ဖိလစ်ပိုင်တွင် စိတ်ပေါက်နေသော လုံခြုံရေးဟောင်းတစ်ဦးက ဈေးဝယ်စင်တာကို စီးနင်းကာ ဓါးစာခံ (၃၀) ခန့် ဖမ်းထား
ဖိလစ်ပိုင်နိုင်ငံတွင် ဈေးဝယ် စင်တာကြီး တစ်ခုအတွင်း လူ ၂၀ မှ ၃၀ နီးပါး ဓါးစာခံအဖြစ် အဖမ်းခံထားရပြီး စိတ်အချဉ်ပေါက်နေသော လုံခြုံရေးဟောင်းတစ်ဦးက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရာပေါင်းများစွာသော ဈေးဝယ်သူများ၊ ဝန်ထမ်းများကို မနီလာမြို့ Greenhills ဈေးဝယ် စင်တာများ ခရိုင် V Mall မှ ရွှေ့ပြောင်းကယ်ထုတ် ခဲ့ရသည်။
Unicode
ဖိလစ်ပိုင်နိုင်ငံတွင် စျေးဝယ် စင်တာကြီး တစ်ခုအတွင်း လူ ၂၀ မှ ၃၀ နီးပါး ဓါးစာခံအဖြစ် အဖမ်းခံထားရပြီး စိတ်အချဉ်ပေါက်နေသော လုံခြုံရေးဟောင် းတစ်ဦးက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ရာပေါင်းများစွာသော စျေးဝယ်သူများ၊ ဝန်ထမ်းများကို မနီလာမြို့ Greenhills စျေးဝယ်စင်တာများ ခရိုင် V Mall မှ ရွှေ့ပြောင်းကယ်ထုတ်ခဲ့ရသည်။
ဒုတိယထပ်မှ သေနတ်သံကြားခဲ့ရပြီး လူတစ်ဦးသေနတ်မှန်ခဲ့ပြီး ၎င်းကို ဆေးရုံသို့ တင်ပို့ကုသမှုပေးလျက်ရှိသည်။ပြန်ပေးဆွဲထားသော တရားခံသည် လုံခြုံရေးဟောင်းတစ်ဦးဖြစ်ကာ လုံခြုံရေးအေဂျင်စီမှ အလုပ်ပြုတ်ပြီးနောက် ဒေါသထွက်ပြီး ယင်းသို့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့တော်ဝန် ဇာမိုရာက ပြောကြားသည်။
ပြန်ပေးဆွဲသူသည် သေနတ်နှင့် လက်ပစ်ဗုံးများကိုင်ထားကြောင်း၊ အဆိုပါ လုံခြုံရေးဟောင်းကို ဆက်သွယ်ညှိနှိုင်းနေကြောင်း ဇာမိုရာက ဖိလစ်ပိုင်မီဒီယာများကို ပြောခဲ့သည်။ရဲများက စျေးဝယ်စင်တာကို ဝိုင်းထားပြီး အထူးရဲကွန်မန်ဒိုများက ချေမှုန်းရေးရိုင်ဖယ်များဖြင့် အဆောက်အဦထဲကို စဝင်နေပြီဖြစ်သည်။စင်တာ၏ရှေ့တွင် ရဲများ အဆင်သင့်နေရာယူထားပြီး လူနာတင်ယာဉ်လည်း စောင့်ဆိုင်းနေလျက်ရှိသည်။