ထိုင်း နိုင်ငံဘန်ကောက်မြို့ မှာ HIV ပိုးရှိသူ ( ၇၇၀၀၀ ) ကျော် အထိရှိဟု ဒုတိယ မြို့တော်ဝန်ပြော

ထိုင်း နိုင်ငံ မြို့တော် ဘန်ကောက် မှာ နေထိုင် တဲ့ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ ခန့်မှန်းခြေ ၇၇၅၀၀ လောက် ရှိနေပြီး သူတို့ထဲက ၁၁၉၀ ဦးဟာ အခုနှစ်ထဲ မှာ ကူးစက်ခံ ရသူတွေ ဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန်က ပြောပါ တယ် ။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး အဖွဲ့၊ ဒုမြို့တော်ဝန် ဒုတိယဗိုလ်ချုပ်ကြီး ဆိုဖွန် ဖီဆူသီဝေါင်း က ဆွေးနွေးပွဲ တစ် ခုမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဒီကိန်းဂဏန်း အချက် အလက်တွေ ဟာ ဘန်ကောက်မြို့တော် မှာ နေထိုင်ကြ တဲ့ အိပ်ခ်ျအိုင်ဗွီပိုး ( HIV ) ကူးစက်နေသူတွေကို စောင့်ကြည့်ထိန်းချုပ် တဲ့ စနစ်အရ သိရှိခဲ့ ရတာ ဖြစ် ပါ တယ်။

အခုနှစ် အတွင်း အိပ်ခ်ျအိုင်ဗွီပိုး ( HIV ) ကူးစက်ခံရသူ အယောက် ၁၁၉၀ ထဲ က ၆၂၈ ယောက်ကတော့ အသက် ၂၅ နှစ်အောက် အရွယ်တွေ ဖြစ်ပြီး အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူ ၁၈၇၇ ယောက် ရှိတယ်လို့ ဒုတိယမြို့တော်ဝန်က ဆိုပါတယ် ။ အမျိုးသား ကျန်းမာရေးဌာနက ရရှိတဲ့ စာရင်းဇယားတွေအရ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူတွေထဲက ၅၅၁၂၃ ယောက်ကတော့ အေအာတီဆေးတွေ ရရှိနေကြတယ်လို့ ဆိုဖွန်က ပြောပါတယ် ။

လတ်တလောမှာတော့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နည်းပညာ အသုံးပြုပြီး အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူတွေကို အကောင်းဆုံး စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Unicode

ထိုင်း နိုင်ငံ မြို့တော် ဘန်ကောက် မှာ နေထိုင် တဲ့ အိပ်ချ်အိုင်ဗွီပိုးရှိသူ ခန့်မှန်းခြေ ၇၇၅၀၀ လောက် ရှိနေပြီး သူတို့ထဲက ၁၁၉၀ ဦးဟာ အခုနှစ်ထဲ မှာ ကူးစက်ခံ ရသူတွေ ဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန်က ပြောပါ တယ် ။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး အဖွဲ့၊ ဒုမြို့တော်ဝန် ဒုတိယဗိုလ်ချုပ်ကြီး ဆိုဖွန် ဖီဆူသီဝေါင်း က ဆွေးနွေးပွဲ တစ် ခုမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဒီကိန်းဂဏန်း အချက် အလက်တွေ ဟာ ဘန်ကောက်မြို့တော် မှာ နေထိုင်ကြ တဲ့ အိပ်ချ်အိုင်ဗွီပိုး ( HIV ) ကူးစက်နေသူတွေကို စောင့်ကြည့်ထိန်းချုပ် တဲ့ စနစ်အရ သိရှိခဲ့ ရတာ ဖြစ် ပါ တယ်။

အခုနှစ် အတွင်း အိပ်ချ်အိုင်ဗွီပိုး ( HIV ) ကူးစက်ခံရသူ အယောက် ၁၁၉၀ ထဲ က ၆၂၈ ယောက်ကတော့ အသက် ၂၅ နှစ်အောက် အရွယ်တွေ ဖြစ်ပြီး အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူ ၁၈၇၇ ယောက် ရှိတယ်လို့ ဒုတိယမြို့တော်ဝန်က ဆိုပါတယ် ။ အမျိုးသား ကျန်းမာရေးဌာနက ရရှိတဲ့ စာရင်းဇယားတွေအရ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူတွေထဲက ၅၅၁၂၃ ယောက်ကတော့ အေအာတီဆေးတွေ ရရှိနေကြတယ်လို့ ဆိုဖွန်က ပြောပါတယ် ။

လတ်တလောမှာတော့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နည်းပညာ အသုံးပြုပြီး အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူတွေကို အကောင်းဆုံး စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။