မောင်တောမြို့နယ် တောင်ပြိုကျေးရွာအနီးတွင် ဘင်္ဂါလီ (၂)ဦးကို အသေပစ်ခတ် ဖမ်းဆီးရာမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ တွေ့ရှိ

မောင်တောမြို့ ၊တောင်ပြို ကျေးရွာအနီး ဘင်္ဂါလီ (၂)ဦးကို အသေပစ်ခတ် ဖမ်းဆီးရာမှ လက်နက်ခဲ ယမ်းနှင့် မူးယစ် ဆေးများတွေ့ ရှိ ခဲ့ကြောင်း ယနေ့ မတ်လ (၄) ရက် တွင် သက်ဆိုင်ရာ ထံမှ သိရသည်။

မတ် လ (၃) ရက် မွန်း လွဲ (၁) နာရီ မိနစ် (၂၀) ခန့်် တွင် ရခိုင်ပြည် နယ် ၊ မောင်တော မြို့နယ် တောင် ပြို ကျေးရွာ ၏အရှေ့တောင်ဘက် မီတာ (၆၀ဝ၀) ခန့်အကွာ၌ မသ င်္ကာဖွယ် ဘင်္ဂါလီ(၂)ဦးတွေ့ရှိသဖြင့် နယ်မြေလုံ ခြုံရေးဆောင်ရွက်နေ သည့် တပ် ဖွဲ့ဝင်များ က ရပ်တန့် စစ်ဆေးရန် သတိပေး ပြောကြားခဲ့ သည်။

ထိုသို့ပြော ဆိုစဉ် ဘင်္ဂါလီ(၂)ဦးက ရပ်တန့်ခြင်းမရှိဘဲ ၎င်းတို့အသင့်ပါ လာသည့် လုပ်သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ် ဖွဲ့ဝင် များ က ပြန်လည် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွား သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးရာ ဘင်္ဂါလီအလောင်း နှစ်လောင်းနှင့်အတူ လုပ်သေနတ် တစ်လက်၊ ၁၂ ဗို့ကျည် နှစ်တောင့်၊ ဒေသန္တရနင်းမိုင်းနှစ်လုံး၊ ဓာတ်ခဲအိမ်လေးလုံး၊ ဝိုင်ယာကြိုးများ၊ WY စာတန်းပါ စိတ်ကြွ ရူး သွပ်ဆေးပြား၂၉၅၀ဝ ပြား၊ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရ မိသည့် မူးယစ်ဆေးဝါးများကို သာယာကုန်းရဲကင်းစခန်းသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်သည်။

crd:The myanmar Time