ကျင်းပလျှက်ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော်အား မတ်(၁၃)ရက်နေ့တွင် ပိတ်သိမ်းရန် မကွေးတိုင်းဝန်ကြီးချူပ်မှ ညွှန်ကြား

မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု) မြို့နယ်တွင် ကျင်းပလျှက် ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော်အား မတ်(၁၃)ရက်နေ့ တွင် ပိတ် သိမ်း ရန် ညွှန်ကြား ခဲ့ကြောင်း ယင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို က ပြောကြားသည်။

“ဒီနေ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကကျင်းပတဲ့ အစည်းအဝေးမှာ လာမယ့် (၂၆)ရက်နေ့ မှာ ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ် ။ သို့သော် ပြည်ထောင်စုအဆင့်နောက်ဆုံးလုပ်တဲ့ သတင်းအရ မည်သည့်ပွဲလမ်းသဘင်ကိုမှ ကျင်းပခွင့်မပြုတော့ဘူး။ အဲ့ဒါကြောင့် မနက်ဖြန် (၁၃)ရက်ေ န့မှာ ပိတ်သိမ်းဖို့ လုပ်နေပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ဆိုသည် ။

ထို အပြင် သင်္ကြန်ပွဲတော်တွင် လည်း မဏ်ဏ္ဍပ်များဆောက်လုပ် ခွင့်မပြုခြင်း၊ နိုင်ငံခြားမှ ပြန်လာသူများကိုလည်း အချိန် အတိုင်း အတာ တစ်ခုထိသီးသန့်ခွဲခြားထားမည်ဖြစ်ပြီး ရပ်ရွာများတွင်လည်း နာရေးမှလွဲ၍ လူစုလူဝေးများပြုလုပ်ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ထပ် မံပြောပြသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်အား နှစ်စဉ် ဇန္နဝါရီလ(၂၉)ရက်နေ့တွင်ဖွင့်ပွဲပြုလုပ်လေ့ရှိပြီး သင်္ကြန်အပြီးနှစ်ဆန်း(၁)ရက်နေ့တွင် ယင်းပွဲတော် အားပိတ်သိမ်းလေ့ရှိသည်။

crd:The voice