ရဲကို (၃) ခါတိုင် တာတောင် မဖမ်းလို့ ဝန်ကြီးချုပ်ကိုယ်တိုင် ဆင်းဖမ်းခဲ့ရတဲ့လောင်းကစားဝိုင်း

နယ်ခံ ရဲ တပ် ဖွဲ့ကို တိုင်သော် လည်း မဖမ်းဆီး လို့ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ကိုယ် တိုင် ဦးဆောင်ကာ မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ချောက်မြို့နယ် စလေမြို့ ထောက်ရှာ ကန်ကျေးရွာ တောင်ဘက် ယာခင်း သရက်ပင်အုပ်အတွင်း ပြုလုပ်နေတဲ့ လောင်းကစားဝိုင်း ကို ဖမ်းဆီးခဲ့ တယ်လို့ သိရ ပါ တယ် ။

စပါးပေါ်ချိန် ၊ ပဲပေါ်ချိန် ၊ နှမ်းပေါ်ချိန်တွေမှာ ကျေးလက်ဒေသအနှံ့ လုပ်နေကြတဲ့ လေးကောင်ဂျင်ဝိုင်း ၊ ကြက်ဝိုင်း စတဲ့ အာဝါဒေး ဝိုင်းတွေရဲ့ ဒုက္ခ မသေးလှပါဘူး၊ စာမေးပွဲတွေရှိလို့ ၊ ကစားဝိုင်းတွေ အရေးယူပေးပါလို့ ချောက်မြို့နယ် စလေရဲစခန်းမှူးကို (ယခုနယ်ပြောင်းသွားသည့်စခန်းမှူး) (၃) ကြိမ်ပြောတာတောင် ၊ မရပါဘူးတဲ့ ၊ မဖမ်းဆီးလို့ တိုင်တန်းသူက ကျနော်ဆီ အသိပေတိုင်တန်းလာတဲ့အတွက် အခုလို့ ဆင်းဖမ်းရတာပါလို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မကွေးဂျာနယ်ကိုပြောပါတယ်။

အခုလို ဖမ်းဆီးတဲ့အခါမှာ ဝန်ကြီးချုပ်နဲ့အတူ ဝန်ကြီးချုပ်လုံခြုံရေးရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့နဲ့ မကွေးခရိုင်ရဲတပ်ဖွဲ့များပါဝင်ပေမယ့် လောင်းကစားသမားများ ထွက်ပြေးသွားလို့ သက်သေခံပစ္စည်းများသာ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။သက်သေခံပစ္စည်းအဖြစ် ဘီယာပုလင်းနဲ့ဘီယာဗူးများ၊စားအိုးစားခွက်များ၊ လောင်းကစားဆက်စပ်ပစ္စည်းများ၊ တိုက်ကြက်၁ကောင်တို့ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။

“လောင်းကစားလုပ်နေတဲ့နေရာကို စလေ မိုလာလမ်းခွဲကနေ ဝင်ရတာပါ၊ နေရာရှာရတာ မလွယ်ဘူး ၊ လူစိမ်းမြင်တာနဲ့ ပြေးကြပြီ ၊လူက‌တော့မမိဘူး၊ ထွက်ပြေးတာပေါ့၊ လုပ်တဲ့‌နေရာက ကားလားလည်းမြင် ၊ဆိုင်ကယ်လာလဲမြင်၊ လူလာလဲ မြင်၊ သွားရေးလာရေးမလွယ်ဘူး၊ ယာခင်းထဲမှာ သရက်ပင်အုပ်အုပ်ကြီးအောက်မှာရှိနေတာ လူစိမ်းလာရင်တန်းမြင်တဲ့နေရာလေ၊ ပစ္စည်းတွေထားပြီးထွက်ပြေးကြတာပေါ့လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

သတင်းဓါတ်ပုံ ဦးအောင်ဝင်း

သတင်း ရွာသား(မကွေး)

ခရက်ဒစ် – မကွေးဂျာနယ်