ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားလာႏိုင္သည့္ အႏၲရာယ္ေၾကာင့္ အကယ္ဒမီဆုေပးပြဲကို ရက္ေ႐ႊ႕ဆိုင္းလိုက္ၿပီး က်င္းပမည့္ရက္ကို ေၾကျငာ

ကို႐ိုနာကူးစက္မႈက ယခုလက္ရွိ နိင္ငံ ၇၀-နီးပါးရွိသြားၿပီျဖစ္ၿပီး ေနာက္ ၄-၅ ရက္ဆို (၁၀၀)ေက်ာ္သြားႏို င္ၿပီး ဧၿပီလဆန္းေလာက္ မွာ ကမာၻ႔ႏိုင္ငံအား လုံးပ်ံ႕ႏွံ႔သြားႏိုင္ေၾကာင္း သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။မေန႔တစ္ေန႔ကမွ ကို႐ိုနာ ဗိုင္းရပ္ေက့စ္ အေနနဲ႔ ထျဖစ္တဲ့ အီရန္ဟာ လူေသႏႈန္းမွာ ဂ်ပန္ ကိုရီးယား အီတလီကိုေက်ာ္တက္ၿပီး ဗိုလ္စြဲ သြားၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဆီက က်န္းမာေရးစံနစ္ ညံ့ဖ်င္းမႈနဲ႔ ကိုင္တြယ္ပုံ ေပါ့ဆတာေၾကာင့္ပါ။ ဘုရားေက်းဇူးေၾကာင့္ ပိုးမ ေတြ႕ဘူးေအာ္ေနတဲ့ အင္ဒိုလည္း ဗိုင္းရပ္လူနာ ၂-ဦးစေတြ႕ပါၿပီ။

“ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ WHO ကလည္း သတိေပးထားတယ္။ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရး ဝန္ႀကီးဌာနကလည္း ထုတ္ျပန္ထားတယ္။ လူစုလူေဝးပြဲေတြ မလုပ္ၾကဖို႔ေပါ့။ ဒါေၾကာင့္ အကယ္ဒမီ ေပးပြဲကို တာဝန္ရွိသူလူႀကီးေတြ အကုန္လုံးတိုင္ပင္ၿပီး ေ႐ြ႕ဆိုင္းလိုက္တယ္။ အ ကယ္ဒမီေပးပြဲကို မိုး မက်ခင္လုပ္လို႔ အဆင္ေျပမယ္ထင္တယ္။ ေမလ ေလာက္ေပါ့ေနာ္။ ေမလဆန္းေလာက္ဆို လုပ္လို႔ အဆင္ေျပတယ္ ဆိုၿပီးေတာ့ ညႇိႏႈိင္းဆုံးျဖတ္ထားပါတယ္။ အကယ္ဒမီအကဲျဖတ္အဖြဲ႕ဝင္ေတြက လည္း ဇာတ္ကားေတြ အကုန္ၾကည့္ၿပီးသြားၿပီ။

ေနာက္ဆုံးအေနနဲ႔ စာအိတ္ပိတ္ဖို႔ ေစာင့္ေနၾက တာေပါ့။ ရက္သာေ႐ႊ႕ထားတာ က်န္တာေတြကေတာ့ ကိုယ့္အလုပ္ကိုယ္ ဆက္လုပ္ေန ၾကမွာ။ Sponsor ေပးထားတဲ့ Bella နဲ႔လည္း ေနရာေတြ အျပင္အဆင္ေတြ ညႇိႏႈိင္းသြားဖို႔ ရွိပါတယ္”လို႔ ေျပာပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ အေျခအေနေၾကာင့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲက်င္းပမယ့္ ရက္ကို မတ္လ အတြင္းက်င္းပေတာ့မွာမဟုတ္ဘဲ ေမလဆန္းက်မွ က်င္းပ သြားမယ္လို႔ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒က ေျပာပါတယ္။

အခုႏွစ္ဟာ ျမန္မာ့႐ုပ္ရွင္ႏွစ္ ၁၀၀ ျပည့္လည္း ျဖစ္တဲ့အတြက္ ဒီဆုခ်ီးျမႇင့္ပြဲကို လာမယ့္ မတ္လ ၂၉ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ ျပည္သူ႔ ရင္ျပင္ မွာ ခမ္းခမ္းနားနား က်င္းပဖို႔ ႀကိဳတင္ျပင္ဆင္ေနၾကတာ ျဖစ္ပါတယ္။ ပြဲက်င္းပမယ့္ရက္ကိုေတာ့ ေမလအတြင္းမွာ စီစဥ္သြား ဖို႔မ်ားတယ္ လို႔ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္က ေျပာပါတယ္။COVID-19 နဲ႔ ပတ္သက္ၿပီး ကမာၻ႔က်န္းမာ ေရးအဖြဲ႕က အေရးေပၚ အ ေျခအေနသတ္မွတ္ခဲ့တဲ့အတြက္ အကယ္ဒမီေပးပြဲေ႐ႊ႕ဆိုင္းရတာလို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ေၾကညာထားပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားလာနိုင်သည့် အန္တရာယ်ကြောင့် အကယ်ဒမီဆုပေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်ပြီး ကျင်းပမည့်ရက်ကို ကြေငြာ

ကိုရိုနာကူးစက်မှုက ယခုလက်ရှိ နိင်ငံ ၇၀-နီးပါးရှိသွားပြီဖြစ်ပြီး နောက် ၄-၅ ရက်ဆို (၁၀၀)ကျော်သွားနို င်ပြီး ဧပြီလဆန်းလောက် မှာ ကမ္ဘာ့နိုင်ငံအား လုံးပျံ့နှံ့သွားနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။မနေ့တစ်နေ့ကမှ ကိုရိုနာ ဗိုင်းရပ်ကေ့စ် အနေနဲ့ ထဖြစ်တဲ့ အီရန်ဟာ လူသေနှုန်းမှာ ဂျပန် ကိုရီးယား အီတလီကိုကျော်တက်ပြီး ဗိုလ်စွဲ သွားပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီက ကျန်းမာရေးစံနစ် ညံ့ဖျင်းမှုနဲ့ ကိုင်တွယ်ပုံ ပေါ့ဆတာကြောင့်ပါ။ ဘုရားကျေးဇူးကြောင့် ပိုးမ တွေ့ဘူးအော်နေတဲ့ အင်ဒိုလည်း ဗိုင်းရပ်လူနာ ၂-ဦးစတွေ့ပါပြီ။

“ဝူဟန်ဗိုင်းရပ်စ်ကြောင့် WHO ကလည်း သတိပေးထားတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတယ်။ လူစုလူဝေးပွဲတွေ မလုပ်ကြဖို့ပေါ့။ ဒါကြောင့် အကယ်ဒမီ ပေးပွဲကို တာဝန်ရှိသူလူကြီးတွေ အကုန်လုံးတိုင်ပင်ပြီး ရွေ့ဆိုင်းလိုက်တယ်။ အ ကယ်ဒမီပေးပွဲကို မိုး မကျခင်လုပ်လို့ အဆင်ပြေမယ်ထင်တယ်။ မေလ လောက်ပေါ့နော်။ မေလဆန်းလောက်ဆို လုပ်လို့ အဆင်ပြေတယ် ဆိုပြီးတော့ ညှိနှိုင်းဆုံးဖြတ်ထားပါတယ်။ အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင်တွေက လည်း ဇာတ်ကားတွေ အကုန်ကြည့်ပြီးသွားပြီ။

နောက်ဆုံးအနေနဲ့ စာအိတ်ပိတ်ဖို့ စောင့်နေကြ တာပေါ့။ ရက်သာရွှေ့ထားတာ ကျန်တာတွေကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေ ကြမှာ။ Sponsor ပေးထားတဲ့ Bella နဲ့လည်း နေရာတွေ အပြင်အဆင်တွေ ညှိနှိုင်းသွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကျင်းပမယ့် ရက်ကို မတ်လ အတွင်းကျင်းပတော့မှာမဟုတ်ဘဲ မေလဆန်းကျမှ ကျင်းပ သွားမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက ပြောပါတယ်။

အခုနှစ်ဟာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်လည်း ဖြစ်တဲ့အတွက် ဒီဆုချီးမြှင့်ပွဲကို လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင် မှာ ခမ်းခမ်းနားနား ကျင်းပဖို့ ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ပွဲကျင်းပမယ့်ရက်ကိုတော့ မေလအတွင်းမှာ စီစဉ်သွား ဖို့များတယ် လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။COVID-19 နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အရေးပေါ် အ ခြေအနေသတ်မှတ်ခဲ့တဲ့အတွက် အကယ်ဒမီပေးပွဲရွှေ့ဆိုင်းရတာလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြေညာထားပါတယ်။

REF: THE LIFESTYLE MYANMAR