NLD အေပၚ ျပည္သူ ၆၀ ရာခိုင္ႏွုန္းက ယုံၾကည္ေၾကာင္း၊ “NLD အစိုးရ ၄ ႏွစ္အတြင္း အမွားမရွိ”ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ေျပာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD အေပၚ ျပည္သူလူထု ၆၀ ရာခိုင္ႏွုန္းခန႔္က ယုံၾကည္မွု ရွိေၾကာင္း စစ္တမ္းမ်ားကို ကိုးကား၍ ယင္းပါတီ ဒုတိယဥကၠဌ-၂ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားလိုက္သည္။နိုင္ငံေရးအရ နိုးၾကားတက္ႂကြသူမ်ား၊ သတင္းမွား မယုံၾကည္သူမ်ား၊ စဥ္းစားဆင္ျခင္တုံတရားျဖင့္ လုပ္ကိုင္တတ္သူအမ်ားစုက ယုံၾကည္ၾကျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

” ကၽြန္ေတာ္တို့ သြားခဲ့တဲ့ ေလးႏွစ္မွာ ေျခလွမ္းမမွားပါဘူး။ အမွားတစ္ခါမွ မလုပ္ခဲ့ဘူး။ ဒါေပမယ့္ မွားေကာင္းမွားနိုင္တဲ့သူေတြ မရွိဘူးလားဆိုေတာ့ ရွိပါတယ္။ ဒါေပမယ့္ အစိုးရတစ္ရပ္လုံးအေနနဲ႔ မမွားဘူး ” ဟု ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာသည္။

မတ္လ ၂ ရက္ေန႔က ျပဳလုပ္သည့္ မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ့နယ္ NLD ပါတီ႐ုံးသစ္ဖြင့္လွစ္ပြဲတြင္ ယင္းကဲ့သို့ ေျပာၾကားခဲ့ျခင္းျဖစ္ၿပီး မည္သည့္စစ္တမ္းမ်ားကို ကိုးကားသည္ကိုမူ ၎က ေျပာဆိုျခင္း မရွိေပ။လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေပၚတြင္လည္း ယုံၾကည္မွုရွိၾကသည္ကို ေတြ႕ရၿပီး ယင္းအေပၚ အေျခခံကာ ပါတီဝင္မ်ား ညီညြတ္ၾကေစခ်င္ေၾကာင္း ၎က ဆက္လက္ ေျပာဆိုသည္။

” အားရပါးရ ရာႏွုန္းျပည့္ ေက်နပ္တယ္ဆိုတာေတာ့ ဘယ္နိုင္ငံမွ မရွိဘူး ” ဟု ၎က ဆိုသည္။

က်န္းမာေရးအေနျဖင့္ ေဆးကုသမွု မၿပီးဆုံးေသးဘဲ သြားလာလွုပ္ရွားနိုင္သည့္အခ်ိန္တြင္ ကတိေပးထားသည့္ အလုပ္မ်ားကို လိုက္လံလုပ္ေဆာင္ေပးေနေၾကာင္း ၎က ထပ္ေလာင္း ေျပာဆိုသည္။

ref:The Voice

Unicode

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အပေါ် ပြည်သူလူထု ၆၀ ရာခိုင်နှုန်းခန့်က ယုံကြည်မှု ရှိကြောင်း စစ်တမ်းများကို ကိုးကား၍ ယင်းပါတီ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။နိုင်ငံရေးအရ နိုးကြားတက်ကြွသူများ၊ သတင်းမှား မယုံကြည်သူများ၊ စဉ်းစားဆင်ခြင်တုံတရားဖြင့် လုပ်ကိုင်တတ်သူအများစုက ယုံကြည်ကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ကျွန်တော်တို့ သွားခဲ့တဲ့ လေးနှစ်မှာ ခြေလှမ်းမမှားပါဘူး။ အမှားတစ်ခါမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့် မှားကောင်းမှားနိုင်တဲ့သူတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် အစိုးရတစ်ရပ်လုံးအနေနဲ့ မမှားဘူး ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မတ်လ ၂ ရက်နေ့က ပြုလုပ်သည့် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် NLD ပါတီရုံးသစ်ဖွင့်လှစ်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မည်သည့်စစ်တမ်းများကို ကိုးကားသည်ကိုမူ ၎င်းက ပြောဆိုခြင်း မရှိပေ။လွှတ်တော်ကိုယ်စားလှယ်များအပေါ်တွင်လည်း ယုံကြည်မှုရှိကြသည်ကို တွေ့ရပြီး ယင်းအပေါ် အခြေခံကာ ပါတီဝင်များ ညီညွတ်ကြစေချင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

” အားရပါးရ ရာနှုန်းပြည့် ကျေနပ်တယ်ဆိုတာတော့ ဘယ်နိုင်ငံမှ မရှိဘူး ” ဟု ၎င်းက ဆိုသည်။

ကျန်းမာရေးအနေဖြင့် ဆေးကုသမှု မပြီးဆုံးသေးဘဲ သွားလာလှုပ်ရှားနိုင်သည့်အချိန်တွင် ကတိပေးထားသည့် အလုပ်များကို လိုက်လံလုပ်ဆောင်ပေးနေကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ref:The Voice