ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၄၃၆ (က)ထဲ အက်ဳုံးဝင္သည့္ ပုဒ္မ၊ ပုဒ္မခြဲ(၅၅) ခုလုံးအေပၚ မဲခြဲဆုံးျဖတ္မႈၿပီးစီး၊ ပုဒ္မ(၂) ခုသာျပင္ဖို႔မဲရ

ဖြဲ႕စည္းပုံျပင္ဆင္ေရး ဒီေန႔ ၄ ရက္ေျမာက္ေန႔မွာလည္း ပုဒ္မ၊ ပုဒ္မခြဲ(၁၂) ခုလုံး ျပင္ဆင္ဖို႔ ေထာက္ခံမဲ(၄၁၀) ေက်ာ္ထိ ရရွိခဲ့ေပ့မဲ့ (၇၅)ရာခိုင္ႏႈန္းမေက်ာ္တာေၾကာင့္ မူလအတိုင္းထားဖို႔ ျပည္ေထာင္စုလ ႊတ္ေတာ္နာယကက ေၾကညာလိုက္ပါတယ္။ဒီေန႔ ဆႏၵမဲလက္မွတ္ (၄) မွာ မဲခြဲဆုံးျဖတ္ခဲ့တာေတြကေတာ့ ပုဒ္မ ၄၂၂ ၊ ၄၂၃၊ ၄၂၅၊ ၄၂၆၊ ၄၂၇ ေျခဆင္း၊ ၄၂၇ က ၊၄၂၈ ၊ ၄၂၉ ၊ ၄၃၁ ၊ ၄၃၂ ၊ ၄၃၆ က၊ ၄၃၆ ခ တို႔ျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ ၄၃၆(က) ျပင္ဆင္ဖို႔ ေဆြးေႏြးထားတဲ့ ပုဒ္မ၊ ပုဒ္မခြဲ(၅၅)ခုလုံးကို မဲခြဲဆုံးျဖတ္ၿပီးေပမဲ့ ပုဒ္မ(၂) ခုသာျပင္ဆင္ဖို႔ ေထာက္ခံမဲရခဲ့တာလည္း ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္(၆၃၄)ေယာက္တက္ေရာက္ခဲ့ၿပီး အေယာက္(၂၀) ခြင့္တိုင္ၾကားခဲ့ပါတယ္။

အခုျပင္ဆင္ဖို႔ လႊတ္ေတာ္ထဲ ဆႏၵမဲေပးခဲ့တဲ့ ပုဒ္မ ၄၃၆(က)ထဲအက်ဳံးဝင္တဲ့ ပုဒ္မအားလုံးကို ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ အားလုံးရဲ႕ (၇၅)ရာခိုင္ႏႈန္းေက်ာ္က ေထာက္ခံမွ ျပည္လုံး ကြၽတ္ဆႏၵခံယူပြဲက်င္းပၿပီး ျပင္ဆင္ခြင့္ရွိတာျဖစ္ပါတယ္။

Unicode

ဖွဲ့စည်းပုံပြင်ဆင်ရေး ဒီနေ့ ၄ ရက်မြောက်နေ့မှာလည်း ပုဒ်မ၊ ပုဒ်မခွဲ(၁၂) ခုလုံး ပြင်ဆင်ဖို့ ထောက်ခံမဲ(၄၁၀) ကျော်ထိ ရရှိခဲ့ပေ့မဲ့ (၇၅)ရာခိုင်နှုန်းမကျော်တာကြောင့် မူလအတိုင်းထားဖို့ ပြည်ထောင်စုလ ွှတ်တော်နာယကက ကြေညာလိုက်ပါတယ်။ဒီနေ့ ဆန္ဒမဲလက်မှတ် (၄) မှာ မဲခွဲဆုံးဖြတ်ခဲ့တာတွေကတော့ ပုဒ်မ ၄၂၂ ၊ ၄၂၃၊ ၄၂၅၊ ၄၂၆၊ ၄၂၇ ခြေဆင်း၊ ၄၂၇ က ၊၄၂၈ ၊ ၄၂၉ ၊ ၄၃၁ ၊ ၄၃၂ ၊ ၄၃၆ က၊ ၄၃၆ ခ တို့ဖြစ်ပါတယ်။

အခုချိန်မှာတော့ ၄၃၆(က) ပြင်ဆင်ဖို့ ဆွေးနွေးထားတဲ့ ပုဒ်မ၊ ပုဒ်မခွဲ(၅၅)ခုလုံးကို မဲခွဲဆုံးဖြတ်ပြီးပေမဲ့ ပုဒ်မ(၂) ခုသာပြင်ဆင်ဖို့ ထောက်ခံမဲရခဲ့တာလည်း ဖြစ်ပါတယ်။ဒီနေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ်(၆၃၄)ယောက်တက်ရောက်ခဲ့ပြီး အယောက်(၂၀) ခွင့်တိုင်ကြားခဲ့ပါတယ်။

အခုပြင်ဆင်ဖို့ လွှတ်တော်ထဲ ဆန္ဒမဲပေးခဲ့တဲ့ ပုဒ်မ ၄၃၆(က)ထဲအကျုံးဝင်တဲ့ ပုဒ်မအားလုံးကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ (၇၅)ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ပြင်ဆင်ခွင့်ရှိတာဖြစ်ပါတယ်။