“ICC ဟာ လုပ်ပိုင်ခွင့်မရှိတဲ့အဖွဲ့အစည်း တစ်ခုသာဖြစ်ကြောင်း” အမေရိကန် ပြင်းပြင်းထန်ထန် ဝေဖန်




Ref; CNN
Writer_HULK ( XYZ News )

Unicode

အာဖဂန် နစ္စတန်နိုင်ငံအတွင်း အမေရိကန်နိုင်ငံက ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာ အခြေစိုက်တဲ့ ICC က ခွင့်ပြုပေးလိုက်ပါတယ်။အခုလို အာဖဂန်နစ္စတန်နိုင်ငံထဲမှာ အမေရိကန်နဲ့ နိုင်ငံတကာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုလိုက်တဲ့ အိုင်စီစီကို အမေရိကန်နိုင်ငံက အပြင်းအထန် ဝေဖန်ထိုးနှက်လိုက်ပါတယ်။

အခုလို ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုလိုက်တဲ့ အိုင်စီစီရဲ့လုပ်ရပ်ဟာ အံ့အားသင့်စရာဖြစ်ကြောင်းနဲ့ အိုင်စီစီဟာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်မရှိတဲ့ အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြန်လည်တုန့်ပြန် ပြောကြားလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုဟာ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံမဟုတ်ကြောင်းနဲ့ အိုင်စီစီရဲ့တရားမဝင်လုပ်ရပ်တွေကနေ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြန်လည်တုန့်ပြန်ခဲ့တာပါ။အခုလိုစစ်ဆေးဖို့ခွင့်ပြုပေးလိုက်တာကြောင့် အမေရိကန်တပ်ဖွဲ့တွေနဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးခွင့်ရှိမှာ ဖြစ်ပါတယ်။

Ref; CNN
Writer_HULK ( XYZ News )