“က်ိဳက္ထီးရိုး ဘုရားတြင္ေရာင္းခ်ေသာ ဝါးေသနတ္ေၾကာင့္ ျပည္တြင္းစစ္ျဖစ္ပြား” ဟု ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ ေျပာျ

ပဲခူး၊ မတ္ ၁၀/၂၀၂၀ ။ ။ ပဲခူး တိုင္း ေဒသႀကီး၊ ေက်ာက္တံတားၿမိဳ့နယ္၊ သရက္စိန္ ေက်းရြာ တြင္ ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း က က်ိဳက္ထီးရိုး ဘုရား တြင္ ေရာင္းခ် တဲ့ ဝါးေသနတ္ေၾကာင့္ ျပည္တြင္းစစ္ ျဖစ္ပြား ဟု မတ္လ ၇ ရက္ေန႔ ျပဳလုပ္တဲ့ ျပည္သူလူထုႏွင့္ ေတြ႕ဆုံစဥ္ ေျပာဆို ခဲ့ သည္ ။

“က်ိဳက္ထီးရိုး သို့ ေရာက္ဖူးၾက ပါလိမ့္မယ္။ က်ိဳက္ထီးရိုးမွာ ဘာဝယ္လာၾကလဲဆိုေတာ့ ဘာမွ ထူးထူးျခားျခား မဟုတ္ဘူး။ ဝါးလုံး မီးနဲ႔တို့ထားတာကို က်ိဳက္ထီးရိုး အမွတ္တရဆိုၿပီး သံေခ်ာင္းနဲ႔မီး ေတ့ေပးတာကို ဝယ္လာၾကတယ္။ ကေလးေတြက ဒုန္း..ဒုန္း..ဒုန္း..လုပ္တယ္။ ဝါးလုံးနဲ႔ ေသနတ္ လုပ္တာေလ။ အဲ့ဝါးလုံးနဲ႔ ေသနတ္ ခဏခဏလုပ္တဲ့ အဲ့ေရာဂါေၾကာင့္ ျပည္တြင္းစစ္ပြဲျဖစ္လို့။ သူတို့ေတြ ႀကီးလာေတာ့ စစ္ဗိုလ္ခ်ဳပ္ေတြ ျဖစ္လို့။ က်ိဳက္ထီးရိုးက ျပန္လာတဲ့ ကေလးေတြ ဗိုလ္ခ်ဳပ္ႀကီးေတြ ျဖစ္တယ္ “ဟု ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက အဆိုပါ ေတြ႕ဆုံပြဲတြင္ ေျပာဆိုခဲ့တယ္။

၂၀၁၉ ေအာက္တို့ဘာလ ၅ ရက္ေန႔ ပဲခူးတိုင္းေဒသႀကီး၊
ဒမငယ္သစ္ခ်ိဳၿခံ လူထုေတြ႕ဆုံပြဲတြင္ ေက်းရြာလူထုမွ ပညာေရးဝန္ထမ္း ဆရာ၊ဆရာမ မ်ားေနထိုင္ေရးႏွင့္ ပတ္သက္ၿပီး တင္ျပရာတြင္ ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းမွ “ဝန္ထမ္းအိမ္ရာ မရွိတာေၾကာင္း ဆရာ၊ဆရာမေတြ ရပ္ထဲ၊ရြာထဲေနေတာ့ ဒီကရြာသူ၊ ရြာသားေတြႏွင့္ အိမ္ေထာင္က်။ အဲဒါမွ ျပန္ေျပာင္းမသြားမွ ျပန္ေျပာင္းသြားရင္ ဝန္ထမ္းလိုအပ္ခ်က္ရွိၿပီး။ လူငယ္ေလးေတြလည္း ဆရာမေတြကို ရည္းစားစကား လိုက္ေျပာၾက“ ဟု ေျပာဆို ခဲ့သျဖင့္ လူမွုကြန္ယက္တြင္ ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ကို ေဝဖန္မွုမ်ား ျပင္းထန္ခဲ့ဖူးသည္။

သာခိုင္(မုနိၿမီ)

Top Phoenix Media Group

Unicode

ပဲခူး၊ မတ် ၁၀/၂၀၂၀ ။ ။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ သရက်စိန် ကျေးရွာတွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း က ကျိုက်ထီးရိုး ဘုရားတွင် ရောင်းချ တဲ့ ဝါးသေနတ်ကြောင့် ပြည်တွင်းစစ် ဖြစ်ပွားဟု မတ်လ ၇ ရက်နေ့ ပြုလုပ်တဲ့ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောဆို ခဲ့သည်။

“ကျိုက်ထီးရိုး သို့ ရောက်ဖူးကြ ပါလိမ့်မယ်။ ကျိုက်ထီးရိုးမှာ ဘာဝယ်လာကြလဲဆိုတော့ ဘာမှ ထူးထူးခြားခြား မဟုတ်ဘူး။ ဝါးလုံး မီးနဲ့တို့ထားတာကို ကျိုက်ထီးရိုး အမှတ်တရဆိုပြီး သံချောင်းနဲ့မီး တေ့ပေးတာကို ဝယ်လာကြတယ်။ ကလေးတွေက ဒုန်း..ဒုန်း..ဒုန်း..လုပ်တယ်။ ဝါးလုံးနဲ့ သေနတ် လုပ်တာလေ။ အဲ့ဝါးလုံးနဲ့ သေနတ် ခဏခဏလုပ်တဲ့ အဲ့ရောဂါကြောင့် ပြည်တွင်းစစ်ပွဲဖြစ်လို့။ သူတို့တွေ ကြီးလာတော့ စစ်ဗိုလ်ချုပ်တွေ ဖြစ်လို့။ ကျိုက်ထီးရိုးက ပြန်လာတဲ့ ကလေးတွေ ဗိုလ်ချုပ်ကြီးတွေ ဖြစ်တယ် “ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက အဆိုပါ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့တယ်။

၂၀၁၉ အောက်တို့ဘာလ ၅ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊
ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲတွင် ကျေးရွာလူထုမှ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များနေထိုင်ရေးနှင့် ပတ်သက်ပြီး တင်ပြရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ “ဝန်ထမ်းအိမ်ရာ မရှိတာကြောင်း ဆရာ၊ဆရာမတွေ ရပ်ထဲ၊ရွာထဲနေတော့ ဒီကရွာသူ၊ ရွာသားတွေနှင့် အိမ်ထောင်ကျ။ အဲဒါမှ ပြန်ပြောင်းမသွားမှ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီး။ လူငယ်လေးတွေလည်း ဆရာမတွေကို ရည်းစားစကား လိုက်ပြောကြ“ ဟု ပြောဆို ခဲ့သဖြင့် လူမှုကွန်ယက်တွင် ပဲခူးတိုင်း ဝန်ကြီးချုပ်ကို ဝေဖန်မှုများ ပြင်းထန်ခဲ့ဖူးသည်။

သာခိုင်(မုနိမြီ)

Top Phoenix Media Group