းေတြကလည္း ေသြးထြက္ၿပီး ႐ုတ္တရက္ ေသဆုံးမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါသည္။အဲလို ေသဆုံးတာေတြကို ေဒါ့ဖုန္းယန္ၿမိဳ႕၊ ရပ္ကြက္(၁)မွာ အေကာင္(၅၀)၊ ရပ္ကြက္(၂)မွာ(၇)ေကာင္၊ နားလုံေက်း႐ြာမွာ (၁၀၂)ေကာင္၊ တာဆိုင္ေက်း႐ြာမွာ(၁၇)ေကာင္၊ မံေမာ္ေက်း႐ြာမွာ (၆)ေကာင္ စုစုေပါင္း ဝက္(၁၈၂)ေကာင္ ႐ုတ္တရက္ ေသဆုံးခဲ့ပါတယ္။

အဲဒီလိုဝက္ေတြ ႐ုတ္တရက္ ေသဆုံးတာေၾကာင့္ မိုးေမာက္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးခိုင္မင္းကို၊ မိုးေမာက္ၿမိဳ႕နယ္ စည္ပင္သာယာေရးအမႈေဆာင္အရာရွိ ဦးျမင့္ဦး၊ ေဒါ့ဖုန္းယန္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံတာဝန္ခံ ေဒါက္တာဇင္ကိုလတ္နဲ႔ ဌာနဆိုင္ရာတာဝန္ရွိသူေတြက ကြင္းဆင္းစစ္ေဆးၿပီး ေသဆုံးသြားတဲ့ ဝက္ေတြရဲ႕ ေသြးနမူနာေတြကို ရယူၿပီး ဝက္အေသေကာင္ေတြကိုေတာ့ က်င္းတူးၿပီး ေျမျမႇဳပ္ခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိ ၿမိဳ႕ေပၚရပ္ကြက္ေတြနဲ႔ ေက်း႐ြာေတြမွာ ဝက္ေတြထပ္မံေသဆုံးမႈရွိမရွိ ေစာင့္ၾကည့္ေနၿပီး စုံစမ္းမႈေတြလည္း ျပဳလုပ္ေနေၾကာင္း သိရွိရသည္။

Unicode

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ဝက်တွေ ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက ပါးစပ်ကနေ အမြှုပ်တွေထွက်ကာ နှာခေါင်းတွေကလည်း သွေးထွက်ပြီး ရုတ်တရက် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။အဲလို သေဆုံးတာတွေကို ဒေါ့ဖုန်းယန်မြို့၊ ရပ်ကွက်(၁)မှာ အကောင်(၅၀)၊ ရပ်ကွက်(၂)မှာ(၇)ကောင်၊ နားလုံကျေးရွာမှာ (၁၀၂)ကောင်၊ တာဆိုင်ကျေးရွာမှာ(၁၇)ကောင်၊ မံမော်ကျေးရွာမှာ (၆)ကောင် စုစုပေါင်း ဝက်(၁၈၂)ကောင် ရုတ်တရက် သေဆုံးခဲ့ပါတယ်။

အဲဒီလိုဝက်တွေ ရုတ်တရက် သေဆုံးတာကြောင့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ မိုးမောက်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးမြင့်ဦး၊ ဒေါ့ဖုန်းယန်မြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဇင်ကိုလတ်နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး သေဆုံးသွားတဲ့ ဝက်တွေရဲ့ သွေးနမူနာတွေကို ရယူပြီး ဝက်အသေကောင်တွေကိုတော့ ကျင်းတူးပြီး မြေမြှုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ဝက်တွေထပ်မံသေဆုံးမှုရှိမရှိ စောင့်ကြည့်နေပြီး စုံစမ်းမှုတွေလည်း ပြုလုပ်နေကြောင်း သိရှိရသည်။