ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမ်ား ျပပြဲမွ အျပန္ စစ္သံမွဴးမ်ား လိုက္ပါသည့္ ရဟတ္ယာဥ္တစ္စီး အတက္တြင္ ပ်က္က်

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်းရြာတြင္ က်င္းပျပဳလုပ္သည့္ ၉၁ ဘီလ်ံဖိုး ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆး၀ါးျပပြဲ မွအျပန္ စစ္သံမႈးမ်ားလိုက္ပါသည့္ ရဟတ္ယာဥ္ တစ္စင္း အတက္ တြင္ ပ်က္က်ခဲ့ရာ ရဟတ္ယာဥ္ေမာင္းသူ ၂ ဦး ဒဏ္ရာ ရခဲ့ေသာ္လည္း စစ္သံမႈးမ်ား ေဘးကင္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ က်ပ္ ၉၁ ဘီလ်ံဖိုး ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမ်ားျပသပြဲသို႕ တပ္မေတာ္ အစီအစဥ္ျဖင့္ သြားေရာက္ သတင္းရယူသည့္ သတင္းေထာက္မ်ားကို ရဟတ္ယာဥ္ ၂ စီး၊ ႏိုင္ငံျခားစစ္သံမႈးမ်ားကို ရဟတ္ယာဥ္ႏွစ္စီးျဖင့္ ရန္ကုန္မွ ေန႕ခ်င္းျပန္ေခၚယူခဲ့ျခင္းျဖစ္ၿပီး ၊အခမ္းအနားၿပီးဆုံးခ်ိန္တြင္ ရန္ကုန္ျပန္ရန္အတြက္ စစ္သံမႈးမ်ားပါသည့္ ရဟတ္ယာဥ္ တစ္စီးက ပ်ံတက္စဥ္ ယင္းသို႕ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Unicode

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာတွင် ကျင်းပပြုလုပ်သည့် ၉၁ ဘီလျံဖိုး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးပြပွဲ မှအပြန် စစ်သံမှုးများလိုက်ပါသည့် ရဟတ်ယာဉ် တစ်စင်း အတက် တွင် ပျက်ကျခဲ့ရာ ရဟတ်ယာဉ်မောင်းသူ ၂ ဦး ဒဏ်ရာ ရခဲ့သော်လည်း စစ်သံမှုးများ ဘေးကင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကျပ် ၉၁ ဘီလျံဖိုး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများပြသပွဲသို့ တပ်မတော် အစီအစဉ်ဖြင့် သွားရောက် သတင်းရယူသည့် သတင်းထောက်များကို ရဟတ်ယာဉ် ၂ စီး၊ နိုင်ငံခြားစစ်သံမှုးများကို ရဟတ်ယာဉ်နှစ်စီးဖြင့် ရန်ကုန်မှ နေ့ချင်းပြန်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၊အခမ်းအနားပြီးဆုံးချိန်တွင် ရန်ကုန်ပြန်ရန်အတွက် စစ်သံမှုးများပါသည့် ရဟတ်ယာဉ် တစ်စီးက ပျံတက်စဉ် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။