“ဖြဲ႕စည္းပုံျပင္ဆင္ေရး တပ္မေတာ္က မ ေထာက္ခံရင္ ျပင္လို႔မရဘူး” ဆိုတာနဲ႔ “NLD က တိုင္းရင္းသားေတြကို အေလးမထားဘူး”ဆိုသည့္အခ်က္မ်ားအား လႊတ္ေတာ္က ပယ္ဖ်က္ေပးရန္ေတာင္းဆို

ရခိုင္ အမ်ိဳးသားပါတီ မွ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝရဲ႕ ေဆြးေႏြးမႈထဲမွာ “၎တို႔ပါတီအေနနဲ႔ အခ်က္ေပါင္း ၅၀၀ ေက်ာ္ တင္သြင္းတဲ့အထဲမွာ ၁၁၄ ခ်က္သာ ပါဝင္တယ္။ပါလာတဲ့ ၁၁၄ ခ်က္ကလည္း NLD ပါတီက တင္သြင္းထားတဲ့ ကိစၥရပ္မ်ားသာ ျဖစ္တယ္။အဲဒီအတြက္ တိုင္းရင္းသားေတြကို အေလးမထားတာလား၊ျပည္ေထာင္စုတည္ေဆာက္ခ်င္တယ္ဆိုတာ ဟုတ္ပါရဲ႕လား” ဆိုတဲ့ ေဆြးေႏြးခ်က္ကိုေတာ့ ဒီခ်ဳပ္အမတ္ ဦးေနမ်ိဳးထြန္းက ပယ္ဖ်က္ေပးဖို႔ နာယကထံ တင္ျပခဲ့ပါတယ္။

ဒါ့အျပင္ တပ္မေတာ္ သား ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး မ်ိဳးထက္ဝင္းက ရခိုင္ အမတ္ ေဒၚခင္ေစာေဝရဲ႕ ေဆြးေႏြးခ်က္ထဲမွာ ပါရွိတဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး မွာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက မေထာက္ခံရင္၊ မျပင္ခ်င္ရင္ ဘယ္လိုမွ ျပင္လို႔မရဘူး ဆိုတဲ့ ေဆြးေႏြးခ်က္ကို ပယ္ဖ်က္ေပးဖို႔ နာယကထံ တင္ျပပါတယ္။

ဒုတိယ ဗိုလ္မႉး ႀကီး မ်ိဳးထက္ဝင္းက”ကြၽန္ေတာ္တို႔ တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္း က ျပင္ခ်င္ေပမယ့္လည္း က်န္တဲ့အဖြဲ႕ေတြ ျပင္ခ်င္ မွျပင္လို႔ရတာျ ဖစ္ပါတယ္။ဒါကိုလည္း လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးမ်ားက နားလည္ၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီစကားရပ္ဟာ အဖြဲ႕တစ္ဖြဲ႕ အေပၚမွာအထင္အျမင္လြဲမွားေစၿပီး တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ယုံၾကည္မႈ ခ်စ္ခင္ေလးစားမႈကိုထိခိုက္ေစတာျဖစ္ေစတဲ့ အတြက္ ဒီစာသား ကို ပယ္ဖ်ယ္ေပးပါရန္တင္ျပအပ္ပါတယ္”လို႔ေျပာပါတယ္။

သည္ကေန႔ ဖြဲ႕စည္း ပုံျပင္ဆင္ေရး ဥပေဒမူၾကမ္းေတြ နဲ႔ပတ္သက္ၿပီး ရခိုင္ အမ်ိဳးသားပါတီ မွ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ ရဲ႕ ေဆြးေႏြးခ်က္ အခ်ိဳ႕အေပၚ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ နဲ႔ ဒီခ်ဳပ္အမတ္တို႔က ပယ္ဖ်က္ေပးဖို႔ ျပည္ေထာင္စု လႊတ္ေတာ္ နာယက ထံ တင္ျပေတာင္း ဆိုခဲ့ၾကပါတယ္ ။

နာယက အေနနဲ႔ကေတာ့ တင္ျပခ်က္ေတြအေပၚ လုံးေကာက္ျပန္ေဖာ္ၿပီး စိစစ္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ လက္ရွိ ဖြဲ႕စည္းပုံျပင္ဆင္ ေရး ဥပေဒၾကမ္းေတြအေပၚ ေဆြးေႏြးမႈဟာ ၅ ရက္အထိ ၿပီးဆုံးသြားၿပီျဖစ္ၿပီး သည္ရက္ေတြအတြင္းမွာ ေဆြးေႏြးခ်က္အခ်ိဳ႕အေပၚ ကန႔္ ကြက္ခံရတဲ့ ကိုယ္စားလွယ္ဦးေရက ၁၇ ဦးအထိ ရွိပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္နာယကက ျပန္လည္စိစစ္ကာ လႊတ္ေတာ္မွတ္တမ္း ကေန ပယ္ဖ်က္ခံရတဲ့ ဦးေရကေတာ့ ၁၂ ဦးအထိ ရွိၿပီ ျဖစ္ပါတယ္။

crd:kumudra

UNICODE

ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်ကမထောက်ခံရင် ပြင်လို့မရဘူး ဆိုတာနဲ့NLDက တိုင်းရင်းသားတွေကို အလေးမထားဘူးဆိုသည့်အချက်များအား လွှတ်တော်ကပယ်ဖျက်ပေးရန်တောင်းဆို

ရခိုင် အမျိုးသားပါတီ မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးမှုထဲမှာ “၎င်းတို့ပါတီအနေနဲ့ အချက်ပေါင်း ၅၀၀ ကျော် တင်သွင်းတဲ့အထဲမှာ ၁၁၄ ချက်သာ ပါဝင်တယ်။ပါလာတဲ့ ၁၁၄ ချက်ကလည်း NLD ပါတီက တင်သွင်းထားတဲ့ ကိစ္စရပ်များသာ ဖြစ်တယ်။အဲဒီအတွက် တိုင်းရင်းသားတွေကို အလေးမထားတာလား၊ပြည်ထောင်စုတည်ဆောက်ချင်တယ်ဆိုတာ ဟုတ်ပါရဲ့လား” ဆိုတဲ့ ဆွေးနွေးချက်ကိုတော့ ဒီချုပ်အမတ် ဦးနေမျိုးထွန်းက ပယ်ဖျက်ပေးဖို့ နာယကထံ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော် သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ရခိုင် အမတ် ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးချက်ထဲမှာ ပါရှိတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင်၊ မပြင်ချင်ရင် ဘယ်လိုမှ ပြင်လို့မရဘူး ဆိုတဲ့ ဆွေးနွေးချက်ကို ပယ်ဖျက်ပေးဖို့ နာယကထံ တင်ပြပါတယ်။

ဒုတိယ ဗိုလ်မှူး ကြီး မျိုးထက်ဝင်းက”ကျွန်တော်တို့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း က ပြင်ချင်ပေမယ့်လည်း ကျန်တဲ့အဖွဲ့တွေ ပြင်ချင် မှပြင်လို့ရတာြ ဖစ်ပါတယ်။ဒါကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးများက နားလည်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒီစကားရပ်ဟာ အဖွဲ့တစ်ဖွဲ့ အပေါ်မှာအထင်အမြင်လွဲမှားစေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှု ချစ်ခင်လေးစားမှုကိုထိခိုက်စေတာဖြစ်စေတဲ့ အတွက် ဒီစာသား ကို ပယ်ဖျယ်ပေးပါရန်တင်ပြအပ်ပါတယ်”လို့ပြောပါတယ်။

သည်ကနေ့ ဖွဲ့စည်း ပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတွေ နဲ့ပတ်သက်ပြီး ရခိုင် အမျိုးသားပါတီ မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ရဲ့ ဆွေးနွေးချက် အချို့အပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် နဲ့ ဒီချုပ်အမတ်တို့က ပယ်ဖျက်ပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက ထံ တင်ပြတောင်း ဆိုခဲ့ကြပါတယ် ။

နာယက အနေနဲ့ကတော့ တင်ပြချက်တွေအပေါ် လုံးကောက်ပြန်ဖော်ပြီး စိစစ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင် ရေး ဥပဒေကြမ်းတွေအပေါ် ဆွေးနွေးမှုဟာ ၅ ရက်အထိ ပြီးဆုံးသွားပြီဖြစ်ပြီး သည်ရက်တွေအတွင်းမှာ ဆွေးနွေးချက်အချို့အပေါ် ကန့် ကွက်ခံရတဲ့ ကိုယ်စားလှယ်ဦးရေက ၁၇ ဦးအထိ ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကက ပြန်လည်စိစစ်ကာ လွှတ်တော်မှတ်တမ်း ကနေ ပယ်ဖျက်ခံရတဲ့ ဦးရေကတော့ ၁၂ ဦးအထိ ရှိပြီ ဖြစ်ပါတယ်။

crd:kumudra