ခရိုင်းမီးယားအနီး ချည်းကပ်လာတဲ့ အမေရိကန် စစ် သင်္ဘောဆီ ရုရှားက သင်္ဘောဖျက်နဲ့ဒုံးကျည်ပစ်

ရုရှားက Federal News Agency သတင်းအရ ရုရှားစစ်တပ်ဟာ ခရိုင်းမီးယားအနီး ချည်းကပ်လာတဲ့ အမေရိကန်စစ်သင်္ဘောတစ်စီးကို ကမ်းရိုးတန်းဒုံးကျည်စနစ် သုံးပြီး ပစ်ခတ်ခဲ့တယ်လို့ Bulgarian Military.com က ကြားသိရပါတယ်။အဆိုပါ Federal News Agency သတင်းအရ ရုရှဒုံးကျည်ဟာ အမေရိကန်စစ်သင်္ဘောရဲ့ အနီးကို တိုက်ရိုက်ပျံသန်းရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့နှစ်အကုန်က အမေရိကန် ဖျက်သင်္ဘာ Ross ဟာ ပင်လယ်နက်ရဲ့ အရှေ့တောင်ဖက်ပိုင်းထဲ ဝင်ရောက်လာပြီး ရုရှဖက်ကို အာခံရင်း ရဲတင်းစွာ စစ်ရေးပြခဲ့ပါတယ်။ အမေရိကန်တွေရဲ့ လုပ်ရပ်ဟာ ရန်စကျုးကျော်မှုပဲ ဖြစ်ပြီး အမေရိကန်ရဲ့ မောက်မာမှုကို ရုရှက ပေလျာကန် မထားခဲ့ပါဘူး။

ပင်လယ်နက်ထဲက ရုရှအချုပ်အခြာပိုင်နက်ထဲ ချိုးဖောက်ဝင်ရောက်လာတဲ့ ရန်သူကို သင်္ဘောဖျက်ဒုံးကျည်စနစ်နဲ့ စစ်ရေးပြပြီး ကန့်ကွက်ကြောင်း ရုရှားစစ်တပ်က ပြသခဲ့တာဟာ သင်ခန်းစာ ပေးလိုက်တဲ့ သဘောဘဲ။”လို့ Sohu သတင်းစာက ဆောင်းပါးကို ကိုးကားပြီး PolitRussia က ကိုးကားဖော်ပြပါတယ်။

ရုရှားတပ်တွေရဲ့ စစ်ရေးပြမှိုကု အမေရိကန် ဖျက်သင်္ဘောရှေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်က သတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရတော့ “ရုရှဟာ အမေရိကန်ဖျက်သင်္ဘောရဲ့ ပဲ့ပိုင်းရှေ့နားဆီ သင်္ဘောဖျက်ဒုံးကျည် ပစ်လွှတ်ပြီး အမေရိကန်ကို ကောင်းကောင်း ပညာပေးလိုက်တယ်။ ရုရှရဲ့ လုပ်ရပ်ကို ဂျာနယ်လစ်တွေက တအံ့တဩ ဖြစ်သွားကြတယ်။”လို့ ရေးသားဖော်ပြထားပါတယ်။

အစောပိုင်းက သတင်းတွေအရတော့ ရုရှဟာ ဒုံးကျည်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သိထားရတာဖြစ်ပေမယ့် နောက်ပိုင်းအချက်အလက်တွေအရ ရုရှဟာ အမေရိကန်ဖျက်သင်္ဘောရဲ့ ရှေ့နားဆီ ဒုံးကျည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အခု ဦးဆုံး ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Rf; Bulgarian Military
Writer_ မောင်သံဆင့်(XYZ News)