က စား သ မား သစ္ “ဘ႐ူနိုဖာနန္ဒက္စ္”နဲ႔ အတြဲအဖက္မိမိကစားၿပီး ေျခစြမ္းျပဖို႔ ေပါ့ဂ္ဘာေမၽွာ္လင့္ေန

ေပါ့ဂ္ဘာကေတာ့ ေျခက်င္းဝတ္ဒဏ္ရာခြဲစိတ္ကုသခဲ့ရၿပီး ဒီဇင္ဘာ ၂၆ ရက္ေနာက္ပိုင္း ယူနိုက္တက္အတြက္ လုံးဝကစားေပးထားျခင္းမရွိသူျဖစ္ပါတယ္။ဒဏ္ရာက ျပန္လည္သက္သာလာေနၿပီး ႀကံ့ခိုင္မႈျပည့္ဝဖို႔ ႀကိဳးစားေနရတဲ့ ယူနိုက္တက္ကြင္းလယ္ က စား သ မား ေပါ့ဂ္ဘာဟာ အသင္းအတြက္ျပန္လည္ကစားေပးနိုင္ပါက အသင္းေဖာ္သစ္ဘ႐ူနိုဖာနန္ဒက္စ္နဲ႔ တြဲဖက္ကာ ေျခစြမ္းျပနိုင္ဖို႔ ေမၽွာ္လင့္ေနေၾကာင္း သိရပါတယ္။ ေပါ့ဂ္ဘာေတာ့ ေျခက်င္းဝတ္ဒဏ္ရာခြဲစိတ္ကုသခဲ့ရၿပီး ဒီဇင္ဘာ ၂၆ ရက္ေနာက္ပိုင္း ယူနိုက္တက္အတြက္ လုံးဝကစားေပးထားျခင္းမရွိသူျဖစ္ပါတယ္။

ဒူဘိုင္းမွာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို သြားေရာက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေပါ့ဂ္ဘာက ကာရင္တန္ေလ့က်င့္ေရးကြင္းကို ျပန္လည္ေရာက္ရွိေနၿပီလို႔ Daily Mail ကေဖာ္ျပခဲ့ပါတယ္။ အသင္းဆရာဝန္ေတြကလည္း ေပါ့ဂ္ဘာရဲ့ဒဏ္ရာျပန္လည္သက္သာလာမႈအေပၚမွာ ဝမ္းသာေနၾကၿပီး လာမယ့္အပတ္ထဲမွာ ေလ့က်င့္မႈေတြစတင္နိုုင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ေပါ့ဂ္ဘာအေနနဲ႔ အသင္းမွာ အနာဂတ္မတည္မၿငိမ္ျဖစ္ေနတယ္လို႔ သတင္းေတြထြက္ေနခဲ့ေပမယ့္လည္း ဘ႐ူနိုဖာနန္ဒက္စ္နဲ႔ အတြဲအဖက္မိမိကစားနိုင္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ကို ေပါင္ ၆၈သန္းနဲ႔ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေရာက္ရွိလာခဲ့ၿပီး ေျခစြမ္းျပေနသူျဖစ္ပါတယ္။

ယူနိုက္တက္အတြက္ ဖာနန္ဒက္စ္က ေနာက္ဆုံးကစားခဲ့တဲ့ ၃ပြဲမွာ ၃ဂိုးအထိသြင္းယူထားေပးၿပီး ၿပိဳင္ပြဲစုံဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးထားၿပီးျဖစ္ပါတယ္။ ေပါ့ဂ္ဘာက အရည္အေသြးျမင့္မားတဲ့ အသင္းေဖာ္သစ္နဲ႔ တြဲဖက္ကစားဖို႔ ဆႏၵျပင္းျပေနၿပီး အသင္းကြင္းလယ္ပိုင္းမွာ အေကာင္းဆုံးပုံစံတစ္ခုကို ဖန္တီးေပးနိုင္မယ္လို႔လည္း ေမၽွာ္လင့္ေနေၾကာင္း သိရပါတယ္။

ref:Everbest Sport

unicode

ပေါ့ဂ်ဘာကတော့ ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသခဲ့ရပြီး ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်း ယူနိုက်တက်အတွက် လုံးဝကစားပေးထားခြင်းမရှိသူဖြစ်ပါတယ်။ဒဏ်ရာက ပြန်လည်သက်သာလာနေပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားနေရတဲ့ ယူနိုက်တက်ကွင်းလယ် က စား သ မား ပေါ့ဂ်ဘာဟာ အသင်းအတွက်ပြန်လည်ကစားပေးနိုင်ပါက အသင်းဖော်သစ်ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ကာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ပေါ့ဂ်ဘာတော့ ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသခဲ့ရပြီး ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်း ယူနိုက်တက်အတွက် လုံးဝကစားပေးထားခြင်းမရှိသူဖြစ်ပါတယ်။

ဒူဘိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို သွားရောက်လုပ်ဆောင်ခဲ့ပြီးနောက် ပေါ့ဂ်ဘာက ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိနေပြီလို့ Daily Mail ကဖော်ပြခဲ့ပါတယ်။ အသင်းဆရာဝန်တွေကလည်း ပေါ့ဂ်ဘာရဲ့ဒဏ်ရာပြန်လည်သက်သာလာမှုအပေါ်မှာ ဝမ်းသာနေကြပြီး လာမယ့်အပတ်ထဲမှာ လေ့ကျင့်မှုတွေစတင်နိုုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ အသင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်နဲ့ အတွဲအဖက်မိမိကစားနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ပေါင် ၆၈သန်းနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဖာနန်ဒက်စ်က နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာ ၃ဂိုးအထိသွင်းယူထားပေးပြီး ပြိုင်ပွဲစုံဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားပြီးဖြစ်ပါတယ်။ ပေါ့ဂ်ဘာက အရည်အသွေးမြင့်မားတဲ့ အသင်းဖော်သစ်နဲ့ တွဲဖက်ကစားဖို့ ဆန္ဒပြင်းပြနေပြီး အသင်းကွင်းလယ်ပိုင်းမှာ အကောင်းဆုံးပုံစံတစ်ခုကို ဖန်တီးပေးနိုင်မယ်လို့လည်း မျှော်လင့်နေကြောင်း သိရပါတယ်။