လန်ဘော် ဂနီ ကားတစ်စီး ရဲ့ တန်ဘိုးက သိန်း၈သောင်းခွဲလောက် ရှိပါတယ်၊ ထီ သိန်းတစ်သောင်းခွဲ ကို (၇) ကြိမ်ဆက် တိုက်ပေါက်မှ လန်ဘော်ဂနီကားကို ဝယ်နိုင် မှာ

လက်တလော ဖေ့ဘုတ် မှာ တန်းဖိုးကြီး အဝတ်အစားတွေ နဲ့ ဘွဲ့တံဆိပ်ယူတဲ့ သူတွေကို ဝေဖန်သံတွေပါ။အဝတ်အစား ရတနာ တန်ဖိုးဟာ သိန်း သောင်းဂဏန်း ဆိုတော့ သုဓမ္မသိင်္ဂီကျောက်မျက် ရတနာပြပွဲကြီး ဘာညာပေါ့။ ဝေဖန်တာ ထက် ပုတ်ခက်စော်ကားတဲ့ သူကရှိပါသေးတယ်။

ကိုယ့်အမြင်တော့ အရမ်းများ လွန်းတာကြောင့်အံ့သြပြီး ဝေဖန်နေကြတာပါ။ တကယ်တော့ သူ့တို့ အတွက်က အဲ့ဒါ ပိုင်ဆိုင်ချမ်းသာမှု အပေါ်ယံလေးပါ။ ကျပျောက်နေ ခဲ့တောင် ဘာမှမဖြစ်ဘူး…ခင်ဗျားတို့ ပြောလည်း သူတို့က တုန့်ပြန်မှာ မဟုတ်သလို နောက်နေ့ ဖွဘုတ်ထက် မှာ ဆယ်လီ လုပ်မှာ လည်း မဟုတ်ပါဘူး။ ထားပါတော့…ဒီဘွဲ့တံဆိပ်တော်ရဖို့ သူတို့ စွမ်းဆောင်ခဲ့ရပုံ သူတို့ လှုဒါန်းခဲ့ရပုံကို ကြည့်ရအောင်…

ဒေါ်ပိုးဖြူအောင် ကတော့ အခု လတ်တလော မှ ပူပူနွေးနွေး သီဟ သုဓမ္မသိင်္ဂီဘွဲ့ရထားသူပါ ။ ဒီဘွဲ့တွေ ရဖို့က အံ့မခန်း မရေတွက်နိုင်လောက်အောင် ပိုက်ဆံ ရှိရပါတယ် ။ပိုက်ဆံရှိရုံ နဲ့လည်း မရသေးပါဘူး ။ အလှူဒါနတွေ နဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း ပက်ပက် စက်စက် ရက်ရက်ရောရော လှူတမ်း တဲ့သူ ဖြစ်ရပါတယ် ။

မြင်ရတဲ့ ကြားရတဲ့ သူတိုင်းက မချီးကျူးဘဲ မနေနိုင်လောက်အောင် သာဓုမခေါ်ဘဲ မနေနိုင်လောက်အောင် အားကျအတုယူ ရလောက်အောင် ကို လှူဒါန်း သူဖြစ်ရပါတယ် ။ပိုက်ဆံချမ်းသာရုံ နဲ့ ရတာတော့ မဟုတ်ပါဘူး ။ လူကြားကောင်းအောင် လှူရုံတမ်းရုံနဲ့လည်း မရပါဘူး ။ လူမြင်ကောင်းအောင် ခရိုဆန်ဆန် ပရဟိတ ဟန်ပြလောက်နဲ့လည်း မပေးပါဘူး ။

တကယ်ကို ထိုက်သင့် မှ လူတွင်မက နတ်တွေကပါ ဆင်းပြီး သာဓု ခေါ်လောက်အောင် ရက်ရော စွန့်ကျဲပေးကမ်းသူ ဖြစ်မှ ရတဲ့ဘွဲ့ပါ ။ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ပြောရရင်တော့ သူဌေးဖြစ်မှ ရတဲ့ဘွဲ့ပေါ့ ။ဒါပေမယ့် သူဌေးဖြစ်ရုံ နဲ့တော့ မရပါဘူး ။သူဌေးဖြစ်ဖို့အတွက် ကံ ဉာဏ် ဝီရိယ ရှိမှဖြစ်တယ် ဆိုတဲ့နေရာမှ ဉာဏ်နဲ့ ဝီရိယက လုပ်ယူလို့ဖြစ်နိုင်ပေမယ့် ကံ…. ကံဆိုတဲ့နေရာမှာလည်း အတိတ်ကံပေါ့. …

ဘယ်လိုမှ လုပ်ယူလို့မရပါဘူး ။ သူတို့တတွေရဲ့ အတိတ်ကံ ဒါနကံက တော်တော်အားကြီး ခဲ့တဲ့ သူတွေဖြစ်ပါတယ် ။ မြန်မာပြည်မှာ အဲဒီလောက် ချမ်းသာတဲ့သူ လက်တစ်ဆုပ်စာ ရှိပါတယ် ။မနာလို သွားဖြစ်ရင် အကုသိုလ်ရရုံပဲရှိမယ် ။ ပစ္စုပ္ပန်မှာ ဘာတွေဖြစ်လို့ ဘယ်လိုတွေပဲ လုပ်နေ လုပ်နေ အတိတ်ကံ ဒါနကံအားတော့ တော်တော်ကြီးခဲ့ကြတယ် ဆိုတာတော့ မှတ်ယူထားလိုက်ပါ ။

သူတို့ ဘယ်လောက် ကြွယ်ဝချမ်းသာတယ် ဆိုတာ တွက်ဆလို့ရအောင် အရိပ် အမြွက်ဖော်ပြပါ့မယ် ။သာမန် လူတန်းစားအဖို့ သိန်း တစ်သောင်းခွဲ ထီဆုကြီးက အကြီးကြီး ပါ အများကြီးပါ ။ တကယ့် အိပ်မက်ကြီးပေါ့ ။ထီပေါက်သွားသူ အဖို့လည်း တကယ့် အရှင်လတ်လတ် နတ်ပြည်ရောက် သွား ရသလိုပါပဲ ။သူတို့အဖို့တော့ ဘာမှမဟုတ်သေးပါဘူး ။ လန်ဘော်ဂနီ ကားတစ်စီး ရဲ့ တန်ဘိုးက သိန်း၈သောင်းခွဲလောက်ရှိပါတယ် ။

ထီ သိန်းတစ်သောင်းခွဲ ကို ၇ ကြိမ်ဆက်တိုက်ပေါက်မှ လန်ဘော်ဂနီကားကို ဝယ်နိုင် မှာဖြစ်ပါတယ် ။ သူတို့ ဘယ်လောက်ချမ်းသာကြသလဲဆိုရင် လန်ဘော်ဂနီကားကို အစီး ၂ဝ လောက် ပိုင်ဆိုင် ထားကြပါတယ် ။ဒါက ကားအရေအတွက် ကိုပဲ ပြောတာနော် ။ ကျန်တဲ့ ပစ္စည်းတွေ စည်းစိမ်တွေ မပါသေး ဘူးနော် ။ အဲလောက်ဆို တကယ့် သူဌေးကြီးတွေ ဘယ်လောက်ချမ်းသာသလဲဆိုတာ ခန့်မှန်းမိလောက်ပါပြီ ။

ကျွန်တော် အသက် ၂ဝ ဝန်းကျင်လောက်တုန်းက ထီဆုကြီးရဲ့ အမြင့်ဆုံးပမာဏက ၁၅ဝဝ ။ ထီ သိန်းထောင့်ငါးရာ ခေတ်ပေါ့ ။အဲဒီအချိန်တုန်းက သူဌေးတစ်ယောက် အိမ်ရောက်တော့ သူနေတဲ့ တိုက်ခန်းကလေးကို သဘောကျခဲ့တယ် ။

တကယ် နတ်ဗိမာန် လို ခံစားလိုက်ရတယ် ။ ခြေထောက်တောင် မချရက်ဘူး ။အဲဒီမှာ “ ကျွန်တော် ထီ သိန်းထောင့်ငါးရာ ပေါက်ရင် ဒီလို တိုက်မျိုး ဆောက်မယ်ဗျာ ” လို့ ပြောမိတော့ “ ငါ့တူ သိန်းထောင့်ငါးရာထီ တစ်ကြိမ်ပေါက်ရုံနဲ့ မရဘူးကွယ့် ၃ ကြိမ်ပေါက်မှ ဒီတိုက်မျိုး ဆောက်လို့ရမယ် ” လို့ အပြောခံခဲ့ရ ဘူးတယ် ။အရက် တစ်ပုလင်းကို ခင်ဗျားတို့ ကျွန်တော်တို့သိကြတာ ရက်ဒ် ဘလက် ဘလူး ဝှိုက် စီးလယ်ဗယ်, ချီးစ်ဗက် ဘာညာ စသဖြင့်ပေါ့ အနည်းဆုံး ၃ သောင်းကနေ အများဆုံး ၃ သိန်းခွဲပေါ ။တကယ့် သူဌေးတွေသောက်နေကြ တာက အနိမ့်ဆုံး ၁၈ သိန်းကနေ သိန်း အစိပ် သုံးဆယ်လောက် အထိ တန်တဲ့အရက်ပုလင်းတွေကို နေ့စဉ်နေ့တိုင်း သောက်နေကြတာပါ ။

ဆွဲကြိုးလေး လက်တစ် ဆစ်လောက် အိုင်ဖုန်း-၁၁ လောက်ကိုင် ကလစ်တို့ R-start ဒို ဆိုင်ကယ်တို့လောက် စီး, လေးငါးသောင်းတန် အရက်လောက် သောက်နိုင်လိုက်ကြရင်ကိုပဲ အရပ်ထဲမှာ သုံးမကုန်တဲ့ စည်းစိမ်ကြီး ပိုင်ဆိုင်ထားတယ် ထင်ကြတာ ။ဖုန်းနဲ့ပတ်သက်လို့ နဲနဲလေး ပွားလိုက်ပါရစေဦး ။ အိုင်ဖုန်း-၁၁ က အလွန်ဆုံး တန်လှ သိန်း ၂ဝ ကနေ ၃ဝ ပါပဲ ။ တကယ့် ချမ်းသာတဲ့သူတွေ ကိုင် တဲ့ ကီးပတ် ဖုန်းတံဆိပ်က Vertu တဲ့ ။

အရှည် က Vertu Signature Diamond တဲ့ ။ အမေရိကန် ဒေါ်လာ ရှစ်သောင်းကျော် ကိုးသောင်းနီးပါး တန်ပါတယ် ။ မြန်မာငွေနဲ့ ဆိုရင် သိန်း ၁၅ဝဝ နီးပါးတန်ပါတယ် ။အိုင်ဖုန်း ဆိုရင်လည်း သူတို့ကိုင်တာက iPhone Princess Plus တဲ့ ။ အမေရိကန်ဒေါ်လာ တစ်သိန်း ခုနစ်သောင်းခွဲလောက်တန်ပါတယ် ။ မြန်မာငွေနဲ့ တွက်မကြည့်ရဲလို့ မတွက်တော့ပါဘူး ။

အိုင်ဖုန်း ဆိုတဲ့နေရာမှာ ခင်ဗျားတို့ ကျွန်တော်တို့ သိတာက အိုင်ဖုန်း-၁၁ လောက်ပဲ အမြင့်ဆုံး လို့ သိကြတာပါ ။ စောန iPhone Princess Plus ဆိုတာတောင် ဘာမှ မဟုတ်သေးပါဘူး ။ကမ္ဘာ့ အမြင့်ဆုံးသော အိုင်ဖုန်းက Diamond Rose iPhone တဲ့ ။ အမေရိကန်ဒေါ်လာ ၈ သန်းအထိ တန်ပါတယ် ။ ရိုင်းရိုင်းပြောရရင် ကိုယ့်နိုင်ငံအတွင်းက မြို့နယ်တစ်ခုကိုတောင် ဝယ်လို့ရနိုင်လောက်တဲ့ ပမာဏပါ ။

အဝတ်အစားဆိုရင်လည်း ၅ သောင်းတန် ၁ သိန်းတန်လောက် ဝတ်ပြီး ဆရာကြီး လုပ်နေကြတယ် ။ သူတို့ဝတ်တာတွေက အနိမ့်ဆုံး ၁ဝ သိန်းကနေ သိန်းရာချီပြီး တန်တဲ့အဝတ်အစားတွေ ဝတ်နေကြတာပါ ။

အခု ဒေါ်ပိုးဖြူအောင် အဝတ်ပေါ်က အနီစက်ကလေးတွေက တကယ့်ပတ္တမြား အစစ်တွေနော် ။ တန်ဘိုး ကို ခန့်မှန်းမိအောင်လို့ပါ ။ဒါက တကယ့်ကို လက်တစ်ဆုပ်စာ လူတန်းစား, သန်းခြောက်ဆယ်ဆိုတဲ့ လူဦးရေထဲ လူ ၃ဝ လောက်ကို ပြောတာပါ ။

အရမ်းကြီး ဘဝင်မမြင့်ဖို့, ပြောချင်တာပါ ။ ကျွန်တော်ကတော့ သူတို့ ရဲ့ အတိတ်ကုသိုလ် အတိတ်ဒါန အားကြီး ပုံကို အားကျမိပါတယ် ။ ပစ္စုပ္ပန်ဒါန အားကိုလည်း သာဓု အနုမောဒနာခေါ်ဆိုပါတယ် ။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ……

၁။ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်

၂။ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်(သာသနာတော် ဆိုင်ရာအမြင့်ဆုံးဘွဲ့တံဆိပ်တော်များဖြစ်သည်)(၁၃၇၂-ခု)

၃။တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်

၎။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်

၅။ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်

၆။ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်

၇။ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်

၈။ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်

၉။ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်

၁၀။ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်

၁၁။ အဂ္ဂမဟာကမ္မဋ္ဌာစရိယ ဘွဲ့တံဆိပ်တော်

၁၂။ မဟာကမ္မဋ္ဌာစရိယ ဘွဲ့တံဆိပ်တော်

၁၃။ စူဠကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်

၁၄။ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်{ လူအမျိုးသား }

၁၅။အဂ္ဂမဟာ သိရီသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်

၁၆။ သိရီသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်

၁၇။ သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်

၁၈။သုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော် { လူအမျိုးသ္မီး }

၁၉။ အဂ္ဂမဟာ သိရီသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်

၂၀။ သိရီသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်

၂၁။ သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်

၂၂။ သုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော် ….. တို့ပဲဖြစ်ပါတယ် ။Credit-ကိုရန်နိုင်

သီရိသုဓမ္မသိဂဘွဲ့တံဆိပ် ပေးအပ်ရမှာ ရှိရမဲ့ ဂုဏ်အင်္ဂါအရည်အချင်းတွေကတော့….

(၁) ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း။

(၂) ရှင်သာမဏေ အပါး ၂၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း။

(၃) ရှင်သာမဏေ အပါး ၂၀ ကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေး လျက်ရှိခြင်း။

(၄) ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကိုကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။

(၅) ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာဝရငွေ ပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၂၀၀ အထက် လှူဒါန်းခဲ့ခြင်း။(၆) ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း။

(၇) တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း။(၈) သမ္မာ အာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း။

(၉) ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသ များသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၄၀၀၀ အထက် ရှိခြင်း။တို့ပဲဖြစ်ပါတယ်…”

ဒါကြောင့် အထက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အသက်ငယ်ငယ် နဲ့ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရရှိသွားတဲ့ ဒေါ်ပိုးအိဖြူမောင်အတွက် ဂုဏ်ပြုစကားလေး ဆိုခဲ့ပါအုံးနော်…..။Writer ; Kwee (Jeeptoolay) / Source ; ကမ်းနား-သစ်ပင်

crd : mmlivenews