သတင်းစာ ရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား၏ အမည်ရင်းကို ထုတ်ပြောခဲ့သည့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို မတ်လအတွင်း တရားစွဲမည်ဟု လွတ်လပ်သောရှေ့နေများအသင်းမှ ဦးသိန်းသန်းဦးကပြော

နေပြည်တော် ၊ ရုံးအမှတ် (၈)၌ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက် ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ် ရာ တွင် ဗစ်တိုးရီးယား ၏ အမည် ရင်းနှင့် မိဘ အမည်များ ကို ထုတ်ဖော်ပြောဆို သွားခဲ့သည့် ရဲတပ် ဖွဲ့မှ တာဝန် ရှိ သူများ ကို မတ်လ အတွင်း တရားစွဲဆို သွားမည် ဟု မြန်မာနိုင် ငံ လွတ်လပ် သောရှေ့နေများ အသင်းမှ ဦးသိန်းသန်းဦး က  ပြောသည်။

“တရားစွဲတာက ဒီမတ်လထဲ စွဲမှာ။ မတ် လ (၉) ရက်နေ့နောက် ပိုင်း စွဲမှာပေါ့။ အမှုဖွင့် တာကတော့ နေပြည်တော် မှာ အမှုဖွင့် မှာပါ။ ကြိုတင်ပြင်ဆင် မှုအနေနဲ့ကတော့ ဥပဒေ သမားတစ်ယောက်အနေ နဲ့ ဥပဒေပိုင်း ဆိုင်ရာကြိုတင် ပြင်ဆင်မှုတွေလုပ်ထားတယ်။ သူတို့ (ရဲတပ်ဖွဲ့) ထုတ်ပြော ခဲ့တဲ့ သက်သေအထောက် အထားတွေ ကိုယ့်ဘက်မှာ ရှိပြီးသားပါ။ ရဲဇာနည်ဖေ့စ်ဘုတ်ပေ့ခ်ျ ကနေ တစ်နိုင်ငံလုံးကို (live) လွှင့်ပြီးထုတ်ဖော်ပြောခဲ့တာ အရစွဲမှာပါ။ တခြား ထူးခြားတဲ့အထောက် အထားမလိုပါဘူး” ဟုဦးသိန်းသန်းဦး က ပြော သည်။

(၂၀၁၉) ခုနှစ်၊ မေလ တွင် နေပြည်တော် Wisdom Hill မူကြိုကျောင်း၌ ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု တွင် ကလေးငယ်၏ အမည်ကို ဗစ်တိုးရီးယားဟု အမည်ဝှက်ထားခဲ့သော်လည်း ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၉) ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ကလေးငယ် ၏ အမည်ရင်းနှင့် မိသားစုဝင်များအကြောင်း ကို ထုတ်ဖော်ပြောကြားခဲ့ သလို အဆိုပါသတင်းစာရှင် လင်းပွဲကို ရဲဇာနည် ဖေ့စ်ဘုတ်စ် စာမျက်နှာမှ တိုက်ရိုက်လွှင့်တင်ခဲ့သည်။

ဗစ်တိုးရီးယားအမှု သည် (၂၀၁၉) ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ရုံးချိန်း ၁၃ ချိန်း စစ်ဆေးခဲ့ပြီး သံသယတရားခံကို တရားရုံးက တရားရှင်လွှတ်ပေးခဲ့သည်။

ဗစ်တိုးရီးယား မိဘများကိုယ်စား တရားစွဲဆိုသွားမည့် စာရေးဆရာ ထင်လင်းဦးက တရားစွဲဆိုရန် ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူထံမှ ကိုယ်စားလှယ်လွှဲစာကို ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်၌ လက်ခံခဲ့သည်။ စာရေးဆရာထင်လင်းဦးက တရားစွဲဆိုသွားမည့် ဥပဒေပုဒ်မများနှင့်ပတ်သက်ပြီး”ကျွန်တော်တို့စွဲသွားမယ့် ဥပဒေပုဒ်မကတော့ ကလေးအတွက်လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ မှာ ရဲအရာရှိတချို့က ကလေးရဲ့ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောခဲ့တဲ့အတွက် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဥပဒေကိုချိုးဖောက်တာပေါ့။ အဲဒီအတွက်ကလေးဘက်က နစ်နာတဲ့အနေနဲ့တရားစွဲမှာ။ နောက်တစ်ခုက တစ်စုံတစ်ယောက်ကို နစ် နာစေ ဖို့ online၊ media၊ facebook တို့လို့ဆက်သွယ်ရေးတစ်ခုခုမှာ ထုတ်ဖော်တင်ပြရေးသားတာ လုပ်ဆောင်ခဲ့တာဆိုရင် ပုဒ်မ ၆၆(ဃ) နဲ့ ငြိတယ်။ အဲဒီအတွက် တိုက်ရိုက်သတင်းလွှင့်ခဲ့တဲ့ ရဲဇာနည်ပေ့ခ်ျစီစဉ်သူကိုလည်း ဒီပုဒ်မနဲ့တရားစွဲမှာပါ။ အမှုမှန်ပေါ်ပေါက်ရေး အတွက် တစိုက်မတ်မတ်ကြိုးစားဖော်ထုတ်သွားမှာပါ” ဟုပြောသည်။

ပြီးခဲ့ သည့် ဖေဖော်ဝါရီ (၂၁) ရက် က သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ မဆောင်ရွက်နိုင်သော၊ တာဝန်ကျေပွန်စွာ မဆောင် ရွက်နိုင်သော တာဝန်ရှိသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

crd:The standard Time