မီးေလာင္မႈျဖစ္ခဲ့တဲ့ လမ္းမေတာ္ သံေဈး ဒုတိယထပ္ ၾကမ္းျပင္ (၆) လက္မ‌ခန္႔ နိမ့္ဆင္းသြား

မီးေလာင္မႈျဖစ္ခဲ့သည့္ ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ သံေဈး ဒုတိယထပ္ ၾကမ္းျပင္ ၆ လက္မ‌ခန္႔ နိမ့္ ဆင္းသြားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ေျပာၾကားခဲ့သည္။သံေစ်း ဒုတိယအလႊာတြင္ ၾကမ္းျပင္ နိမ့္ဆင္းသြားၿပီး အႏၲရာယ္ရွိသည့္ အေနအထားျဖစ္ေသာေၾကာင့္ လူေနထိုင္ရန္ မသင့္ဟုဆိုသည္။

“သံေစ်းကို ၾကည့္ၿပီး ဒုတိယအလႊာမွာ နိမ့္သြားတယ္။ အဲ့တာက နဲနဲအႏၲရာယ္မ်ားတယ္။ ၆ လက္မေလာက္ က်သြားတယ္။ အဲ့တာဆို လူေနဖို႔မသင့္ဘူး”ဟုရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာသည္။

ထို႔ေၾကာင့္ အေဆာက္အအုံ ႀကံ့ခိုင္ေရးကို သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္၍ ျပန္လည္ျပင္ဆင္ၿပီးမွသာ ေစ်းသူ ေစ်းသားမ်ားကို ေနရာခ်ထားေပးမည္ ျဖစ္ေၾကာင္းသိရသည္။

“အလယ္ထပ္ ၆ လက္မေလာက္ နိမ့္က်သြားတဲ့ ဟာကိုေတာ့ ၾကမ္းျပန္ခင္းရမယ္။ ဖ်က္ဖို႔ေတာ့ မရွိပါဘူး။ အျမန္ဆုံး လုပ္ရမွာပါ”ဟု ၿမိဳ႕ေတာ္ဝန္က ဆိုသည္။သံေဈး မီးေလာင္မႈသည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့ရာ Level – 5 အဆင့္ထိ သတ္မွတ္ခဲ့ရၿပီး က်ပ္သိန္း ၁၂၀၀ ေက်ာ္ တန္ဖိုးရွိ ပစၥည္း‌မ်ား မီးေလာင္ ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။

Unicode

မီးလောင်မှုဖြစ်ခဲ့သည့် ရန်ကုန်မြို့ လမ်းမတော် သံဈေး ဒုတိယထပ် ကြမ်းပြင် ၆ လက်မ‌ခန့် နိမ့် ဆင်းသွားကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့သည်။သံစျေး ဒုတိယအလွှာတွင် ကြမ်းပြင် နိမ့်ဆင်းသွားပြီး အန္တရာယ်ရှိသည့် အနေအထားဖြစ်သောကြောင့် လူနေထိုင်ရန် မသင့်ဟုဆိုသည်။

“သံစျေးကို ကြည့်ပြီး ဒုတိယအလွှာမှာ နိမ့်သွားတယ်။ အဲ့တာက နဲနဲအန္တရာယ်များတယ်။ ၆ လက်မလောက် ကျသွားတယ်။ အဲ့တာဆို လူနေဖို့မသင့်ဘူး”ဟုရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ထို့ကြောင့် အဆောက်အအုံ ကြံ့ခိုင်ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းများက စစ်ဆေးမှုများ ပြုလုပ်၍ ပြန်လည်ပြင်ဆင်ပြီးမှသာ စျေးသူ စျေးသားများကို နေရာချထားပေးမည် ဖြစ်ကြောင်းသိရသည်။

“အလယ်ထပ် ၆ လက်မလောက် နိမ့်ကျသွားတဲ့ ဟာကိုတော့ ကြမ်းပြန်ခင်းရမယ်။ ဖျက်ဖို့တော့ မရှိပါဘူး။ အမြန်ဆုံး လုပ်ရမှာပါ”ဟု မြို့တော်ဝန်က ဆိုသည်။သံဈေး မီးလောင်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ Level – 5 အဆင့်ထိ သတ်မှတ်ခဲ့ရပြီး ကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ ပစ္စည်း‌များ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။