ပန္းေတာင္ျမိဳ႕နယ္တြင္ ေျခ ေခ်ာင္း (၄) ေခ်ာင္းကုိျဖတ္ၿပီး ေစတီေအာက္ေျခထဲ ထည့္ခဲ့သည့္ ဆရာေတာ္ကုိ သတိေပး

ပန္းေတာင္းၿမိဳ့နယ္ ေရႊဘုံသာ အုပ္စု ေက်ာင္းေတာင္ (ေတာရ)တြင္ အသစ္တည္ေဆာက္ လ်က္ရွိသည့္ ေစတီအတြင္း ထည့္သြင္းခဲ့သည့္ ဆရာေတာ္၏ ေျခေခ်ာင္းေလးေခ်ာင္းကို မတ္လ ၇ ရက္က ဖယ္ရွားခဲ့ေၾကာင္း သိရပါတယ္။ပန္းေတာင္းၿမိဳ့နယ္ ေရႊဘုံသာေက်းရြာအုပ္စု ေက်ာင္းေတာင္သာသနာ့နယ္ေျမ ေက်ာင္းေတာင္ ေက်ာင္းတိုက္အတြင္း၌ သက္ေတာ္ ၃၉ ႏွစ္ ဝါေတာ္ ၇ ဝါရ ေက်ာင္းထိုင္ဆရာေတာ္ ဦးေဝပုလႅက ေစတီတည္ရာတြင္ ၎၏ ဝဲဘက္ေျခေခ်ာင္းေလးေခ်ာင္း (ေျခမမပါ)ကို ေစတီေအာက္ေျခအတြင္း ထည့္သြင္းခဲ့ေၾကာင္း သတင္းရရွိျပီးေနာက္ျမိဳ႔နယ္သံဃနာယက၊ ရပ္ေက်းသံဃနာယကႏွင့္ ျမိဳ႔နယ္သာသနာေရးဌာန တာ၀န္ရွိသူမ်ားမွ ယင္းသို႔ ဖယ္ရွားခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

“ဌာပနာတာေတာ့မဟုတ္ပါဘူး။ ေအာက္ေျခထဲမွာထည့္တာပါ။ ဒိီေန႔ပဲ ၿမိဳ့နယ္သံဃနာယက ရပ္ေက်းသံဃနာယကေတြနဲ႔ ထုတ္ၿပီးေတာ့ ေရေမ်ာလိုက္ပါၿပီ။ သူ႔ကို ၀န္ခံကတိထိုးခိုင္းၿပီးမွ ေရေမ်ာဖို့ဆုံးျဖတ္လိုက္တာပါ။ ေျခမမပါ ေျခေခ်ာင္းေလးေခ်ာင္းကို သူ႔ဟာသူ ပုလင္းထဲမွာ ထည့္ၿပီးေတာ့မွ ေဖာင္ေဒးရွင္းလုပ္တာပါ။ ေျခေထာက္ကို ဓားနဲ႔ခုတ္ျဖတ္တာလားေတာ့ ကၽြန္ေတာ္လည္း ေသခ်ာမသိဘူး”ဟု ပန္းေတာင္းၿမိဳ့နယ္ သာသနာေရးမွူးဦးေက်ာ္ဝင္းက ေျပာသည္။

“ကၽြန္ေတာ့ သေဘာထားအျမင္ကေတာ့ ေနာက္တစ္ႀကိမ္ေတာ့ အျဖစ္မခံဘူး။ ဗုဒၶသာသနာကို ညိွဳးႏြမ္းေစတယ္ေပါ့ဗ်ာ။ တျခားဘာသာေတြက ၾကားလို့မွ မေကာင္းဘူးေပါ့။ေနာက္တခါဆိုရင္ ကၽြန္ေတာ္ကိုယ္တိုင္ ရပ္ေက်းသံဃနာယကေရွ႕မွာ လူဝတ္လဲၿပီးေတာ့ ဥပေဒေၾကာင္းအရ ရာဇသတ္ႀကီးပုဒ္မ ၂၉၅ အရ အေရးယူေဆာင္ရြက္မယ္လို့ ေျပာထားတယ္။ ခုဟာက သူရဲ့ ဥပဇၥ်ာယ္ဆရာေတာ္နဲ႔ တိုင္းသံဃနာယကဆရာေတာ္တို့ရဲ့ ေမတၱာရပ္ခံခ်က္အရ ၿမိဳ့နယ္သံဃနာယကနဲ႔ ရပ္ေက်းသံဃနာယကတို့က ဆုံးျဖတ္ၿပီးေတာ့မွ သူ႔ကို ပထမဆုံးအႀကိမ္နဲ႔ ေနာက္ဆုံးအႀကိမ္ဆိုၿပီး သတိေပးၿပီး ဆုံးမလိုက္တဲ့သေဘာ ၾသဝါဒေပးလ္ိုက္တဲ့သေဘာပါ” ဟု ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ေစတီေတာ္ေအာက္ေျခမွ ျပန္လည္တူးေဖာ္ယူခဲ့သည့္ ေျခေခ်ာင္းေလးေခ်ာင္းကို မတ္လ ၇ ရက္ေန႔က တာဝန္ရွိသူမ်ားက ဧရာဝတီျမစ္အတြင္းသို့ ေရေမ်ာေဖ်ာက္ဖ်က္ပစ္ခဲ့ေၾကာင္း သိရပါတယ္။

Unicode

ပန်းတောင်းမြို့နယ် ရွှေဘုံသာ အုပ်စု ကျောင်းတောင် (တောရ)တွင် အသစ်တည်ဆောက် လျက်ရှိသည့် စေတီအတွင်း ထည့်သွင်းခဲ့သည့် ဆရာတော်၏ ခြေချောင်းလေးချောင်းကို မတ်လ ၇ ရက်က ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု ကျောင်းတောင်သာသနာ့နယ်မြေ ကျောင်းတောင် ကျောင်းတိုက်အတွင်း၌ သက်တော် ၃၉ နှစ် ဝါတော် ၇ ဝါရ ကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လက စေတီတည်ရာတွင် ၎င်း၏ ဝဲဘက်ခြေချောင်းလေးချောင်း (ခြေမမပါ)ကို စေတီအောက်ခြေအတွင်း ထည့်သွင်းခဲ့ကြောင်း သတင်းရရှိပြီးနောက်မြို့နယ်သံဃနာယက၊ ရပ်ကျေးသံဃနာယကနှင့် မြို့နယ်သာသနာရေးဌာန တာဝန်ရှိသူများမှ ယင်းသို့ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

“ဌာပနာတာတော့မဟုတ်ပါဘူး။ အောက်ခြေထဲမှာထည့်တာပါ။ ဒိီနေ့ပဲ မြို့နယ်သံဃနာယက ရပ်ကျေးသံဃနာယကတွေနဲ့ ထုတ်ပြီးတော့ ရေမျောလိုက်ပါပြီ။ သူ့ကို ဝန်ခံကတိထိုးခိုင်းပြီးမှ ရေမျောဖို့ဆုံးဖြတ်လိုက်တာပါ။ ခြေမမပါ ခြေချောင်းလေးချောင်းကို သူ့ဟာသူ ပုလင်းထဲမှာ ထည့်ပြီးတော့မှ ဖောင်ဒေးရှင်းလုပ်တာပါ။ ခြေထောက်ကို ဓားနဲ့ခုတ်ဖြတ်တာလားတော့ ကျွန်တော်လည်း သေချာမသိဘူး”ဟု ပန်းတောင်းမြို့နယ် သာသနာရေးမှူးဦးကျော်ဝင်းက ပြောသည်။

“ကျွန်တော့ သဘောထားအမြင်ကတော့ နောက်တစ်ကြိမ်တော့ အဖြစ်မခံဘူး။ ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေတယ်ပေါ့ဗျာ။ တခြားဘာသာတွေက ကြားလို့မှ မကောင်းဘူးပေါ့။နောက်တခါဆိုရင် ကျွန်တော်ကိုယ်တိုင် ရပ်ကျေးသံဃနာယကရှေ့မှာ လူဝတ်လဲပြီးတော့ ဥပဒေကြောင်းအရ ရာဇသတ်ကြီးပုဒ်မ ၂၉၅ အရ အရေးယူဆောင်ရွက်မယ်လို့ ပြောထားတယ်။ ခုဟာက သူရဲ့ ဥပဇ္စျာယ်ဆရာတော်နဲ့ တိုင်းသံဃနာယကဆရာတော်တို့ရဲ့ မေတ္တာရပ်ခံချက်အရ မြို့နယ်သံဃနာယကနဲ့ ရပ်ကျေးသံဃနာယကတို့က ဆုံးဖြတ်ပြီးတော့မှ သူ့ကို ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဆိုပြီး သတိပေးပြီး ဆုံးမလိုက်တဲ့သဘော သြဝါဒပေးလ်ိုက်တဲ့သဘောပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။စေတီတော်အောက်ခြေမှ ပြန်လည်တူးဖော်ယူခဲ့သည့် ခြေချောင်းလေးချောင်းကို မတ်လ ၇ ရက်နေ့က တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်းသို့ ရေမျောဖျောက်ဖျက်ပစ်ခဲ့ကြောင်း သိရပါတယ်။