မြန်မာမှာ “ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ယခုထိတိုင် မတွေ့ရသေးတဲ့ အဓိက အကြောင်းအရင်း”

အင်း ဒီနေ့ပြုလုပ်တဲ့ Media Advocacy မှာ ကိုယ်ပြောခဲ့တာ မိနစ် (၄၀) လောက်ကြာမယ် ပြောတဲ့အကြောင်းအရာတွေကလဲ အများကြီးပါပဲ ဝေါမှာလဲ ရှဲထားပါတယ် ဒီလိုပြောနိုင်ဖို့ ကိုယ်ဘယ်လောက်ထိ ကြိုးစား ရတယ်ဆိုတာ ပညာရှင်တွေဆို ပိုသိပါတယ် လူပိန်းတွေကတော့ သူများစကား လမ်းဆုံးပြီး ပြောချင်ရာလျှောက်ပြောနေကြတာ သနားစရာလဲ ကောင်းပါရဲ့ ကိုယ့်အဆင့်အတန်းကို ပြနေကြတာပါပဲ။ကဲ အချုပ်ပြောပါ့မယ် တခါလဲ ပို့စ်တင်ပြီးသားပါ ဒါပေမဲ့ ဒီတခါကတော့ ပိုပြည့်စုံအောင် ပြောထားပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နယ်နမိတ်ချင်း မိုင်ပေါင်း ၁၂၇၅ မိုင် ထိစပ်နေပါတယ်။

အဓိက ရောဂါဖြစ်ပွားတဲ့ ဝူဟန်မြို့ရှိတဲ့ ဟူပေပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာရှိပြီး မြန်မာနိုင်ငံနှင့် ထိစပ်နေသည်မှာ အနောက်ခြမ်း ဖြစ်ပါတယ်။ယူနန်ပြည်နယ်နဲ့ ရောဂါဖြစ်ပွားသော ဟူပေပြည်နယ်ကြားတွင် စီချွမ်ပြည်နယ်၊ ကွေကျိုးပြည်နယ်၊ ကွမ်ရှီးပြည်နယ်နှင့် ဟူနန်ပြည်နယ် ရှိပါတယ်

ယူနန်ပြည်နယ်တွင် (၂၁-၂-၂၀၂၀)၊ စီချွမ်ပြည်နယ်တွင် (၂၈-၂-၂၀၂၀)၊ ကွေကျိုးပြည်နယ်တွင် (၁၇-၂-၂၀၂၀)၊ ကွမ်ရှီးပြည်နယ်တွင် (၂၄-၂-၂၀၂၀)၊ ဟူနန်ပြည်နယ်တွင် (၂၉-၂-၂၀၂၀) ရက်နေ့တို့တွင် နောက်ဆုံးဖြစ်ပွားသည်ကို တွေ့ရပြီး (၅-၂-၂၀၂၀) ရက်နေ့ စာရင်းဇယားများအရ ဟူပေပြည်နယ်သည် ရောဂါဖြစ်ပွားမှု ဆက်တိုက်ကျဆင်းနေကြောင်း တွေ့ရမှာဖြစ်ပါတယ်

ကဲ ဒီနေရာမှာ ဘာတွေ သတိထားမိလဲ?? အဓိကရောဂါစဖြစ်တဲ့ ဝူဟန်မြို့ရှိတဲ့ ဟူပေပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ ဟူနန်ပြည်နယ်ကလွဲပြီး ကျန်ပြည်နယ် ၃၂ ပြည်နယ်မှာ ရောဂါဖြစ်ပွားမှုက နည်းပါးတာကို တွေ့ရမှာဖြစ်ပါတယ် ပုံမှာကြည့်ပါ ဒါကိုက epicenter နဲ့ နီးလေလေ ကူးစက်ဖို့ အခွင့်အလမ်းများလေလေပါပဲ ဒါကိုသာမန်လူပိန်းတောင် တွေးနိုင်ပါတယ်

မိုင်အားဖြင့် ဘယ်လောက်ဝေးကွာလဲ

ဝူဟန်မြို့ရှိသည့် ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၁၇၅.၆ မိုင် ကွာဝေးပါတယ် ဒီလိုကွာဝေးတဲ့အတွက် အဓိကအားဖြင့် လေယာဉ်နဲ့ လာမှသာ အဆင်ပြေနိုင်ပါတယ် ယခုအချိန်မှာ မြို့ကိုလဲ lockdown လုပ်ထား လေကြောင်းလိုင်းတွေလဲပိတ်ထား အဘက်ဘက်က contain လုပ်ထားတာကြောင့် ရောက်ရှိဖို့ ခဲယဉ်းပါတယ် ဟုတ်ပြီ ဒါဆို ကားနဲ့လာမယ် ခက်ခဲပါတယ် ဝေးလွန်းတဲ့အတွက် လာရောက်ဖို့ ခဲယဉ်းပါတယ် အဓိက ဝင်ရောက်လာသူတွေက ယူနန်ပြည်နယ်အတွင်း သွားရောက်အလုပ်လုပ်သော မြန်မာနိုင်ငံသား အများစုပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးဆုံးလို့ ပြောလို့ရမဲ့ ယူနန်ပြည်နယ်နဲ့တောင် မိုင်ပေါင်း (၃၈၄.၆) မိုင် ကွာဝေးပါသည်။ (၆-၃-၂၀၂၀) ရက်နေ့ WHO ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ရောဂါအတည်ပြု ( ၆၇၄၆၆) ဦးရှိပြီး (၂၉၀၂)ဦး သေဆုံးသည်ကို တွေ့ရပါတယ် သေဆုံးနှုန်း (၄.၃ %) ရှိပါတယ်၊ ကျန်ပြည်နယ် ၃၃ ခုတွင် စုစုပေါင်း ဖြစ်ပွားသူ ( ၁၃၀၉၉) ဦးရှိပြီး သေဆုံးသူ (၁၁၃) ဦး ရှိသည်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သေဆုံးနှုန်း (၀.၈၆%) ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်နှင့် အနီးဆုံး ယူနန်ပြည်နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၇၄) ဦးရှိပြီး ၂ ဦးသာ သေဆုံးသည်ကို တွေ့ရပါတယ် ယင်းပြည်နယ်တွင် ရောဂါဖြစ်ပွားသူ မတိုးသည်မှာ ၁၄ ရက်ရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် ကူးလူးဆက်ဆံမှု အများဆုံးဖြစ်သည့် နယ်စပ်မြို့ဖြစ်သော ရွှေလီ-ဂျယ်ဂေါင်တည်ရှိသည့် တယ်ဟုန်ပြည်နယ်ခွဲတွင် ရောဂါအတည်ပြုလူနာ ၅ ဦးရှိပြီး လေးဦး ဆေးရုံဆင်းပြီ ဖြစ်ပါတယ် သေဆုံးသူ လုံးဝ (လုံးဝ) မရှိပါ။တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူ (၄၁၃) ဦးရှိသော်လည်း တရုတ်နိုင်ငံအပြင်ဘက်တွင် ၈၅ နိုင်ငံတွင် လူနာအသစ် (၂၀၉၈) ဦးရှိသည်ကို တွေ့ရမှာဖြစ်ပါတယ်

တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသော တိုင်းပြည် ၁၄ နိုင်ငံရှိပြီး ၎င်းနိုင်ငံ ၁၄ နိုင်ငံမှာ

China is bordered by 14 countries:

1/ Afghanistan, 2/ Bhutan, 3/ India, 4/ Kazakhstan, 5/ North Korea, 6/ Kyrgyzstan, 7/ Laos, 8/ Mongolia, 9/ Myanmar (Burma), 10/ Nepal, 11/ Pakistan, 12/ Russia,13/ Tajikistan, 14/ Vietnam ဖြစ်ပါတယ်

ဒီ ၁၄ နိုင်ငံအနက်မှ မြန်မာအပါအဝင် အောက်ပါနိုင်ငံ ၈ နိုင်ငံမှာ ရောဂါအတည်ပြုလူနာ မတွေ့ရသေးပါ သိဘို့

1/ Bhutan 2/ Kazakhstan 3/ North Korea 4/ Kyrgyzstan 5/ Laos6/ Mongolia 7/ Myanmar8/ Tajikistan

ယင်းတို့ထဲမှ (၆) နိုင်ငံသာ ဓာတ်ခွဲအတည်ပြု လူနာ ရှိပါသည်

လက်ရှိတွင် ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၄ နိုင်ငံအနက် ၈၆ နိုင်ငံတွင် ရောဂါဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံနည်းတူ ရောဂါမဖြစ်သေးသော နိုင်ငံ ၁၀၈ နိုင်ငံရှိကြောင်း သိစေအပ်ပါသည် ဆရာတို့ ဆရာမတို့

ချုပ်ပြောရလျှင် geographical barrier သည် ကပ်ရောဂါဖြစ်ပွားမှုတွင် အရေးကြီးသော အပိုင်းမှ ပါဝင်သည်ကို သိစေလိုပါသည်ထို့ကြောင့်သာ ဝူဟန်နှင့် အနီးဆုံးဟူနန်ပြည်နယ်မှာသာ ရောဂါဖြစ်ပွားမှုများပြီး ကျန်ပြည်နယ်များ နည်းရခြင်းဖြစ်ပါသည် (ပညာရှိ သတိဖြစ်ခဲကြီးများ စဉ်းစားတွေးခေါ်တော်မူကြပါကုန်)လေယာဉ်ခရီးနဲ့ဆို အားလုံးနီးသည်ကို ခွေးကအစ ကလေးအဆုံး သိပါသည် တရုတ်ကို point out လုပ်ပြောရခြင်းမှာ ခွဲခြားဆက်ဆံခြင်း မရှိစေလို၍ ဖြစ်ပါသည်။ ဟုတ်ပြီ ခွဲခြားဆက်ဆံခံရလျှင် ဘာတွေဖြစ်နိုင်သလဲ။

သိပ်ကြောက်ဖို့ကောင်းတဲ့ အချက် ၃ ချက်ဖြစ်နိုင်ပါသည်။ ဘာတွေလဲ တစ်ကတော့ မိမိတွင် ရောဂါဖြစ်ပွားနေသည်ကို ဖုံးကွယ်နိုင်ပါသည် နှစ် ကျန်းမာရေးဌာနသို့ သတင်းပို့ပြီး စောင့်ရှောက်မှု ခံယူဖို့ ကြန့်ကြာနိုင်ပါသည် သုံး ကျန်းမာရေးနှင့်သွေဖီသော အပြုအမူများကို ပြုလုပ်လာနိုင်ပါသည်ဒီ သုံးချက်သည် ရောဂါဖြစ်ပွားသူ စောစီးစွာ တွေ့ရှိရေးတွင် များစွာအနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း ပညာရှိ သတိဖြစ်ခဲပုဂ္ဂိုလ်​ကြီးများ သိစေအပ်ပါသည်။ ရောဂါဖြစ်ပွားသူ စောစီးစွာ မတွေ့သဖြင့် တောင်ကိုရီးယားတွင် မီးပွားစလေးမှ မီးတောက်ကြီးအဖြစ် လောင်ကျွမ်းနေသည်ကို သတိပြုကြပါ

လက်ရှိတွင် တရုတ်နိုင်ငံအပြင်ဘက်ရှိ တောင်ကိုရီးယားတွင် (၅၇၆၆) ဦးဖြစ်ပြီး ၃၅ ဦးသေဆုံးသည်။ အီတလီတွင် (၃၀၈၇) ဦးဖြစ်ပြီး (၁၀၇) ဦးသေဆုံးသည်။အီရန်တွင် (၂၉၂၂ ) ဦးဖြစ်ပြီး (၉၂) ဦးသေဆုံးသဖြင့် အဆိုပါ ၃ နိုင်ငံပေါင်းတွင် သေဆုံးသူဦးရေမှာ ၂၃၄ ဦးဖြစ်ပြီး နိုင်ငံ ၈၅ နိုင်ငံမှ သေဆုံးသူ (၂၆၇) ဦး နှင့်တွက်လျှင် (၈၇.၆ %) ရှိနေသည်ကို တွေ့ရပါသည်။

အဆိုပါ ၃ နိုင်ငံကို highlight လုပ်ပြောရခြင်းမှာ ထိုနိုင်ငံများသည် တရုတ်နှင့် ဝေးခြင်း နီးခြင်းကို ပြောဆိုလိုသည်မဟုတ်ပဲ local transmission ကြောက်ဖို့ကောင်းသည်ဟု တင်ပြလိုရင်းဖြစ်ပါသည် လက်ရှိတွင် local transmission ရှိသောနိုင်ငံ စုစုပေါင်း ၃၆ နိုင်ငံရှိပါသည်

အဲဒီတော့ ဘာမဆို အမြဲ သတိတရား လက်ကိုင်ထားရန် လိုအပ်သည် ကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူများကို လိုက်နာကျင့်ကြံရန် လိုအပ်ကြောင်း ပြောချင်၍ ဖြစ်ပါသည်။အဓိက အရေးကြီးသည်မှာ ယခုအချိန်သည် လေ့ကျင့်နေချိန် မဟုတ်ပါ။ ယခုအချိန်သည် အရှုံးပေးရန် အချိန်မဟုတ်ပါ။ ယခုအချိန်သည် ဆင်ခြေပေးရမည့်အချိန်မဟုတ်ပါ။ ယခုအချိန်သည် ဒီရောဂါကို အတူလက်တွဲ တိုက်ဖျက်ဖို့ အချိန်သာ ဖြစ်ပါသည်လေနဲ့တိုက်လို့မရပါ တကယ်လက်တွေ့ပေါင်းစပ်လုပ်ရမည် အချိန်ဖြစ်သည်။ နောက်တစ်ယောက်သည် သင်ဖြစ်နိုင်ပါသည်။ ဒါ့ကြောင့် စကားအပိုတွေ မပြောပဲ သင်လုပ်ဆောင်ရမည့် ကိစ္စရပ်များ အပေါ်သာ အာရုံစိုက်ပါ

ဘေးထိုင် ဘုပြောခြင်းဖြင့် သင်၏စွမ်းအင်များကို အလဟသ မဖြုန်းတီးပါနှင့်။ လက်တွေ့ လုပ်ဆောင်နေသူများကိုလည်း အနှောင့်အယှက် မပေးပါနှင့် ရှေ့ကဦးဆောင်နိုင်လျှင် ဦးဆောင်ပါ ဒါမှမဟုတ် အရည်အချင်း မရှိလျှင်လည်း နောက်ကလိုက်ပါဂဏာန်းလို ဘေးတိုက်ကန့်လန့်သွားသော အကျင့်ကို ပြင်ရန် အချိန်ကျနေပါပြီလို့ တိုက်တွန်းပါရစေ သိဘို့ ။ငြင်းချင်သူတွေ ဒီပို့စ်အောက်မှာ ချက်ကျလက်ကျ လာငြင်းပါ။ ကိုယ့်အဆင့်အတန်းကို ကိုယ်လာပြကြပါ ဒါမှသတ္တိရှိတယ်လို့ ခေါ်မှာပေါ့ ပုဆိုးခြုံထဲက လက်သီးမပြကြပါနဲ့ ရှက်စရာကြီးနော်

မတူကွဲပြားမှုများကို ကြိုဆိုပါတယ် (Diversity is strength) ပါလေ။ အပြုသဘောဆောင်တဲ့ အကြံပေးချက်များ ဆိုလျှင်လည်း လိုက်နာဖို့ အသင့်ပါ ဒါဟာအားလုံးကောင်းဖို့အတွက်ပဲ ကိုယ့်နိုင်ငံမှ ကိုယ်မချစ်ရင် ဘယ်သူကချစ်မှာလဲ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ် သို့သော် ဆန့်ကျင်ဘက် မတွန်းမိဖို့တော့ လိုတာပေါ့လေ ဒါပါပဲ။တရုတ်နိုင်ငံရဲ့ အချက်အလက်များကို တရုတ်ဘာသာမှ မြန်မာပြန်ဆို ကူညီပေးပါသော ဆရာ Sai Hla Tin နန့်ခမ်းဆေးရုံအုပ်ကို အထူးကျေးဇူးတင်ပါတယ်။

Khin Khin Gyi