“တစ်ကမ္ဘာလုံး ကို ခြိမ်းခြောက်နေတဲ့ ကပ် သုံးပါး သနားတယ်”

ကပ်သုံးပါး သနားတယ်, ဝူဟန် ရောဂါပိုးမွှားဟာ တကမ္ဘာလုံး ကို ခြိမ်းခြောက်နေပြီ အာရှနိုင်ငံတွေ အပြင် ဥရောပပါ မကျန် ထိမ်းချုပ်ရခက်နေပြီ….။တရုတ်တွေ အများဆုံးဝင်ထွက်နေ တဲ့ မြန်မာနိုင်ငံ မှာ ဘာ့ကြောင့် ခုထိ ဘာမှမဖြစ်သေး တာလဲ…..။

တကယ်တော့မြန်မာနိုင်ငံ လည်း တော်တော် ခံရဖို့ ရှိတယ် ….တရုတ်တွေ တံခါးမရှိ ဓားမရှိ ဝင်ထွက်နေပေမဲ့ ဘာမှ မဖြစ်သလိုပဲ နေထိုင်နေကြတယ်….။ပြည်သူတွေလည်း ကြောက်လန့် ခြင်း မရှိသလိုပဲ နေထိုင်နေကြတယ်…ဗုဒ္ဓဘာသာရဲ့ တန်ခိုးလို့ ပြောရင် ဘယ်သူမှ ယုံန်ူင်မယ်မထင်ဘူး…။

မြန်မာနိုင်ငံကို ဝင်ရောက်မဲ့အကြီးဆုံး မုန်တိုင်းကြီးဟာ အိန္ဒိယဘက်ကို ဝင်ရောက်သွားဘူးတယ် …အဲဒီကိစ္စ ကို တောင်တန်း သာသနာပြုဆရာတော်ကြီးက မှတ်ချက်ပေးခဲ့ဘူးတယ် ….။မြန်မာနိုင်ငံဆိုတာ ရဟန္တာတပါးရဲ့လက်တဝါးစာတောင် မရှိပါဘူးတဲ့ ….ငါးပါးသီလ တို့ပရိတ်ပဌာန်း တို့ ဝိပဿနာ တို့ ဆိုတာ မုန်တိုင်းကွင်းစက်တဲ့….။

တကယ်တော့ တရုတ်ပြီးရင် ဒုတိယ အများဆုံးရောဂါပိုးကူးစက်နိုင်ရအောင်ကို ဖြစ်နိုင်ပါတယ်…. ကာကွယ်စောက့်ရှောက်မူ့  မပြည့်စုံဘူး တရုတ်တွေကို မပိတ်ပင်ဘူး ….။ဒါဟာ ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးဖြစ်သင့်တဲ့အခြေအနေပါပဲ….မြန်မာပြည်သူတွေကိုယ်တိုင်ကိုက အကြောက်အလန့်ကင်းနေကြတာဟာ ဓမ္မအပေါ် ထားတဲ့ ယုံကြည်ချက်ကြောင့်ပါပဲ….။

ကပ်ဘေးဆိုတာ ကံတွေ ကြောင့်ဖြစ်တဲ့ အတွက် ကာကွယ်ဖို့ မလွယ်ဘူး ….ဒါပေမဲ့ ဝေသာလီမှာဖြစ်ခဲ့ဘူးတဲ့ ကပ်ဘေးတွေကို ဘုရားရှင်ဦးဆောင်ပြီးဓမ္မနဲ့ ကျော်ဖြတ်ဘူးသလို….သီဟိုဠ်မှာဖြစ်ခဲ့ဘူးတဲ့ ကပ်ဘေးလညိး ရဟန္တာကြတွေက ဓမ္မနဲ့ပဲ ဖြတ်ကျော်ခဲ့တာပါ….။

လယ်တီဆရာတော် ဘုရားကြီးတို့ ဝေဘူဆရာတော်ဘုရားကြီးတို့ လက်ထက် အချိန်ကလည်း ကပ်ဘေးဖြစ်လို့ ဆရာတော်ကြီးတွေဟာ ဓမ္မနဲ့ ပဲကယ်တင် ခဲ့တာပါ….။အီတလီနဲ့ အီသီယိုးပီးယားစစ်ဖြစ်တော့ မိုးညှင်းဆရာတော်ဘုရားကြီးက မြေပုံကို လက်နဲ့ ထောက်ပြီးမေတ္တာပို့တာ ငါးရက်အတွင်း စစ်ပြေငြိမ်းသတဲ့….။

ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေများပြားနေခြင်း ကွန်ုမြူနစ်လိုဘာသာမဲ့တွေ များပြား လာခြင်းကြောင့် ဗုဒ္ဓဘာသာကို မယုံကြည်ကြပေမဲ့ သီလ သမာဓိ ပညာ ရဲ့ အစွမ်းဟာ ကမ္ဘာလောက ဓါတ်ကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တယ်ဆိုတာသဘာဝဓမ္မပါပဲ…။

သီလ သမာဓိ နဲ့ ပြည့်စုံတဲ့ ရသေ့တပါးကို စော်ကားကြလို့ တတိုင်းပြည်လုံး ပျက်စီးဘူး ပါတယ်….။ဒါဆို သီလ သမာဓိပညာပြည့်စုံတဲ့မြန်မာပြည်က ရဟန်းသံဃာတော်တွေရဲ့ မေတ္တာစွမ်းအား နဲ့  ဓမ္မစွမ်းပကားတွေ ဟာ မြန်မာပြည်လောက်ကို ကပ်ဘေးက ကယ်တင်နိုင်တယ်ဆိုတာ မယုံကြည်လို့ ရပါ့မလား….။

မြန်မာပြည်မှာ နေ့ စဉ်နေ့စဉ်ရဟန်းသံဃာတော်တွေရဲ့ မေတ္တာပို့ လွှတ်မူ့တွေပရိတ် ပဌာန်း ရတနာ့သုတ် ရွတ် ဆိုမူ့တွေ သရဏဂုံ ငါးပါးသီလ ရဲ့စွမ်းပကားတွေဟာ ကပ်ဘေးကနေကယ်တင်နေတာဆိုတာ ဗုဒ္ဓဘာသာဝင်တွေ နားလည်လောက်ပါတယ်…။

မြန်မာပြည်ကပြည် သူတွေလောက်မပြောနဲ့  ကမ္ဘာကြီးပေါ်က လူသားတွေရဲ့ဘေးဆိုးတွေကိုပါ သီလ သမာဓိ ပညာက ကယ်တင်နိုင်စွမ်း ရှိပါတယ်….။တခုပဲရှိတယ် ကယ်တင်ခံလို့ မရနိုင်လောက်တော့တဲ့ အကုသိုလ် ကံတွေကိုတော့ မကျူးလွန်ထားကြနဲ့ပေါ့….မြန်မာပြည်မှာ ရတနာသုံးပါးကို စော်ကားလာတဲ့သူတွေပိုပို များများလို့  ပြောရတာပါ…။

သီလ သမာဓိပညာ ကြောင့်ကမ္ဘာကြီးမြေ တုန်လှုပ်တာတွေ အချိန်မဟုတ်မိုးရွာတာတွေ အချိန်မဟုတ်ပန်းပွင်တာတွေဗုဒ္ဓဘာသာမှာ အများကြီးရှိပါတယ်…..။အိန္ဒိယ သာသနာထွန်းကားစဉ်က သဘာဝဘေး အန္တရယ်ကြီးကြီးမားမားတွေ မဖြစ်ခဲ့ဘူး….သာသနာကွယ်တော့ ခံရတော့တာပဲ…။သိဟိုဠ်လည်း အဲဒီလိုပဲ အခု မြန်မာပြည်လည် သဘာဝဘေး အန္တရယ်တွေက ကာကွယ်သာသနာတော်ရဲ့အစွမ်းတွေပဲ….မယုံရင် စောင့်ကြည့်ကြ…။

နောက်နောင် ဗုဒ္ဓဘာသာ ထွန်းကားဖို့ အတွက် လူသားတွေ မဖြေရှင်းနိုင် တဲ့ ပြဿနာတွေ ကမ္ဘာပေါ်မှာ အများကြီးပေါ်လိမ့်ဦးမယ် …။လူသားတွေရဲ့ ဦးနှောက်နဲ့ မတွေးနိုင်တဲ့ အကြောင်းတွေ ကမ္ဘာ့နေရာ အနှုံအပြားမှာ အများကြီး ဖြစ်လာလိမ့်မယ်….။အဲဒီပြဿနာတွေဟာ နောင်တချိန်မှာ ဗုဒ္ဓဘာသာ ထွန်းကားဖို့  အကြောင်းတရား တခု ဖြစ်လာလိမ့်မယ်…။

ဦးမြင့်ခိုင်