ပရိတ္ ရြတ္ရင္ ကိုရိုနာ ေဘးက တကယ္လြတ္ႏုိင္လား အရွင္ဘုရား??

အရွင္ဘုရား ရတနသုတ္႐ြတ္ရင္ ကိုရိုနာ ေဘးက တကယ္ကင္းေဝးမွာလားဘုရား

စိတ္ရင္းအတိုင္းေျပာရရင္ ရတနသုတ္ကို အားကိုးတာထက္ ဆရာဝန္ေတြရဲ႕ လမ္းၫႊန္ခ်က္ကို ပိုလိုက္နာေစခ်င္တယ္။ဘာေၾကာင့္လဲဆိုေတာ့ ႐ြတ္တဲ့ဘုန္းႀကီးေတြ အမ်ားစုကလည္း ဒကာ ဒကာမအေပၚ ေမတၱာက႐ုဏာစိတ္ျဖစ္ေနတာထက္ စာအိတ္အထူအပါးဆီ စိတ္ေရာက္ေနၾကတာက မ်ားတယ္။

ပုဒ္ပါဌ္အကၡရာ မခြၽတ္ယြင္းရဘူးဆိုေပမယ့္ ဘုန္းႀကီးေတြကိုယ္တိုင္က ေမတၱသုတ္ေတာင္ အျဖတ္အေတာက္မွန္ေအာင္ မ႐ြတ္ႏိုင္ၾကတာက မ်ားတယ္။ၿပီးေတာ့ မင္းတို႔ကလည္း မယုံတာလို ယုံတာလိုနဲ႔။ ပရိတ္နာရင္း စိတ္ကလည္း ေတာေရာက္ေတာင္ေရာက္နဲ႔။ ပရိတ္အဓိပၸါယ္လည္း ဘာမွနားမလည္ဘူး။ အဲဒီေတာ့ ဆရာဝန္လမ္းၫႊန္ခ်က္လိုက္နာလိုက္တာက ပိုလြယ္ပါတယ္။

ဘုန္းႀကီးေတြပင့္ၿပီး တစ္ခါတစ္ေလ အိပ္ငိုက္ရင္း ပရိတ္နာတာထက္ ကိုယ္တိုင္က ေန႔စဥ္စြဲစြဲၿမဲၿမဲ ယုံယုံၾကည္ၾကည္႐ြတ္တာက ပိုေကာင္းပါတယ္။ ငါေတာ့ အဆဲခံရေတာ့မယ္ထင္တယ္။

မွတ္ခ်က္ ။ ။ စာအိတ္အထူအပါးဆီ စိတ္ေရာက္တတ္တဲ့စာရင္းထဲ မိုးသုလည္းပါပါသည္။

crd – Ashin Khema Nanda

Unicode

အရှင်ဘုရား ရတနသုတ်ရွတ်ရင် ကိုရိုနာ ဘေးက တကယ်ကင်းဝေးမှာလားဘုရား

စိတ်ရင်းအတိုင်းပြောရရင် ရတနသုတ်ကို အားကိုးတာထက် ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်ကို ပိုလိုက်နာစေချင်တယ်။ဘာကြောင့်လဲဆိုတော့ ရွတ်တဲ့ဘုန်းကြီးတွေ အများစုကလည်း ဒကာ ဒကာမအပေါ် မေတ္တာကရုဏာစိတ်ဖြစ်နေတာထက် စာအိတ်အထူအပါးဆီ စိတ်ရောက်နေကြတာက များတယ်။

ပုဒ်ပါဌ်အက္ခရာ မချွတ်ယွင်းရဘူးဆိုပေမယ့် ဘုန်းကြီးတွေကိုယ်တိုင်က မေတ္တသုတ်တောင် အဖြတ်အတောက်မှန်အောင် မရွတ်နိုင်ကြတာက များတယ်။ပြီးတော့ မင်းတို့ကလည်း မယုံတာလို ယုံတာလိုနဲ့။ ပရိတ်နာရင်း စိတ်ကလည်း တောရောက်တောင်ရောက်နဲ့။ ပရိတ်အဓိပ္ပါယ်လည်း ဘာမှနားမလည်ဘူး။ အဲဒီတော့ ဆရာဝန်လမ်းညွှန်ချက်လိုက်နာလိုက်တာက ပိုလွယ်ပါတယ်။

ဘုန်းကြီးတွေပင့်ပြီး တစ်ခါတစ်လေ အိပ်ငိုက်ရင်း ပရိတ်နာတာထက် ကိုယ်တိုင်က နေ့စဉ်စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည်ရွတ်တာက ပိုကောင်းပါတယ်။ ငါတော့ အဆဲခံရတော့မယ်ထင်တယ်။

မှတ်ချက် ။ ။ စာအိတ်အထူအပါးဆီ စိတ်ရောက်တတ်တဲ့စာရင်းထဲ မိုးသုလည်းပါပါသည်။

crd – Ashin Khema Nanda