ရန္ကုန္တိုင္း အတြင္း ဓားလက္နက္ကိုင္ေဆာင္၍ သြားလာေနေသာ အမ်ိဳးသား (၁၄) ဦးကို ဖမ္းဆီး၊ ဓားျဖင့္ ရမ္းကားေနသူမ်ားပါ၀င္

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ဓားလက္နက္မ်ား ကိုင္ေဆာင္၍ သြားလာေနေသာ အမ်ိဳးသား (၁၄) ဦးကို မတ္ ၄ ရက္ႏွင့္ ၅ ရက္ေန႔ နံနက္အေစာပိုင္းက ဖမ္းဆီးအေရးယူခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဒုစရိုက္မႈခင္းမ်ား ေဖာ္ထုတ္နိုင္ေရး စီမံခ်က္ျဖင့္ ေဆာင္ရြက္ခဲ့ရာ မတ္ ၄ ရက္ေန႔က ဒဂုံေတာင္၊ လွိုင္၊ ကမာရြတ္၊ ေတာင္ဥကၠလာပ၊ သဃၤန္းကၽြန္းႏွင့္ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္မ်ားတြင္ ဓားကိုင္ေဆာင္ၿပီး သြားလာေနေသာ အမ်ိဳးသား ၈ ဦးကို ဖမ္းမိခဲ့သည္။

အလားတူ မတ္ ၅ ရက္ နံနက္အေစာပိုင္းက သာေကတ၊ ဒဂုံေတာင္၊ လွိုင္သာယာႏွင့္ မဂၤလာဒုံၿမိဳ႕နယ္မ်ားတြင္ ဓားကိုင္ေဆာင္ၿပီး သြားလာေနသူႏွင့္ ဓားကိုင္ၿပီး ရမ္းကားေနသည့္ အမ်ိဳးသား ၆ ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ၿပီး အဆိုပါ ဖမ္းမိသူ ၁၄ ဦးတြင္ အငွားယာဥ္ေမာင္း အခ်ိဳ႕ပါဝင္ခဲ့သည္။

ယင္းဖမ္းမိသူ ၁၄ ဦးကို သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲစခန္းမ်ားတြင္ လက္နက္ ဥပေဒ ပုဒ္မ ၁၉ (င) ျဖင့္ အမႈဖြင့္ အေရးယူထားၿပီး ဒုစရိုက္မႈခင္းမ်ား ေဖာ္ထုတ္နိုင္ေရး အစီအစဥ္ကို အရွိန္ျမႇင့္တင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရသည္။

ref:The Voice

Unicode

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓားလက်နက်များ ကိုင်ဆောင်၍ သွားလာနေသော အမျိုးသား (၁၄) ဦးကို မတ် ၄ ရက်နှင့် ၅ ရက်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုစရိုက်မှုခင်းများ ဖော်ထုတ်နိုင်ရေး စီမံချက်ဖြင့် ဆောင်ရွက်ခဲ့ရာ မတ် ၄ ရက်နေ့က ဒဂုံတောင်၊ လှိုင်၊ ကမာရွတ်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် ဓားကိုင်ဆောင်ပြီး သွားလာနေသော အမျိုးသား ၈ ဦးကို ဖမ်းမိခဲ့သည်။

အလားတူ မတ် ၅ ရက် နံနက်အစောပိုင်းက သာကေတ၊ ဒဂုံတောင်၊ လှိုင်သာယာနှင့် မင်္ဂလာဒုံမြို့နယ်များတွင် ဓားကိုင်ဆောင်ပြီး သွားလာနေသူနှင့် ဓားကိုင်ပြီး ရမ်းကားနေသည့် အမျိုးသား ၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းမိသူ ၁၄ ဦးတွင် အငှားယာဉ်မောင်း အချို့ပါဝင်ခဲ့သည်။

ယင်းဖမ်းမိသူ ၁၄ ဦးကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် လက်နက် ဥပဒေ ပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့် အရေးယူထားပြီး ဒုစရိုက်မှုခင်းများ ဖော်ထုတ်နိုင်ရေး အစီအစဉ်ကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ref:The Voice