စာမေးပွဲဖြေချိန် မီးလောင်မှုကြောင့် တက္ကသိုလ်ဝင် စာမးပွဲစာဖြေ ကျောင်းသား ကျောင်းသူများကို ကယ်ထုတ် နေရ ( ရုပ်/သံ)

တက္ကသိုလ်ဝ စာမေးပွဲဖြေချိန်မှာ မီးလောင်ကျွမ်းမှုကြောင့် ကျောင်းသား/ ကျောင်းသူများ ကို ကယ် ထုတ်နေ ရ ကြောင်း သိရှိရပါသည်။


ပဲခူး တိုင်း၊ အုတ်ဖိုမြို့ အထက်တန်းကျောင်း မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေ စဉ် ကျောင်းအနီး မီးလောင်မှုဖြစ်ပွားခဲ့လို့ ကျောင်းသားကျောင်းသူများ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ဒီနေ့ မတ်လ ၁၁ ရက် မနက် (၉) နာရီခန့်က အုတ်ဖို့မြို့ အထက်တန်းကျောင်းနဲ့ တစ်လမ်းခြားက အိမ်တစ်အိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ လက်ရှိတာ့ မီးငြိမ်းသွားခဲ့ပြီးကျောင်းသားကျောင်းသူတွေလည်း စာမေးပွဲစတင်ဖြေဆိုနေပြီလို့ အုတ်ဖိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က ပြောပါတယ်။

“ မီးစလောင်တဲ့အချိန်မှာ မိဘတွေက အတင်းဆွဲခေါ်ကြတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပါ။ ကျောင်းကိုလောင်တာလည်းမဟုတ်ပါဘူး။ ကျောင်းသားတွေလည်း ဘာမှ ထိခိုက်မှုမရှိပါဘူး။ အခုတော့ မီးငြိမ်းသွားပါပြီ။ ”

မီးလောင်မှု အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးဘဲ အိမ်နှစ်လုံး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့လည်း ဦးစောသူရအောင်က ပြောပါတယ်။တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ဒီနေ့ မတ်လ ၁၁ ရက်ကနေ မတ်လ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ကျင်းပသွားမှာဖြစ်ပြီး ဖြေဆိုသူ ဦးရေ ၉ သိန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။

ရုပ်သံကြည့်ရန်

စာမေးပွဲဖြေချိန် မီးလောင်မှုကြောင့် ကျောင်းသားကျောင်းသူများကို ကယ်ထုတ်နေရ

အုတ်ဖို အထက မာလာရေမွှေး ကျောင်းအနောက်ဘက်လမ်း မီးလောင်နေသောကြောင့် တက္ကသိုလ်ဝင်စာမးပွဲ စာဖြေကျောင်းသားကျောင်းသူများအား ကယ်ထုတ်နေရကြောင်း သိရှိရပါသည်။

မီးလောင်နေမှုအား မီးငြှိမ်းသတ်ပြီးကြောင်း သိရှိရသည်။