လုပ်ကြံမှုဖြစ် ပွား ခဲ့သည့် ဒီပဲယင်းမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပြန်လည် သွားရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပဲယင်းမြို့နယ်က ဒေသခံပြည်သူ လူထုတွေ တွေ့ဆုံပွဲကို ဒီပဲယင်းမြို့ ပြည်သူ့အားကစားကွင်းမှာ ဒီကနေ့ပြုလုပ်ရာမှာ လူဦးရေ သောင်းချီ လာရောက်ခဲ့ပါတယ်။အဝင်မှာ ကျန်းမာရေးစစ်ဆေးမှုအနေနဲ့ လက်ဆေးရည်ဖျန်းတာ၊ အပူချိန်တိုင်းတာတွေ ပြုလုပ်နေသလို လုံခြုံရေးလည်း တင်ကြပ်ထားပါတယ်။

ယင်းတွေ့ဆုံပွဲကို စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ရှိ မြို့နယ်ဘောလုံးကွင်းတွင်နံနက် (၁၀) နာရီမှ( ၁၁) ခွဲအထိ ကျင်းပပြုလုပ်ပြီး တက်ရောက်လာသူတွေထဲက မဲပေါက်သူ(၆)ဦးက ဒေါ်အောင်တန်းစုကြည်ကို ပြည်သူများရဲ့လိုအပ်ချက်များကို တင်ပြခွင့်ရသည်ဟု သိရှိရသည်။

ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ပေါင်း ၁၇ နှစ်ကြာမှ ပထမဆုံးအကြိမ် ဒီပဲယင်းမြို့နယ်ကို ပြန်လည်လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ရဲ့အထက်မြန်မာပြည်စည်းရုံးရေး ခရီးစဉ်ကို ဒီပဲယင်းမြို့နယ် ကျည်ရွာမှာ တုတ်၊ ဓားနဲ့ဝါးချွန်တွေ ကိုင်ထားတဲ့ လူအုပ်စုကြီးက အကြမ်းဖက်လုပ်ကြံ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ထိုတွေ့ဆုံပွဲတွင် နိာင်ငံတော် အတိုင်ပင်ခံက “(COVID 19) ရောဂါ မပြန့်ပွားရေးအတွက် ကျွန်မနဲ့ လက်တွဲနှုတ်ဆက်တဲ့သူတွေအတွက်ရော အားလုံးအတွက်ရော အန္တရာယ်ကင်း ဘေးကင်းအောင် ဒီကာလမှာ‌တော့သည်းခံပါလို့ကျွန်မပြောချင်ပါတယ် ၊ လက်ဆွဲမနှုတ်ဆက်တာဟာ  ပြည်သူတွေနဲ့ မထိတွေ့ချင်လို့မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်၊ ကျန်မာရေးဝန်ကြီးရဲ့ ညွန့်ကြားချက်တွေကိုလဲ ပြည်သူတွေအနေဲ့ သတိ ထားပြီတော့ လိုက်နာစေချင်ပါတယ်၊ ဒါအားလုံးကောင်းကျိုးအတွက် အခုဟာက ကျန်းမာရးတင်မဟုတ်ပါဘူး ကျန်းမာရေးနဲ့ဆက်နွယ်နေတဲ့စီးပွားရေးကိစ္စတွေလဲပါနေတယ် အဲဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ သတိထားစေချင်တယ်လို့ ၎င်းကပြောကြာခဲ့သည်။