“လက္ရွိအစိုးရထက္ ၾကံခိုင္ေရး အစိုးရက ဒီမိုကေရစီပိုက်ခဲ့”လို႔ ဟု မင္းကင္း အမတ္ေျပာ

လက္ရွိ အစိုးရထက္ ႀကံခိုင္ေရးအစိုးရ လက္ထက္က ဒီမိုကေရစီပိုက်ခဲ့ၿပီး အမ်ိဳးသားအက်ိဳးစီးပြားကိုေရွးရႈခဲ့ေၾကာင္း မင္းကင္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ျမင့္ကေျပာသည္။ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္တြင္ မတ္၂ရက္က ျပဳလုပ္ခဲ့သည့္ စကားဝိုင္းေဆြးေႏြးပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုလိုက္ျခင္းျဖစ္သည္။

“အဲ့ဒီအခ်ိန္တုန္းက လႊတ္ေတာ္မွာက ႀကံခိုင္ေရးအမ်ားစု ဒါေပမယ့္လဲ အဲ့ႀကံခိုင္ေရးအမ်ားစုရွိတဲ့ လႊတ္ေတာ္ကပင္လ်င္ ႀကံခိုင္ေရးအစိုးရကို check & balance လုပ္တာအမ်ားႀကီးရွိတယ္။ ဒါေၾကာင့္မို႔လို႔ သူသည္ပိုၿပီးေတာ့မွ ဒီမိုကေရစီက်တယ္ ပိုၿပီးေတာ့မွ ႏိုင္ငံရဲ႕အမ်ိဳးသားအက်ိဳးစီးပြားကို ေရွးရႈတယ္လို႔ သုံးသပ္ပါတယ္”ဟု ဦးမာင္ျမင့္ကေျပာသည္။

စကားဝိုင္းေဆြးေႏြးပြဲကို အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚခင္ဝိုင္းၾကည္ႏွင့္အတူေဆြးေႏြးခဲ့ျခင္းျဖစ္သည္။စကားဝိုင္းေဆြးေႏြးပြဲျပဳလုပ္ရျခင္းသည္ လူထုကိုႏိုင္ငံေရးေရခ်ိန္ျမင့္မားေစရန္ လုပ္ေဆာင္ရျခင္းျဖစ္ၿပီး ေရခ်ိန္ျမင့္လာပါက ႏိုင္ငံ၏အမ်ိဳးသားအက်ိဳးစီးပြားကို ေဖာ္ေဆာင္ႏိုင္မည့္ ကိုယ္စားလွယ္မ်ားႏွင့္ အစိုးရကိုေ႐ြးခ်ယ္ႏိုင္မည္ဟု ယုံၾကည္ခ်က္ျဖင့္ လုပ္ေဆာင္ေနျခင္းျဖစ္သည္ဟု ဆိုသည္။

ျပည္ခိုင္ၿဖိဳးသည္ အတိုက္အခံ ပါတီျဖစ္သည့္အတြက္ အစိုးရအေပၚ ေထာက္ျပေျပာဆိုျခင္းျဖစ္ၿပီး အစိုးရအေနျဖင့္ သေဘာထားႀကီးႀကီးျဖင့္ လက္ခံရန္လိုသည္ဟု ေျပာဆိုသည္။

ေက်ာ္သူျမင့္
ref:TheFifthWaveNews

Unicode

လက်ရှိ အစိုးရထက် ကြံခိုင်ရေးအစိုးရ လက်ထက်က ဒီမိုကရေစီပိုကျခဲ့ပြီး အမျိုးသားအကျိုးစီးပွားကိုရှေးရှုခဲ့ကြောင်း မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်ကပြောသည်။ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် မတ်၂ရက်က ပြုလုပ်ခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဲ့ဒီအချိန်တုန်းက လွှတ်တော်မှာက ကြံခိုင်ရေးအများစု ဒါပေမယ့်လဲ အဲ့ကြံခိုင်ရေးအများစုရှိတဲ့ လွှတ်တော်ကပင်လျင် ကြံခိုင်ရေးအစိုးရကို check & balance လုပ်တာအများကြီးရှိတယ်။ ဒါကြောင့်မို့လို့ သူသည်ပိုပြီးတော့မှ ဒီမိုကရေစီကျတယ် ပိုပြီးတော့မှ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ရှေးရှုတယ်လို့ သုံးသပ်ပါတယ်”ဟု ဦးမာင်မြင့်ကပြောသည်။

စကားဝိုင်းဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်နှင့်အတူဆွေးနွေးခဲ့ခြင်းဖြစ်သည်။စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းသည် လူထုကိုနိုင်ငံရေးရေချိန်မြင့်မားစေရန် လုပ်ဆောင်ရခြင်းဖြစ်ပြီး ရေချိန်မြင့်လာပါက နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ကိုယ်စားလှယ်များနှင့် အစိုးရကိုရွေးချယ်နိုင်မည်ဟု ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးသည် အတိုက်အခံ ပါတီဖြစ်သည့်အတွက် အစိုးရအပေါ် ထောက်ပြပြောဆိုခြင်းဖြစ်ပြီး အစိုးရအနေဖြင့် သဘောထားကြီးကြီးဖြင့် လက်ခံရန်လိုသည်ဟု ပြောဆိုသည်။

ကျော်သူမြင့်
ref:TheFifthWaveNews