







Richard MyoThant
LKT

Unicode

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် COVID-19 ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့သူ ဖြစ်နေပါတယ်။သို့သော် Trump ကတော့ test လည်းမလုပ်သလို self-quarantine တဦးတည်းခွဲနေဖို့ အစီအစဉ်မရှိပါဘူးတဲ့။

ဘရာဇီးရဲ့ သမ္မရုံးပြောခွင့်ရှိသူ Fabio ဟာ အမေရိကန်သမ္မတ Trump ရဲ့ Mar-a-Lago resort ကို ဘရာဇီးသမ္မတနဲ့ Mar 7 ရက်နေ့ကမှ သွားလည်ပြီး ညစာစားကာ ပုံပါအတိုင်း ဓာတ်ပုံဘေးကအတူရိုက်ခဲ့တာပါ။

ဘရာဇီးသမ္မတလည်း positive လို့ပြောပါတယ်။ အခြား ရုပ်ရှင်သရုပ်ဆောင်နဲ့ ထင်ရှားသူတွေလည်း ကိုရိုနာဗိုင်းရပ်စ် ထိကြပါတယ်။ COVID-19 positive ဖြစ်တဲ့ ထင်ရှားသူအချို့ကို ဆက်ဖော်ပြပေးပါမယ်။

ကနေဒါဝန်ကြီးချုပ်ရဲ့ဇနီး positive ဖြစ်လို့ ဝနကြီးချုပ်က တယောက်တည်းခွဲကာ စောင့်ကြည့်အဖြစ် နေနေရပါတယ်။

Tom Hanks တို့ဇနီးမောင်နှံ၊ ရုပ်ရှင်မင်းသမီး Rita Wilson, Arsenal ဘောလုံးအသင်းရဲ့ head coach Mikel Arteta, NBA ဘက်စကတ်ဘော ကစားသမားတွေဖြစ်တဲ့ Donovan Mitchell နဲ့ Rudy Gobert, အီတလီဘောလုံးစတား Daniele Rugani… စသူတို့ဖြစ်ပါတယ်။

အင်္ဂလန်ကျန်းမာရေးဝန်ကြီး၊ အီရန်ဒုသမ္မတနဲ့ဝန်ကြီးအဖွဲ့ဝင်တွေ၊ ဂရိကြည်းရေလေစစ်ဦးစီး ဗိုလ်ချုပ်ကြီး စသူတို့လည်း COVID-19 ဖြစ်နေကြတာမို့…

မြန်မာပြည်မှာလည်း အစိုးရအဖွဲ့ဝင်တွေ အထူးဂရုပြုသင့်ပါကြောင်း။

Richard MyoThant