“တပ္ရင္းမႉး ၁ ဦး အပါအဝင္ အရာရွိနဲ႔ ရဲေဘာ္ (၂၀) ခန႔္ကို ဖမ္းထား”ဟု AA အၾကမ္းဖက္ အဖြဲ႕ ထုတ္ျပန္

ျမန္မာ့တပ္မေတာ္ဘက္က တပ္ရင္းမႉး အပါအဝင္ အရာရွိနဲ႔ ရဲေဘာ္ အေယာက္ ၂၀ ေလာက္ကို ဖမ္းဆီး ရမိထားတယ္လို႔ (ေအေအ) အၾကမ္းဖက္အဖြဲ႕ က သတင္းထုတ္ျပန္ပါတယ္။ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ မီးဝဗ်ဴးဟာကုန္းမွာ တပ္မေတာ္နဲ႔ AA အၾကမ္းဖက္ ေသာင္းက်န္းသူ တို႔ အၾကား မတ္လ ၁၀ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္းမွာဖမ္းမိခဲ့တာလို႔ ဆိုပါတယ္။

အဲ့ဒီတိုက္ပြဲမွာ မီးဝဗ်ဴဟာကုန္းကို စစ္ကူေပးဖို႔လာတဲ့ ျမန္မာ့တပ္မေတာ္ရဲ့ စစ္ေၾကာင္းေတြ ထဲက တပ္မ (၇၇) လက္ေအာက္ခံ ပဲခူးတိုင္း၊ ဘုရားႀကီးၿမိဳ႕ အေျခစိုက္ ခမရ(၇) ရဲ့ တပ္ရင္းမႉး သက္နိုင္ဦးအပါအဝင္ အရာရွိ၊ အၾကပ္၊ ရဲေဘာ္အားလုံးစုစုေပါင္း ၂၀ ဦးေလာက္ကို ဖမ္းဆီးနိုင္ခဲ့တယ္လို႔ AA က သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အခုကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဒီေန႔မနက္ ဒီဗြီဘီ သတင္းဌာနက ဖုန္းဆက္သြယ္ခဲ့တယ္လို႕သိရျပီး ျပန္လည္ေျဖဆိုမရွိတဲ့အတြက္ အဆိုပါ ဖမ္းဆီးမႈသတင္းနဲ႔ ပတ္သက္ၿပီး သီးျခားအတည္ျပဳနိုင္ျခင္းေတာ့ မရွိေသးဘူး လို႕လည္း သိရပါတယ္။

AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ “ခမရ (၇) အဲ့ဒီတပ္ရင္းမႉး သက္နိုင္ဦးအပါအဝင္ တပ္မတာ္သား ၂၀ ဦးကို က်ေနာ္တို႔ လက္နက္ခဲယမ္းေတြအတူ စစ္ေျမျပင္မွာ ဖမ္းဆီးရရွိထားတာရွိတယ္။ ေနာက္ထပ္လည္း အေလာင္း ၂၀ ေက်ာ္ေလာက္ သိမ္းဆည္းရမိထားတာရွိတယ္။ တပ္ရင္းမႉးနဲ႔ အတူတူ ေနာက္ထပ္အရာရွိ ဘယ္ႏွစ္ေယာက္ပါတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔အားလုံးစစ္ေဆးလို႔ ၿပီးမွာပဲ ေျပာလို႔ရမယ္” လို႔ ေျပာပါတယ္။

Unicode

မြန်မာ့တပ်မတော်ဘက်က တပ်ရင်းမှူး အပါအဝင် အရာရှိနဲ့ ရဲဘော် အယောက် ၂၀ လောက်ကို ဖမ်းဆီး ရမိထားတယ်လို့ (အေအေ) က သတင်းထုတ်ပြန်ပါတယ်။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဝဗျူးဟာကုန်းမှာ တပ်မတော်နဲ့ AA အကြမ်းဖက် သောင်းကျန်းသူ တို့ အကြား မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ မီးဝဗျူဟာကုန်းကို စစ်ကူပေးဖို့လာတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ကြောင်းတွေ ထဲက တပ်မ (၇၇) လက်အောက်ခံ ပဲခူးတိုင်း၊ ဘုရားကြီးမြို့ အခြေစိုက် ခမရ(၇) ရဲ့ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံးစုစုပေါင်း ၂၀ ဦးလောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီနေ့မနက် ဒီဗွီဘီ သတင်းဌာနက ဖုန်းဆက်သွယ်ခဲ့တယ်လို့သိရပြီး ပြန်လည်ဖြေဆိုမရှိတဲ့အတွက် အဆိုပါ ဖမ်းဆီးမှုသတင်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးဘူး လို့လည်း သိရပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ “ခမရ (၇) အဲ့ဒီတပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် တပ်မတာ်သား ၂၀ ဦးကို ကျနော်တို့ လက်နက်ခဲယမ်းတွေအတူ စစ်မြေပြင်မှာ ဖမ်းဆီးရရှိထားတာရှိတယ်။ နောက်ထပ်လည်း အလောင်း ၂၀ ကျော်လောက် သိမ်းဆည်းရမိထားတာရှိတယ်။ တပ်ရင်းမှူးနဲ့ အတူတူ နောက်ထပ်အရာရှိ ဘယ်နှစ်ယောက်ပါတယ်ဆိုတာကိုတော့ ကျနော်တို့အားလုံးစစ်ဆေးလို့ ပြီးမှာပဲ ပြောလို့ရမယ်” လို့ ပြောပါတယ်။