ထိုင်းနိုင်ငံ တွင်လူသတ်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သူ တရုတ်(၄)ဦးစလုံးကို ဖမ်းဆီးမိပြီဖြစ်

ထိုင်းတွင် လူသတ် ပြီး မြန်မာ နိုင်ငံ သို့ တိမ်းရှောင် ခဲ့သူ တရုတ် နိုင်ငံသား (၄)ဦး အနက် ဖမ်းရန် ကျန်ရှိသည့်(၂)ဦးကို ကျိုင်းတုံ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက ယနေ့ မတ်လ (၄) ရက် တွင် ကျိုင်းတုံ မြို့၌ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိ သည့် Mr.Hu Zhang Xiong (၂၃) နှစ်နှင့် Mr.Xiao XiangYu (၂၆) နှစ်တိုဦးမှာ မတ် လ (၃) ရက် နံနက် (၁၁) နာရီ (၅၅)မိနစ် တွင် Air KBZလေကြောင်းလိုင်းဖြင့် တာချီ လိတ်လေဆိပ် သို့ ရောက်ရှိခဲ့ပြီး ကျိုင်းတုံမြို့သို့သွားရောက်လည်ပတ်စဉ် လေဆိပ်လဝက က ခရီးသည် အမည်စာရင်း ရေးသွင်းရာမှ လူမှုကွန်ရက်စာမျက်နှာတွင် အလိုရှိတရားခံများဖြစ်နေကြောင်း တိုက်ဆိုင် စစ်ဆေးသိရသဖြင့် ဒုတိယပြည်နယ်လဝကမှူးရုံးသို့ သတင်းပို့၍ ကျိုင်းတုံမြို့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ထိုင်း နိုင်ငံ ကမ်ဖယ်ဖက်ခရိုင်တွင် လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် တရုတ် နိုင်ငံသား(၄)ဦး အနက်နှစ်ဦးကို မတ်လ ၂ ရက် ညနေပိုင်းက ငွေဆောင်ကမ်းခြေ၌ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

တရုတ် နိုင်ငံသား MR. QIN MIAO နှင့် Mr. FAN GANG GANG တို့နှစ်ဦးသည် ငွေဆောင်ရှိ ဟိုတယ်များနှင့်တည်းခိုခန်းများတွင် တည်းခိုနေထိုင်ကြောင်း ရဲတပ်ဖွဲ့မှသိရသဖြင့် မတ်လ ၂ ရက်၌ ရှာဖွေစုံစမ်းခဲ့သည်။

ထိုသို့စုံစမ်းနေစဉ် ၄င်းတို့ နှစ်ဦးမှာ စက်လှေငှားရမ်းပြီး မောင်တောဘက်သို့ထွက်ပြေးသွားကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းရာ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ ကျူးလွန်ခဲ့သည့်ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ကမ်ဖယ်ဖက်ခရိုင် ပင်းမြစ်အတွင်း တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာ များနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည့်အမှုဖြစ်ပြီး သေဆုံးသူမှာ တရုတ်နိုင်ငံသား Mr Jun Wang (၃၀ နှစ်) ဆို သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

၎င်းတို့ သည် သေဆုံးသူကို ကြိုးတုပ်ကာ ခရီးဆောင်အိတ်အတွင်းထည့်၍ ပတ္တယားမြို့မှ သယ်ဆောင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်မရောက်မီ ကမ်ဖယ်ဖက်မြစ်အတွင်း ပြစ်ချခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်မှုနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသည့် သံသယရှိသူ တရုတ်နိုင်ငံသားလေးဦး၏ အမည်စာရင်းကိုလည်း ထုတ်ပြန် ခဲ့သည်။

ထိုင်း ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ သံသယရှိသူ တရုတ်နိုင်ငံ ဟူနမ်ပြည်နယ်သား MR. XIAO XIANG YU ( ၂၆ နှစ်)၊ Mr. HU ZHENG XIONG(၂၃ နှစ်)၊ရှန်ဇီးပြည်နယ်သား Mr. FAN GANG GANG(၂၄ နှစ်)နှင့် MR. QIN MIAO (၃၁ နှစ်)တို့၏ အမည် စာရင်းများဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

အဆို ပါ သံသယရှိသူလေးဦးမှာ မဲဆောက်မြို့ အာရှလမ်းမကြီးမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရသဖြင့် ဖေဖော်ဝါရီ ၂၉ ရက်တွင် မြဝတီမြို့မရဲစခန်းသို့ အကူအညီတောင်းခံခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ် သည်။

crd:The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *