မွေးနေ့ရှင် သူငယ်ချင်းဖြစ်သူကို စနောက်ရာမှ ဓားဖြင့်ထိုးခံရပြီး သေဆုံးမှု လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ဖြစ်ပွား

လှိုင်သာယာ (အရှေ့ပိုင်း)  မြို့နယ် ၌ မွေးနေ့ရှင် သူငယ်ချင်းဖြစ် သူကို စနောက် ရာမှ ဓားဖြင့် ထိုးခံရပြီး သေဆုံး ခဲ့သည် ဆိုမှုကို သက်ဆိုင်ရာ က အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မတ် (၁၂) ရက် တွင် ရဲတပ် ဖွဲ့မှ သိရသည်။

မတ် (၁၁) ရက် မွန်းလွဲ (၁) နာရီ ခွဲ အချိန် တွင် လှိုင်သာယာ မြို့နယ် ပြည်သူဆေးရုံ သို့ ဓားဒဏ် ရာရရှိ ထားသည့် လူနာ တစ်ဦးရောက်နေကြောင်း သတင်း အရ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်) ရဲစခန်းမှူး ဒုရဲမှူးစန်းယုနှင့် အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

ဓားဒဏ် ရာရရှိထားသူမှာ (၁၄) ရပ်ကွက်နေ ဘိုဘိုကျော်(၂၃ နှစ်)ဖြစ်ပြီး ဝမ်းဗိုက်ချက်အောက် ထိုးသွင်းဒဏ်ရာ ရရှိထားသည်ကို တွေ့ရ သည်။

စုံစမ်းချက် အရ ၎င်းအလုပ်လုပ်ကိုင်သည့် ကြည့်မြင်တိုင်ငါးဈေးမှ ပြန်လာစဉ် လှိုင်သာယာ (၁၄) ရပ် ကွက် အောင်သုခ(၁) လမ်းရှိ သူငယ်ချင်းဖြစ်သူ သက်ဝေစိုး(ခ)ပြူးကြီး၏ မွေးနေ့သို့ ဝင်ရောက် သောက်စားခဲ့သည်။

သက်ဝေစိုး(ခ)ပြူး ကြီး က ဘိုဘိုကျော်၏ သမီးငယ်ကို ဓါးနှင့်ထိုးလိုက်မည်ဟု စနောက်ပြောဆိုခဲ့ရာ ဘိုဘိုကျော်က ကလေးကို မထိုးနဲ့ ငါ့ကိုထိုး ဟု ဆိုစဉ် သက်ဝေစိုး(ခ)ပြူးကြီးက ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့သည်။

ဘိုဘိုကျော်မှာ ရရှိသည့် ဓားဒဏ်ရာဖြင့် သေဆးကုသနေစဉ် သေဆုံးသွားသောကြောင့် အရေး ယူပေးရန် ဇနီးဖြစ်သူက မတ် ၁၁ ရက် ညနေ (၄) နာရီခွဲအချိန်တွင် သက်ဆိုင်ရာသို့တိုင်ကြား ခဲ့သည်။

လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ) ၁၈၄၈/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲ အမှုဖြင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

crd:The myanmar Time