စနိုက်ပါများ၊ ရော့ကတ်လောင်ချာ၊ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးများ၊ မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကွတ်ခိုင်တွင် ထပ်မံ ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနှင့် လွယ် ခမ်ကျေးရွာအနီး ပတ်ဝန်းကျင်နေရာများ၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁ဝ ရက်အထိငွေကျပ် ၂၆၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနယ်မြေ တစ်ဝိုက်အား နယ်မြေလုံခြုံရေးနှင့် ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ထွက်ပြေးတိမ်းရှောင်နေသော လွယ်ခမ်ကျေးရွာနေ ဦးဝမ်တာ ဂျုံး(ဘ) ဦးဝမ်ချွန် ပိုင်ဆိုင်သည့် တစ်ထပ်တိုက် နေအိမ်အောက်ထပ်ရှိ မြေအောက်ခန်းအတွင်းမှ M-16 5.56 mm M4A1 Sniper Rifle သေနတ် တစ်လက်၊ M-16 5. 56 mm Assault Rifle သေနတ် တစ်လက်၊ M-16 M4A1 သေနတ်တစ်လက်၊ ပွိုင့်-၃ဝ၈ Sniper Rifle သေနတ် တစ်လက်၊ 12 Bore ရန်ပုံခွင်း Remington သေနတ်တစ်လက်၊ 7. 62 mm Assault Rifle Type-56 သေနတ်နှစ်လက်၊ 7. 62 mm Assault Rifle M-22 သေနတ် တစ်လက်၊ 40 mm Rocket Launcher (M-7) သေနတ်နှစ်လက်၊ M4 A1 Sniper 5.56 ကျည် ၆၅ တောင့်၊ 308 Sniper 7.62 မမကျည် ၁၁ တောင့်၊ွ RPG ပို့ကျည် ၂၁ တောင့်၊ RPG ဒုံးသီး ၂၁ လုံး၊ 12 Bore ကျည် ၆၅ တောင့်၊ ၇.၆၂ x ၃၉ ကျည် ၃၁ဝ တောင့်၊ ၇.၆၂ ကျည် ၂၃ တောင့်၊ ၅.၅၆ ကျည် ၁၅၆ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၂၁၈ လုံး၊ M-22 ကျည်အိမ်မျိုးစုံ ၁၅ ခု၊ ၅.၅၆ မမကျည်အိမ် နှစ်ခု၊ M4A1 Sniper ကျည်အိမ် သုံးခု၊ ပွိုင့်-၃ဝ၈ Sniper ပြောင်းတိုက်တံလေးချောင်း၊ ၃ဝ၈ Sniper လွယ်ကြိုးတစ်ချောင်း၊ 308 Sniper တံတောင်စွပ်တစ်ခု၊ 308 Sniper ဆိုဒ်ခုံအပိုတစ်ခုတို့အား အိမ်စောင့် အမျိုးသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ၎င်း နေအိမ်ခြံဝင်းအတွင်းရှိ ကားဂိုဒေါင်မြေအောက်ခန်းအတွင်းမှ M-22 သေနတ် လေးလက်၊ ပစ္စတို သေနတ်တစ်လက်၊ ၅.၅၆ ကျည် ၁၁ဝဝ တောင့်၊ ၄ဝ မမဗုံးသီး ၂၁ လုံး၊ ဝင်ချက်စတာကျည် ၄၁၅ တောင့်၊ စိတ်ကြဆေးပြား တံဆိပ်ရောရာ ၈ဝဝဝဝဝ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၂၂ ခွက်(သုည ဒသမ ၂၂ ကီလို)၊ ကက်တမင်းအမှုန့် ၁၈ ထုပ်၊ ဘိန်းချေး ၁ဝ ကီလို၊ ကဖင်း ၅၅ ကီလို၊ တာတာရစ်အက်စစ် ၄၄ အိတ်၊ အရိုးမီးသွေးမှုန့် ခုနစ်အိတ် (၁၄ဝ ကီလို)၊ Ammonia Water ဓာတုဆေးရည် ၁၉ဝ ပုလင်း၊ Sodium Acetate ဓာတုဆေးရည် ၂ဝ ဘူး (၅ဝဝ ဂရမ်)၊ Ammonian Chloride ဓာတုဆေး ရည် ၇၉ ဘူး၊ Sodium hydroxide ဓာတုဆေးရည် ၁၂၁ ဘူး၊ အီသနော အက်စစ် ၅ ဂါလန်ပုံး ခုနစ်ပုံး၊ ဆေးပြားရိုက်တံ ၂၈ ချောင်း၊ ဆေးပြား ပါကင်ပိတ်စက် ငါးလုံး၊ ဂက်စ်အိုး ၃၄ လုံး၊ ဆေးပြားအခြောက်ခံဗန်း သုံးချပ်၊ လေအိုး ၁၄ လုံး၊ ဒစ်ဂျစ်တယ်ကတ္တား ခုနစ်လုံး၊ ကြေကတော့ ခြောက်ခု၊ ဖန်ပေါင်းအိုး သုံးလုံး၊ သံပုံး ငါးပုံး၊ ဆေးပြားမွှေစက် နှစ်ခု၊ ဆေးပြားရိုက်စက် တစ်ခု၊ ဓာတ်ငွေ့ကာမျက်နှာဖုံး လေးခုနှင့် VIGO 4 Wheel Doublecub မော်တော်ယာဉ် တစ်စီးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ နေထွက်ပြေးတိမ်းရှောင်နေသော ဦးစိန်ဝင်း ပိုင်ဆိုင်သည့် လွယ်ခမ် ကျေးရွာ ရှိ ဂိုဒေါင်နှင့် မြေအောက်ခန်းအတွင်းမှ WY နှင့် 88/1 စာတန်းပါ စိတ်ကြ ရူးသွပ်ဆေးပြား ၂၄၈ဝဝဝဝ ပြား၊ Dicyclohexylacetic အက္စစ်အမှုန့် ၅ဝ ကီလို၊ Polypropylene အက္စစ်အမှုန့် ၂ဝ ကီလို၊ Trifluoracetophenone အက်စစ်အမှုန့် ၁၂ဝ ကီလို၊ အရိုးမီးသွေးအိတ် တစ်အိတ် (၃ဝ ကီလိုဂရမ်)၊ ပေါင်ဒါ ၃ဝဝ ကီလို၊ Ethyll Maltol ၉ ကီလို၊ အနီရောင်အမှုန့် ၃ဝ ကီလို၊ အက်စစ်ပီပါ ၂၉ လုံးနှင့် ၅ ဂါလန်ဆံ့အက်စစ်ပုံး ၁၅ ပုံးတို့ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။

ယင်းနောက်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီခွဲခန့်တွင် ကွတ်ခိုင် မြို့နယ်၊ လွယ်ခမ်ကျေးရွာနေ ထွက်ပြေးတိမ်းရှောင်နေသော ဦးလျှိုပါ့(ဘ) ဦးလျှိုအယ် ပိုင်ဆိုင်သည့် ငါးကန်ဘေးသဲပုံနှင့် ကျောက်ပုံအနီးတို့၌ သဲအိတ်၊ ကျောက်အိတ်များဖြင့် ဖိ၍ဝှက်ထားသော ဆေးပြားရိုက်စက် သုံးလုံး၊ ဖန် ပေါင်းပြန် ၁၅ လုံး၊ ကြေကန်တော့ ခုနစ်လုံး၊ Ammonian Chloride ၂၁၅ဝ ကီလို၊ Sodium hydroxide ၇၅ ကီလို၊ ဆေးပြားမွှေစက် နှစ်လုံး၊ ဆေးပြား ထည့်သည့် အပြာရောင်အိတ်ခွံ ၂၄ အိတ်၊ စတီးကန်တော့သုံးလုံး၊ ဒန်ဇလား ၂ဝ လုံး၊ စတီးဇလား သုံးလုံး၊ သံဇလား ခြောက်လုံးနှင့် ၅ ဂါလန် ဆံ့အင်ဂျင်ဝိုင်ပုံး သုံးပုံးတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေဖော်ထုတ်သိမ်း ဆည်းရရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ စိတ်ကြရူးသွပ် ဆေးပြားမျိုးစုံ ၁၂၄၉၇၇ဝဝဝ ပြား၊ ဘိန်းဖြူ ၁၉၂ ဒသမ ၉၂ ကီလို၊ ဘိန်းညို ၂၇၁ ကီလို၊ ဘိန်းဖြူခဲ ၁ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဆီခဲ ၁၆ ကီလို၊ ဆေးပြား အကြေမှုန့် ၂ ဒသမ ၆၅ ကီလို၊ ဘိန်းစိမ်း ၁ဝ ကီလိုနှင့် ICE ၄၃၃ ဒသမ ၅ ကီလိုဂရမ် စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်း တန်ဖိုးမှာ ငွေကျပ် ၂၇၂ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်း ၁၈၅ မျိုး၏ ကာလတန်ဖိုးမှာ ငွေကျပ် ၁ ဘီလီယံ ကျော်ဖြစ်ရာ စုစုပေါင်းငွေကျပ် ၂၇၄ ဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်၍ အဓိက တရားခံများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်း နှင့် အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနယ်မြေ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေစစ်ဆေး မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ref:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး