အာဖဂန်နစ္စတန် နိုင်ငံ မြို့တော်ကဘူးလ် ရဲ့ အထိမ်းအမှတ်ပွဲတစ်ခုကို IS အဖွဲ့ဝင်တိုက်လို့ လူ (၃၀) ကျော် သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော်ကဘူးလ်မှာ သောကြာနေ့က ကျင်းပပြုလုပ်တဲ့ အထိမ်းအမှတ် ပွဲတစ်ခုကို အိုင်အက်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကြောင့် လူ ၃၂ ဦးအထိ သေဆုံးခဲ့ပါတယ်။တာလီဘန်နဲ့ အမေရိကန်ကြား အမေရိကန် တပ်တွေ ရုပ်သိမ်းရေး သဘောတူညီချက် ရပြီးနောက်ပိုင်း ပထမဆုံး အကြီးဆုံး တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။

အဲဒီ ပွဲမှာ အာဖဂန်ရဲ့ ထိပ်တန်းနိုင်ငံရေးသမား အဘူလက်ရှ်အဘူလက်ရှ်ဟာ အခြား ထိပ်ပိုင်းနိုင်ငံရေးသမားတွေနဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပေမယ့် တိုက်ခိုက်မှုအတွင်းမှာ အထင်ကရပုဂ္ဂိုလ်တွေ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၈၁ ဦး ရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပြီး သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ထပ်လောင်းပြောပါတယ်။အိုင်အက်စ်အဖွဲ့က ဒီ တိုက်ခိုက်မှုဟာ ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ ၎င်းတို့ပိုင် Amaq သတင်းဌာနကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။

၂၀၀၁ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ တပ်တွေရဲ့ ဖြုတ်ချတာ ခံခဲ့ရတဲ့ တာလီဘန်တွေကတော့ တိုက်ခိုက်မှုဖြစ်ပြီးချင်းလောက်မှာပဲ ဒီ တိုက်ခိုက်မှုမှာ ၎င်းတို့ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ်အတွင်းက တာလီဘန်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်ခဲ့တဲ့ ဟာဇာရာလူမျိုးစုခေါင်းဆောင် အဒူအလီမာဇာရီ သေဆုံးမှု ၂၅ နှစ်မြောက် လူထုစုရုံးပွဲမှာ ခုလို အိုင်အက်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ပြီးခဲ့သည့်နှစ်ကလည်း အလားတူပွဲမှာပဲ အလားတူ တိုက်ခိုက်မှုမျိုးဖြစ်ပြီး လူအချို့ သေဆုံးခဲ့ရာမှာလည်း အိုင်အက်စ်အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

Rf; Hurriyet Daily News
Writer_ မောင်သံဆင့်(XYZ News)