“ဖြဲ႕စည္းပုံ အေျခခံဥပေဒ ထဲကေန အားသာခ်က္ကို ရယူကာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ ရယူသြားတယ္” ဆိုသည့္ ရခိုင္အမတ္၏ စကားရပ္အား NLD အမတ္ကန႔္ကြက္

ျပည္ေထာင္စုလႊတ္ေတာ္တြင္ ရခိုင္ အမ်ိဳးသားပါတီမွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း ရဲ႕ ေဆြးေႏြးခ်က္ထဲမွာ ပါရွိတဲ့ NLD ကိုယ္စားလွယ္ေတြက ပုဒ္မ ၂၆၁ ကို ကန႔္ကြက္ေဆြးေႏြးတာ အလြန္အံ့ၾသမိတယ္ ဆိုတဲ့ စကားရပ္ ကိုလည္း ဒီခ်ဳပ္အမတ္က ကန႔္ကြက္ ေၾကာင္း လႊတ္ေတာ္နာယကထံ တင္ျပေျပာဆိုလိုက္ေၾကာင္း သိရပါတယ္။

ဒီခ်ဳပ္အမတ္ ဦးေနမ်ိဳးထြန္း က ”ေျပာဆိုရာမွာ ပါတီ အဖြဲ႕အစည္းတစ္ရပ္ ကို ပုတ္ခတ္ တဲ့ စကားလုံးေတြ ျဖစ္တဲ့အတြက္ ကြၽန္ေတာ့္အ ေနနဲ႔ ကန႔္ကြက္ရျခင္း ျဖစ္ပါတယ္”လို႔ ေျပာပါတယ္။သည္ကေန႔ ဖြဲ႕စည္း ပုံျပင္ဆင္ေရး ဥပေဒမူၾကမ္းေတြအေပၚ ေဆြးေႏြး ရာမွာ ဦး ေဖသန္း က အခုလို ထည့္သြင္းေဆြးေႏြးသြား တာ ျဖစ္ပါတယ္။

ရခိုင္ အမ်ိဳးသားပါတီမွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း ရဲ႕ ေဆြးေႏြးခ်က္ ထဲမွာ ပါရွိတဲ့ (၂၀၀၈) ဖြဲ႕စည္း ပုံ အေျခခံ ဥပေဒ ထဲကေန အားသာခ်က္ ရယူကာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္အျဖစ္ ရယူသြားတယ္ ဆိုတဲ့ စကားရပ္ ကို ကန႔္ကြက္ေၾကာင္း ဒီခ်ဳပ္ အမတ္ ဦးေနမ်ိဳးထြန္း က ျပည္ေထာင္စု လႊတ္ေတာ္ နာယက ထံ တင္ျပပါတယ္။

ဒီခ်ဳပ္အမတ္ ရဲ႕ ကန႔္ကြက္ေၾကာင္း တင္ျပခ်က္ကို နာယကက အေနနဲ႔က လုံးေကာက္ယူၿပီး စိစစ္ေပးသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ သည္ကေန႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒမူၾကမ္းေတြအေပၚ ေဆြးေႏြးျခင္းဟာ ေနာက္ဆုံးေန႔ျဖစ္ၿပီး ကိုယ္စား လွယ္ (၂၃) ဦးအထိ ေဆြးေႏြးမွာ ျဖစ္ေၾကာင္း သိရပါတယ္။

REF: kumudra news

UNICODE

ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲကနေ အားသာချက်ကို ရယူကာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ရယူသွားတယ် ဆိုသည့် ရခိုင်အမတ်၏ စကားရပ်အား NLDအမတ်ကန့်ကွက်

ပြည်ထောင်စုလွှတ်တော်တွင် ရခိုင် အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ရဲ့ ဆွေးနွေးချက်ထဲမှာ ပါရှိတဲ့ NLD ကိုယ်စားလှယ်တွေက ပုဒ်မ ၂၆၁ ကို ကန့်ကွက်ဆွေးနွေးတာ အလွန်အံ့သြမိတယ် ဆိုတဲ့ စကားရပ် ကိုလည်း ဒီချုပ်အမတ်က ကန့်ကွက် ကြောင်း လွှတ်တော်နာယကထံ တင်ပြပြောဆိုလိုက်ကြောင်း သိရပါတယ်။

ဒီချုပ်အမတ် ဦးနေမျိုးထွန်း က ”ပြောဆိုရာမှာ ပါတီ အဖွဲ့အစည်းတစ်ရပ် ကို ပုတ်ခတ် တဲ့ စကားလုံးတွေ ဖြစ်တဲ့အတွက် ကျွန်တော့်အ နေနဲ့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။သည်ကနေ့ ဖွဲ့စည်း ပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတွေအပေါ် ဆွေးနွေး ရာမှာ ဦး ဖေသန်း က အခုလို ထည့်သွင်းဆွေးနွေးသွား တာ ဖြစ်ပါတယ်။

ရခိုင် အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ရဲ့ ဆွေးနွေးချက် ထဲမှာ ပါရှိတဲ့ (၂၀၀၈) ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ထဲကနေ အားသာချက် ရယူကာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ရယူသွားတယ် ဆိုတဲ့ စကားရပ် ကို ကန့်ကွက်ကြောင်း ဒီချုပ် အမတ် ဦးနေမျိုးထွန်း က ပြည်ထောင်စု လွှတ်တော် နာယက ထံ တင်ပြပါတယ်။

ဒီချုပ်အမတ် ရဲ့ ကန့်ကွက်ကြောင်း တင်ပြချက်ကို နာယကက အနေနဲ့က လုံးကောက်ယူပြီး စိစစ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သည်ကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းတွေအပေါ် ဆွေးနွေးခြင်းဟာ နောက်ဆုံးနေ့ဖြစ်ပြီး ကိုယ်စား လှယ် (၂၃) ဦးအထိ ဆွေးနွေးမှာ ဖြစ်ကြောင်း သိရပါတယ်။

REF: kumudra news