ဗစ်တိုးရီးယားအမှုတွင် တာဝန်ရှိသူများကို ပြန်လည် အရေးယူရန် ပြန်စခြင်းမစခြင်းသည် ကာယကံရှင်နှင့် တရားစွဲအဖွဲ့ပေါ်မူတည် ဟု သမ္မတရုံးတာဝန်ရှိသူ ဦးဇော်ဌေးပြောဆို

ဗစ်တိုးရီးယား အမှုကို ပြန်လည် တရားစွဲဆို မှု ပြန်စခြင်း မစခြင်းသည် ကာယကံရှင်နှင့် သက်ဆိုင်ရာ တရားစွဲ အဖွဲ့ပေါ်တွင် မူတည်နေ သည်ဟု သမ္မတရုံးပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က မတ်လ (၁၃) ရက်နေ့ ညနေပိုင်း ကပြုလုပ် သည့် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။

“ပြောရ ရင်တော့ ဒီအမှုက နဲနဲလေးရှုပ်တယ်။ ဒါကြောင့် အမှုကိုပြန်စခြင်း မစခြင်းက ကာယကံရှင် နဲ့ သက်ဆိုင်ရာ တရားစွဲအဖွဲ့ပေါ်မှာ မူတည် တယ်ပေါ့။ ဒီအပေါ်မှာ ဆက်လုပ် ရမှာဖြစ်တယ်”ဟု ၎င်းကပြောဆို သည်။

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ ကိုအရေးယူရန် သမ္မတရုံး မှ ပြည်ထဲရေးဝန် ကြီးဌာနကို ညွှန်ကြားထားသည် ဟုလည်း ပြီးခဲ့သည့်သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားထားသည်။

“အဲဒီကိစ္စ သက်ဆိုင်ဌာန က အရေးယူထားပါတယ် ၊ အရေးယူ တာက ဝန်ထမ်း စည်းမျဉ်းစည်းကမ်း နဲ့အညီပေါ့နော် အရေးယူ ထား တယ်၊ လောလော ဆယ်ပြော ရရင် အရေးယူနေပြီ၊ အရေးယူ ပြီးစီးမှု ကိုတော့ သမ္မတရုံး ကို ဆောင်ရွက် ပြီးစီးမှု ပြန် တင်ပြ ရ မယ်ပေါ့၊ ပြောလိုတာကတော့ လောလောဆယ်အရေးယူဆဲပေါ့နော်၊ ပြန်တင်ပြလာတာမရှိသေးဘူး”ဟု ဦးဇော်ဌေးက ထပ် မံပြော ဆိုသည်။

ဗစ်တိုရီးယား အမှုမှ သံသယတရားခံကိုအောင်ကြီးကို တရားရှင်လွှတ်လိုက်သော်လည်း လက်ရှိအချိန်ထိတရားခံအစစ်ကို သက် ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခြင်းမရှိသေးပေ။

crd:The voice