ဆီးရီးယားစစ်ဆင်ရေးကိစ္စနှင့် တူရကီပါလီမန် အမတ်များ အပြန်အလှန် လက်သီးချင်းထိုးကြ (ရုပ်/သံ)

တူရကီပါလီမန်တွင် ဆီးရီးယား စစ်ဆင်ရေးကိစ္စနှင့် လွှတ်တော် အမတ်အချင်းချင်း လက်သီးချင်း ယှဉ်ပြိုင်တင်သွင်း၍ အပြန်အလှန်ဆွေးနွေး

တူရကီနိုင်ငံ အန်ကာရာမြို့တော် ပါလီမန်တွင် အတိုက်အခံ ( CHP ) ပါတီ ဒုတိယဥက္ကဋ္ဌ အင်ဂင်အော့စကော့က ဆီးရီးယားစစ်ပွဲကိစ္စနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားနေခိုက် အာဏာရ AKP ပါတီဝင် လွှတ်တော်အမတ်များနှင့် CHP အမတ်များ အုပ်စုဖွဲ့ထိုးကြိတ်ကြသည့် သတင်းမှတ်တမ်း ထွက်ပေါ်လာခဲ့သည်ဟု Russia Today သတင်းမီဒီယာ ကွန်ရက်၏ ဂျာမနီအခြေစိုက် Ruptly က ယနေ့ရေးသားသည်။((( Ruptly., Mar 5, 2020, “Turkey: Fists fly as lawmakers brawl inside Turkish parliament.” ကို HtayOung, OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

နှစ်ဖက်စလုံး၏ အမတ်အတော်များများမှာ တစ်ဖက်သား၏ မျက်နှာကိုကြည့်၍ ဒေါသတကြီး အော်ဟစ်နေပုံ၊ တွန်းထိုးလုံးထွေးနေကြပုံကို ရုပ်သံ၌ တွေ့မြင်ကြရသည်။ အချို့မှာ တစ်ယောက်နှင့်တစ်ယောက် ထိုးကြိတ်တိုက်ခိုက်နေလျှက်ရှိပြီး ရန်ပွဲရပ်စဲရန် ကြားဝင်ဖြန်ဖြေကြသူများလည်း ရှိနေသည်။

လွန်ခဲ့သည့်ရက်သတ္တပတ် ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒဲ့လ်ဗ်ဒေသတွင် ကျဆုံးခဲ့သော တူရကီတပ်မတော်သားတို့အား သမ္မတတေရစ်အာဒိုဂန်က လေးစားမှုမရှိကြောင်း အတိုက်အခံ ( CHP ) ပါတီ ဒုတိယဥက္ကဋ္ဌ အင်ဂင်အော့စကော့က စွပ်စွဲပြောကြားရာမှ ယခုရန်ပွဲ စတင်ခဲ့ကြောင်း သတင်းရရှိသည်။

တူရကီသမ္မတအာဒိုဂန်ကိုယ်တိုင်မှာလည်း ဆီးရီးယားတွင် တူရကီ၏စစ်ရေးဆောင်ရွက်လျှက်ရှိပုံကို မေးခွန်းထုတ်သော အတိုက်အခံတို့အား အရှက်ခွဲ၊ ညံ့ဖျင်း၊ နိမ့်ကျသည့် စဆရက များသာဖြစ်ကြောင်း ရည်ညွှန်း ပြောဆိုခဲ့သည်။

Video ကြည့်ရန် >

Writer:Htay Oung