သမ္မတဖြစ်ခွင့် ၅၉(စ) အပါဝင် ကျန်ပြင်ဆင်ချက်အားလုံး ၇၅ ရာခိုင်နှုန်းမကျော်၍ မူလအတိုင်းထားရှိ




Video ကြည့်ရန်

Video credit:DVB

Unicode

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ NLD ပါတီမှ အဆိုပြုသည့် ၅၉(စ)ကို ပယ်ဖျက်ရန် ပြည် ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ၇၅ ရာခိုင်နှုန်း ကျော်လွန်ခြင်းမရှိ၍ မူလအတိုင်းထားရှိခဲ့ရပါတယ်။

အလားတူ ၅၉(စ)အပါအဝင် ၅၉(ဂ)၊ ၅၉(ဃ) စသည့် ပုဒ်မ၊ ပုဒ်မခွဲများသည် ၇၅ ရာခိုင်နှုန်း ကျော်လွန်ခြင်းမရှိ၍ ပြင်ဆင်ခွင့်၊ ပျယ်ဖျက်ခွင့်မရခဲ့ပါဘူး။ထို့အတူ ပြည်သူ့လွှတ်တော်၌ တပ်မတော်သားပါဝင်မှု ပုဒ်မ ၁၀၉(ခ)သည်လည်း မူလအတိုင်းထားရှိခဲ့ရပါတယ်။

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်သည့်ပုဒ်မ ၁၆၁(ဃ)သည်လည်း မူလ အတိုင်းထားရှိခဲ့ရပါတယ်။အချုပ်အားဖြင့်ဆိုရလျှင် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်း၌ တပ်မတော်နှင့်သက်ဆိုင်သည့် ပုဒ်မ၊ ပုဒ်မခွဲ များကို ပြင်ဆင်ရန်၊ ပျယ်ဖျက်ရန်၊ အစားထိုးရန်စသည်ဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ၇၅ ရာခိုင်နှုန်းမကျော်၍ မူလအတိုင်း ထားရှိခဲ့ရပါတယ်။