“တိုင်းပြည် ဗရုတ်ဗရက်ဖြစ်ပြီး တပ်မတော် အာဏာ သိမ်းလောက်အောင် ပြည်သူများ ဖန်တီးခဲ့ခြင်း မဟုတ်လား” ဟု ပဲခူးတိုင်း ဝန်ကြီးချုပ် ၏ ပြောဆိုချက်ကို ဝေဖန်မှုများနေ
Source:7DAY DAILY
Unicode
တိုင်းြ ပည် ဗရုတ် ဗရက် ဖြစ်ပြီး တပ်မတော်က အာဏာ သိမ်းစေရန် ပြည်သူများဖန်တီး နေခြင်းမဟုတ်လားဟု ပြောဆိုချက်ကြောင့် ပြည်သူများ နစ်နာမှု ရှိပါက တောင်းပန် လိုကြောင်းနှင့် ၎င်း ၏ ပြောဆိုမှု အားနည်းချက် ကိုသည်း ခံပေးရန် ပဲခူးတိုင်း ဝန်ကြီးချုပ်ဦး ဝင်းသိန်း က ပြောဆို လိုက်ကြောင်း သိရသည် ။ အဲဒီအတွက် နားလည်မှု လွဲရင်တော့ သည်းခံပေး ပါ ဟု ပြောဆို တောင်းပန် လိုက်ကြောင်း သိရ သည်။
ကျွန် တော်သုံးတဲ့စကားလုံး လွဲခဲ့ ရင် လည်း ခွင့်လွှတ်ပါပေါ့ ။ ဒီလိုပဲ ပြောချင်ပါတယ်။ တခြားရည်ရွယ် ချက်မရှိပါဘူး’’ ဟု ၎င်းကပြော သည်။ပဲခူးတိုင်းဝန်ကြီးချုပ် ၏အ ထက်ပါပြော စကားသည် NLDပါတီအတွက် အကြီး မားဆုံး သတိပေးချက်ဖြစ်ပြီး ပါတီ ပုံရိပ် ၊ အစိုးရ ပုံရိပ်ကို များစွာထိခိုက် သက်ရောက်စေကြောင်း နိုင်ငံ ရေးဆောင်းပါးရှင် ဦးသီဟသွေး က သုံးသပ် သည်။
‘‘ဒါက တောင်းပန် ရုံနဲ့ မရ ဘူး။ သဘောတရားရေးရာမကျေ ညက်တာ ။ အင်န်အယ်လ်ဒီအနေ နဲ့ လူရွေးတဲ့ အခါ နိုင်ငံရေးအရ စဉ်းစားပြီး ရွေးချယ်ဖို့လိုလာပြီဆို တာကို သတိပြုသင့်တဲ့အချက်ပဲ’’ ဟု ၎င်းက ပြောသည်။ ပဲခူးတိုင်း ဝန်ကြီးချုပ်ဦးဝင်းသိန်း ၏ ပြော ဆိုချက်ကို ပြည် သူများနှင့် နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူတချို့က ဝေဖန်ကြသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်း သိန်းသည် မတ်လ ၇ ရက်တွင် ကျောက်တံခါးမြို့နယ် သရက်စိန် ကျေးရွာ၌ ပြုလုပ်သည့်ဒေသခံ ပြည်သူနှင့် တွေ့ဆုံစဉ် ‘‘သ မိုင်းကြောင်းထဲမှာ ဒါဟာ တပ်မ တော်ကနေပြီးတော့ တိုင်းပြည်ကို အာဏာနဲ့ အုပ်ချုပ်လိုက်တာ။ တကယ်တမ်းလည်း အဲဒီလိုဖြစ် သွားတယ်။ ဒါပေမဲ့ အဲဒီလိုတပ်မ တော်တွေက အာဏာသိမ်း လောက်အောင် အခြေအနေတွေ ကို ဘယ်သူဖန်တီးခဲ့တာလဲ။
တိုင်းပြည် ဗရုတ်ဗရက်ဖြစ်ပြီး တော့ တပ်မတော်အာဏာသိမ်း လောက်အောင် ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ ပြည်သူတွေ က ဖန်တီးနေတာမဟုတ်ဘူးလား’’ ဟုထည့်သွင်းပြောဆိုသည်။ ထို့အပြင် ဖဆပလခေတ် တွင် ပြည်သူများက ညီညီညာညာ ဖြင့် အလုပ် လုပ်လျှင်၊ ပြဿနာ မဖြစ်လျှင်၊ အကွဲအပြဲမဖြစ်လျှင် တပ်မတော်အာဏာသိမ်းပါ့မ လားဟု၎င်းကမေးခွန်းထုတ်သည်။
Source:7DAY DAILY
Add a Comment
Your email address will not be published. Required fields are marked *