“က်န္းမာေရးဝန္ႀကီးရဲ႕ၫႊန္ၾကားခ်က္အရ သူမကိုေရာျပည္သူ အခ်င္းခ်င္းပါ လက္ဆြဲႏႈတ္ဆက္တာ မလုပ္ၾကဖို႔” ေဒၚေအာင္ဆန္းစုၾကည္တိုက္တြန္း

ကြၽန္မအေနနဲ႔ က်န္းမာေရးဝန္ႀကီးရဲ႕ ၫႊန္ၾကားခ်က္ အရ ဘယ္သူ႔ကိုမွ လက္ဆြဲ ႏႈတ္ဆက္လို႔မရပါဘူး။ျပည္သူေတြ အခ်င္းခ်င္းလည္း လက္ဆြဲ ႏႈတ္ဆက္တာ မလုပ္ၾကဖို႔ ကြၽန္မ တိုက္တြန္း ေျပာဆိုရမွာျဖစ္ပါတယ္။ ဘာျဖစ္ လို႔လည္း ဆိုေတာ့ အားလုံးသိတဲ့အတိုင္း ကို႐ိုနာ ဗိုင္းရပ္စ္ COVID- 19 ေရာဂါဟာ ကြၽန္မတို႔ႏိုင္ငံမွာ မဝင္ေရာက္ေသးဘူးဆိုေပမယ့္ ဝင္မယ္ မ ဝင္မယ္ဆိုတာ ေသခ်ာတဲ့ အေျခအေန လည္း မေရာက္ေသးပါဘူး” ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့သည္။

COVID-19 နဲ႔ပတ္သက္ၿပီး ျပည္သူေတြအေနျဖင့္က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ထားသည့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာၾကရန္ ေဖေဖၚဝါရီ ၁၀ရက္ေန႔ကျပင္ဦးလြင္ၿမိဳ႕တြင္ျပဳလုပ္သည့္ လူထုေတြ႕ဆုံပြဲတြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကတိုက္တြန္းေျပာၾကားသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔တြင္ လားရႈိးၿမိဳ႕ ျပည္သူ႔ ေဆး႐ုံႀကီး အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း JICA Phase II အေဆာက္အဦ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ၿပီး ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ႏွင့္ မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ ၿမိဳ႕တို႔မွ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ညေနပိုင္းက အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္ ျပင္ဦးလြင္သို႔ လွည့္လည္ ၾကည့္ရႈခဲ့သည္။ညပိုင္းတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ အဖြဲ႕ဝင္မ်ားႏွင့္အတူ ျပင္ဦးလြင္ၿမိဳ႕၌ ညအိပ္ ရပ္နားၾကေၾကာင္း သိရွိရသည္။

REF: THE LIFESTYLE MYANMAR

UNICODE

ကျန်းမာရေးဝန်ကြီးရဲ့ညွှန်ကြားချက်အရ သူမကိုရောပြည်သူအချင်းချင်းပါ လက်ဆွဲနှုတ်ဆက်တာ မလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ကျွန်မအနေနဲ့ ကျန်းမာရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဘယ်သူ့ကိုမှ လက်ဆွဲ နှုတ်ဆက်လို့မရပါဘူး။ပြည်သူတွေ အချင်းချင်းလည်း လက်ဆွဲ နှုတ်ဆက်တာ မလုပ်ကြဖို့ ကျွန်မ တိုက်တွန်း ပြောဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ် လို့လည်း ဆိုတော့ အားလုံးသိတဲ့အတိုင်း ကိုရိုနာ ဗိုင်းရပ်စ် COVID- 19 ရောဂါဟာ ကျွန်မတို့နိုင်ငံမှာ မဝင်ရောက်သေးဘူးဆိုပေမယ့် ဝင်မယ် မ ဝင်မယ်ဆိုတာ သေချာတဲ့ အခြေအနေ လည်း မရောက်သေးပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

COVID-19 နဲ့ပတ်သက်ပြီး ပြည်သူတွေအနေဖြင့်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန် ဖေဖေါ်ဝါရီ ၁၀ရက်နေ့ကပြင်ဦးလွင်မြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် လားရှိုးမြို့ ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း JICA Phase II အဆောက်အဦ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်းက အမျိုးသားကန်တော်ကြီးဥယျာဥ် ပြင်ဦးလွင်သို့ လှည့်လည် ကြည့်ရှုခဲ့သည်။ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ပြင်ဦးလွင်မြို့၌ ညအိပ် ရပ်နားကြကြောင်း သိရှိရသည်။

REF: THE LIFESTYLE MYANMAR