မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်တွင် မိန်းမလျာကို သတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ  ယူဆောင်သွားသူ (၂)ဦးကို ဖမ်းမိ

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့နယ်နေ အသက် (၄၁) နှစ် အရွယ် မိန်းမလျာ (၁)ဦး အသတ်ခံ ရမှုမှ ပြစ်မှုကျူးလွန် သည်ဆို သူ (၂) ဦးကို အမရပူရ မြို့နယ် ၌ မတ် (၅)ရက် (ယနေ့) တွင် ဖမ်းဆီးရမိခဲ့ သည်။

အမှုမှာ ပုသိမ်ကြီး မြို့နယ် အတွင်းနေထိုင် သည့် မိန်းမလျာ (၁)ဦး ရွာအရှေ့မြောက်ဘက် ရေမြောင်း အတွင်း ဒဏ်ရာများဖြင့် သေ ဆုံးနေပြီး ရွှေထည် ပစ္စည်းနှင့်ဆိုင်ကယ် လက်ကိုင်ဖုန်းများ ပျောက်ဆုံးနေသည်ဆိုကာ သေဆုံးသူ၏ အစ်ကိုဖြစ်သူက သက်ဆိုင်ရာသို့ မတ် ၄ ရက် တွင် တိုင်ကြားခဲ့သည်။

ပုသိမ်ကြီး မြို့မရဲစခန်းက(ပ)၁၄၂/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၉၄အရ အမှုဖွင့်ကာ ဒုရဲမှူးဇင်မင်းကိုက စုံစမ်းခဲ့သည်။

စုံစမ်းချက် အရ သေဆုံးသူသည် မတ် ၃ ရက် ညက လူငယ်တစ်ဦးကို ၎င်း၏ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကြောင်း သတင်းရရှိခဲ့သည်။

အခင်းဖြစ် အရပ်မှ သိမ်းဆည်းရရှိခဲ့သော ဖုန်းဟန်းဆက်မှတစ်ဆင့် ​ပြစ်မှုကျူးလွန်သူကို စုံစမ်းခဲ့ရာ မတ် ၅ရက် နံနက် ၁ နာရီ ၁၀မိနစ် အချိန် ခန့်၌ အမရပူရမြို့နယ်၊ စွယ်တော်ကားကွင်းအပြင်ဘက်ရှိ ဘီယာဆိုင်တစ်ခုရှေ့၌ အမှုဖြင့် မသင်္ကာသူ နောင်နောင် (ခ)ကျော် ထက်နောင် နှင့် ၎င်းအား အကူအညီပေးခဲ့သောဖြိုးဝေအောင်တို့ကို ဖမ်းဆီးရမိကာ သက်သေခံပစ္စည်းသိမ်းဆည်းခဲ့သည်။

နောင်နောင်(ခ)ကျော်ထက်နောင်(၂၁)နှစ်နှင့်ဖြိုးဝေအောင်(၂၉)နှစ်၊တို့ကိုအမှုဖြင့် ဖမ်းဆီးကာ ချုပ်ရီမာန်ရယူစစ်ဆေးခဲ့သည်။ ၎င်းတို့ အား စစ်ဆေးချက်အရ မတ် ၃ ရက် ညက သေဆုံးသူက ၎င်းကိုအခင်းဖြစ်နေရာသို့ ခေါ်ဆောင်လာခဲ့ပြီး နှစ် ဦး စကားပြော ဆိုနေ စဉ် စကားများ ရာက သေဆုံးသူကို ထိုးကြိတ်ထုရိုက်ကာ ရေမြောင်းထဲ တွန်းချပြီး ဆွဲကြိုး၊လက်စွပ်နှင့် ဆိုင်ကယ် တို့ကိုယူဆောင် လာခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ထို့နောက် မတ် (၄) ရက် နေ့လယ်ပိုင်း၌ အလုပ်အတူ လုပ်ကိုင်သူဖြိုးဝေအောင်ကို ရွှေထည်ပစ္စည်းများ ရောင်းခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

crd:The myanmar Time