ကခ်င္ျပည္နယ္မိုးညႇင္းတြင္ “႐ုတ္တရက္ေသဆုံးခဲ့သည့္ ဝက္မ်ားကို မျမႇုပ္ဘဲ ျပန္ေရာင္းေန” ဟု ေဒသခံေတြေျပာ

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ နန္းမားၿမိဳ႕မွာ ေမြးျမဴထားတဲ့ ဝက္ေတြ ႐ုတ္တရက္ေသဆုံး ေနတာကို မျမႇုပ္ဘဲ ေရာင္းတာေတြရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။နန္းမားၿမိဳ႕က ၿမိဳ႕နယ္ တိေမြးကုဌာနနဲ႔ ေက်းလက္လူငယ္ (ၾကက္ေျချပာ) ဆင္းထားသူ ဦးတင္ေမာင္က “လြန္ခဲ့တဲ့ ဇန္နဝါရီလကစၿပီး ခုခ်ိန္ထိ ဝက္ေတြေသေနတုန္းပဲ။ တခ်ိဳ႕ဆို တၿခံလုံးျပဳတ္ ေသတာ။ ေရာဂါနဲ႔ေသတဲ့ဝက္ကိုပိုင္ရွင္က အရႈံးမခံနိုင္လို႔ မျမႇုပ္ဘဲ ေရာင္းစားတာေတြ ရွိတယ္။ ဘယ္သူမွ စစ္ေဆးတာ မရွိဘူး။ ဆယ္အိမ္မႉးေတြက သတင္းမပို႔လို႔ မသိတာလားဆိုတာ မေျပာတတ္ဘူး။ က်ေနာ္ကေတာ့ လူေတြသိေအာင္ လိုင္းေပၚတင္ထားတယ္” လို႔ ေျပာပါတယ္။

ဝက္ေတြ ေသဆုံးတဲ့လကၡဏာက ပါးစပ္က အျမႇုပ္ထြက္ၿပီး ႏွာေခါင္း၊ ပါးစပ္နဲ႔ နားရြက္ဖ်ားေတြ ညိဳတာနဲ႔ ေသဆုံးတာရွိသလို တခ်ိဳ႕က ေရာဂါလကၡဏာမေတြ႕ဘဲ အစာစားရင္း ႐ုတ္တရက္ေသတယ္လို႔ သိရပါတယ္။နန္းမားၿမိဳ႕အနီးေက်းရြာျဖစ္တဲ့ အလယ္ေတာေက်းရြာနဲ႔ တကြင္းေက်းရြာေတြမွာ ဝက္ေတြ ၿခံလုံးကၽြတ္ေသဆုံးမႈျဖစ္ၿပီး နန္းမားၿမိဳ႕အနီး ေက်းရြာေတြမွာ ဝက္ေသဆုံးမႈအေကာင္ ၁၀၀ ေက်ာ္သြားၿပီလို႔ သိရခဲ့ပါတယ္။

အလယ္ေတာေက်းရြာမွ ဝက္ေမြးျမဴသူ ကိုေဇာ္မ်ိဳးဟိန္းက “က်ေနာ့္ဝက္ၿခံက ေဖေဖာ္ဝါရီလ လယ္ေလာက္က တၿခံလုံး ေသသြားတာ။ အားလုံးအေကာင္ ၃၀ လကၡဏာကေတာ့ ပါးစပ္က အျမႇုပ္ထြက္တယ္၊ ေသြးထြက္ၿပီး ေသတာ၊ ေသတဲ့ဝက္ေတြကို အေဝးႀကီးမွာ သြားျမႇုပ္လိုက္တယ္။ ေရႊဘိုဘက္က လာေရာင္းတဲ့ဝက္ေတြေၾကာင့္ ေရာဂါရတယ္ ထင္တာပဲ။ သိန္း ၃၀ ေက်ာ္ေလာက္ ဆုံးသြားတယ္” လို႔ ေျပာပါတယ္။

ဝက္ေတြကို ေရာဂါမျဖစ္ေအာင္ ၃ ရက္ေဆးထိုးၿပီး ၿခံကို ႀကိဳတင္ေဆးဖ်န္းမႈျပဳလုပ္ခဲ့လို႔ ေသဆုံးမႈမရွိဘဲ ဝက္အေကာင္ ၁၀၀ ေက်ာ္ကို ကယ္တင္နိုင္ခဲ့တယ္လို႔ ၾကက္ေျချပာသင္တန္းဆင္း ဦးတင္ေမာင္က ေျပာပါတယ္။

ref:DVB

Unicode

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားမြို့မှာ မွေးမြူထားတဲ့ ဝက်တွေ ရုတ်တရက်သေဆုံး နေတာကို မမြှုပ်ဘဲ ရောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။နန်းမားမြို့က မြို့နယ် တိမွေးကုဌာနနဲ့ ကျေးလက်လူငယ် (ကြက်ခြေပြာ) ဆင်းထားသူ ဦးတင်မောင်က “လွန်ခဲ့တဲ့ ဇန်နဝါရီလကစပြီး ခုချိန်ထိ ဝက်တွေသေနေတုန်းပဲ။ တချို့ဆို တခြံလုံးပြုတ် သေတာ။ ရောဂါနဲ့သေတဲ့ဝက်ကိုပိုင်ရှင်က အရှုံးမခံနိုင်လို့ မမြှုပ်ဘဲ ရောင်းစားတာတွေ ရှိတယ်။ ဘယ်သူမှ စစ်ဆေးတာ မရှိဘူး။ ဆယ်အိမ်မှူးတွေက သတင်းမပို့လို့ မသိတာလားဆိုတာ မပြောတတ်ဘူး။ ကျနော်ကတော့ လူတွေသိအောင် လိုင်းပေါ်တင်ထားတယ်” လို့ ပြောပါတယ်။

ဝက်တွေ သေဆုံးတဲ့လက္ခဏာက ပါးစပ်က အမြှုပ်ထွက်ပြီး နှာခေါင်း၊ ပါးစပ်နဲ့ နားရွက်ဖျားတွေ ညိုတာနဲ့ သေဆုံးတာရှိသလို တချို့က ရောဂါလက္ခဏာမတွေ့ဘဲ အစာစားရင်း ရုတ်တရက်သေတယ်လို့ သိရပါတယ်။နန်းမားမြို့အနီးကျေးရွာဖြစ်တဲ့ အလယ်တောကျေးရွာနဲ့ တကွင်းကျေးရွာတွေမှာ ဝက်တွေ ခြံလုံးကျွတ်သေဆုံးမှုဖြစ်ပြီး နန်းမားမြို့အနီး ကျေးရွာတွေမှာ ဝက်သေဆုံးမှုအကောင် ၁၀၀ ကျော်သွားပြီလို့ သိရခဲ့ပါတယ်။

အလယ်တောကျေးရွာမှ ဝက်မွေးမြူသူ ကိုဇော်မျိုးဟိန်းက “ကျနော့်ဝက်ခြံက ဖေဖော်ဝါရီလ လယ်လောက်က တခြံလုံး သေသွားတာ။ အားလုံးအကောင် ၃၀ လက္ခဏာကတော့ ပါးစပ်က အမြှုပ်ထွက်တယ်၊ သွေးထွက်ပြီး သေတာ၊ သေတဲ့ဝက်တွေကို အဝေးကြီးမှာ သွားမြှုပ်လိုက်တယ်။ ရွှေဘိုဘက်က လာရောင်းတဲ့ဝက်တွေကြောင့် ရောဂါရတယ် ထင်တာပဲ။ သိန်း ၃၀ ကျော်လောက် ဆုံးသွားတယ်” လို့ ပြောပါတယ်။

ဝက်တွေကို ရောဂါမဖြစ်အောင် ၃ ရက်ဆေးထိုးပြီး ခြံကို ကြိုတင်ဆေးဖျန်းမှုပြုလုပ်ခဲ့လို့ သေဆုံးမှုမရှိဘဲ ဝက်အကောင် ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကြက်ခြေပြာသင်တန်းဆင်း ဦးတင်မောင်က ပြောပါတယ်။

ref:DVB