အကျဉ်း ထောင်ထဲ ကို အပြင် ကနေ မူးယစ်ဆေး သယ်ပို့ပေးနေ တဲ့ ထောင်ဝန်ထမ်း များအား ဖမ်းမိ

စစ် ကိုင်းတိုင်း ကသာ အကျဉ်း ဦးစီးဌာနက ဝန်ထမ်း ၂ ဦး ထံ မှာ ယမန်နေ့ 9.3.2020 ရက်နေ့ မနက်ပိုင်း အချိန် က မူးယစ်ဆေးဝါး များဖမ်းဆီး ရမိခဲ့ ပါ တယ် ။က သာ အကျဉ်းထောင် ဗူးတံခါးတာဝန်ကျ ရဲတပ်သား အောင်တင့်နဲ့ ကျော်ကိုကိုတို့က တံးခါးကြီးကို အဝင်အထွက် ပြုလုပ်နေတဲ့ ထောင်ဝန်ထမ်းများ နဲ့ အပြင်ဘုတ် အကျဉ်းသား တို့ရဲ့ ခန္ဓာကိုယ် ကို စစ်ဆေးရှာဖွေရာ က မူးယစ်ဆေးဝါးတွေ ကို ရှာဖွေတွေ့ရှိခဲ့တာပါ ။

ထောင်ဝန်ထမ်း ရဲတပ်သား ဟိန်းချစ်မောင်ဦး ဝတ်ဆင်ထားတဲ့ ယူနီဖောင်း အောက်ခံ ဘောင်းဘီ အတွင်း ဝှက်၍ သယ်ယူလာတဲ့ ဘိန်းဖြူ ဖြူဝါရောင်အမှုန့် ၁၀ ဂရမ်ခန့် ပါ အလျား ၆ လက်မ အဝ တစ်လက်မခန့်ရှိ အဖြူ ရောင် ပလပ်စစ်တစ် တစ်ဗူးအား ရှာဖွေ တွေ့ရှိဖမ်းမိခဲ့တာ လို့ ရဲ မှတ်တမ်းအရ သိရပါတယ် ။

အဆိုပါ မူးယစ်ဆေးဝါးများအား လွန်ခဲ့သော ၈.၃.၂၀၂၀ ရက်နေ့ မနက်ပိုင်း အချိန် က ကသာမြို့ ကမ်းနားလမ်း အောင်စစ်ငြိမ်း ဘီယာဆိုင်သို့သွားရောက်၍ ကပ္ပလိပ် ကျေးရွာနေ မသန်းသန်း ဆိုသူနဲ့တွေ့ဆုံခဲ့ပြီး အကျဉ်းသား စိုးမင်းထံသို့ ပို့ဆောင်ပေးရန် ငွေ ၃ သိန်းကျပ်ဖြင့် ခိုင်းစေသဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုထားပါတယ် ။မူးယစ်ဆေးဝါးတွေကို ထောင်ဝန်ထမ်း တပ်သား ပိုင်မင်းသန့် မှ ထောင်ဝန်ထမ်း တပ်သား ဟိန်းချစ်မောင်ဦး ဆိုသူကို အကျဉ်းသား စိုးမင်းထံသို့ ပို့ဆောင်ခိုင်းစဉ် ဖမ်းမိခဲ့တာပါ ။

ဖြစ်စဉ်နဲ့ပတ်သက်လို့ လက်ဝယ်ကိုင်ဆောင် သယ်ယူလာတဲ့ တပ်သား ဟိန်းချစ်မောင်ဦး၊ ကသာမြို့ ပတ္တမြားရပ်ကွက် အပိုင်း ၁ ၊ ထောင်ဝန်ထမ်း သက်ပိုင်ဦး ကသာမြို့ အမှတ် ၃ ရပ်ကွက် ၊ အကျဉ်းသား စိုးမင်း ကသာမြို့နယ် မြိုင်သာယာ ကျေးရွာ နေသူတို့ ၃ ဦးကို အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားခဲ့တဲ့ ကသာမြို့နယ် ကပ္ပလိပ်ကျေးရွာနေ မသန်းသန်း ဆိုသူကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။အခုလို ကသာ အကျဉ်းထောင်အတွင်းမှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီး ရမိနေတာနဲ့ ပတ်သက်လို့ ဝေဖန်မှု တွေ ဖြစ်ပေါ်နေခဲ့တာပါ။

မြင့်လွင်