“ဝူဟန်မြို့ကို အမေရိကန် စစ်တပ်ကကိုရိုနာပိုး ယူလာတာဖြစ်နိုင်ကြောင်း” ပြောဆိုသဖြင့် တရုတ်သံအမတ်ကြီးကို အမေရိကန်အစိုးရက ဆင့်ခေါ်၍ ပြင်းထန်စွာသတိပေး

ကိုရိုနာဗိုင်းရပ်စ် စတင်ပေါက်ဖွားရာ ဇစ်မြစ်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ဈေးတစ်ခုတွင် ရောင်းချသည့် တောရိုင်းတိရစ္ဆာန် များ ဖြစ် သည်ဟု တရုတ် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ အကြီးအကဲက ပြော ထားခဲ့သည်။ သို့သော် အဆိုပါ ရောဂါကို “ဝူဟန် ဗိုင်းရပ်စ်” ဟု အမေရိကန်တာဝန်ရှိသူများက ခေါ်ဝေါ်သုံးနှုန်းမှုအပေါ် ပေကျင်းအစိုးရဘက်က ဒေါသ တကြီး တုန့်ပြန်ခဲ့သ်။

ပြီးခဲ့သည့် ရက်များအတွင်း တရုတ် တာဝန်ရှိသူများနှင့် လူသိများသော ကျန်းမာရေး ပညာရှင်တစ်ဦးတို့က ယင်းဗိုင်း ရပ်စ်သည် မည်သည့် နေရာတွင်မဆို အစပြုနိုင်သည်ဟု ရှာဖွေတွေ့ရှိခဲ့ကြသည်။ကမ္ဘာ့ကပ်ရောဂါအဖြစ် ပျံ့နှံ့မှုတွေ စတင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ကာကွယ် ဖို့ တရုတ်နိုင်ငံက ကြိုးစားနေတာဖြစ်ပြီး ကမ္ဘာကို အ မှန်အတိုင်းမပြောခဲ့ကြောင်းလည်း အမည်မဖော်လိုသူ အရာရှိကပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတွေ စတင်ခဲ့သည့် ဟူဘေးပြည်နယ် ဝူဟန်မြို့ကို အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး ယူ လာတာ ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူတဦးဖြစ်တဲ့ Zhao Lijian က ကြာသပတေးနေ့မှာပဲ Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာကို အမေရိကန်အစိုးရက တရားဝင်ကန့်ကွက်လိုက်ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကတော့ မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေတာဟာ အန္တရာယ်များပြီး အဓိပ္ပာယ်မဲ့ကြောင်း၊ ပြောခဲ့တာကို သည်းခံမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အမေရိကန်သမ္မတ Trump ရဲ့ ဒီသီတင်းပတ်ထဲ ပြောကြားခဲ့တဲ့ မိန့်ခွန်း မှာတော့ တရုတ်နိုင်ငံကလာတဲ့ ဗိုင်းရပ်စ်ပိုးအဖြစ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Robert O’Brien ကလည်း ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေး တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက် တွေ နှေးကွေးခဲ့တဲ့အတွက် ကမ္ဘာကြီးမှာ ၂ လလောက် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး ယူလာတာ ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက် တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်သံအမတ်ကြီးကို သောကြာနေ့က ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။

တရုတ်သံအမတ်ကြီး Cui Tiankai ကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး David Stilwell က ပြင်းပြင်းထန်ထန် သတိပေး ပြောဆိုခဲ့သလို၊ တရုတ်သံအမတ်ကြီးကလည်း အပြင်းအထန် ခုခံကာကွယ်ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ် ဦးက ပြောဆိုခဲ့တာပါ။

REF: VOA

Add a Comment

Your email address will not be published. Required fields are marked *