တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကျန်ခဲ့သည့် မြန်မာပညာသင် ကျောင်းသား၊ကျောင်းသူနှစ်ဦး အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ၊ ဝူဟန် မြို့တွင် ကျန်ခဲ့ သည့် မြန်မာ ကျောင်းသား ၊ကျောင်းသူနှစ် ဦးသည် ယနေ့ မတ် (၁၄)ရက် နံနက် ပိုင်းတွင် အိန္ဒိယနိုင်ငံမှ တဆင့် ရန်ကုန် မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက် ရှိခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်း ထုတ်ပြန် သည်။

တရုတ်နိုင် ငံ၊ ဝူဟန် မြို့ရှိ မြန်မာပညာသင် (၆၃) ဦး အား မြန်မာနိုင်ငံ မှ အထူးလေယာဉ်ဖြင့် ပြီးခဲ့ သည့် ဖေဖော်ဝါရီလ (၂ )ရက်က သွားရောက်ခေါ်ဆောင်ရာ တွင် ကျန်ရှိခဲ့သော မြန်မာပညာသင် ကျောင်းသူကျောင်းသား နှစ်ဦးအား အိန္ဒိယအစိုးရ၏အကူအညီဖြင့် ဖေဖော်ဝါရီ (၂၇) ရက်တွင် နယူးဒေလီမြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ မြန်မာကျောင်းသား၊ ကျောင်းသူ နွစ်ဦးကို မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်းမှုဖြင့် အိန္ဒိယအစိုး ရက စီစဉ်ပေးသော Charter လေကြောင်းအမှတ်၊ IFC0820 ဖြင့် ဝူဟန်မြို့မှ အိန္ဒိယနိုင်ငံသို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရောဂါ ထိန်းချုပ် မှု ဆောင်ရွက်ရန် နယူးဒေလီမြို့ရှိ ITBP CHAWALA CAMP ၌ အိန္ဒိယအစိုးရ အစီအစဉ်ဖြင့် ရောဂါစောင့်ကြည့် ကာလ (၁၄) ရက် ထားရှိခဲ့ပြီး မြန်မာသံရုံး၊ နယူးဒေလီမြို့မှလည်း ၎င်းတို့အား စဉ်ဆက်မပြတ် ဆက်သွယ်လျက် လိုအပ်သည် များ ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းသား ၊ကျောင်းသူ နှစ်ဦးကို ITBC CHAWALA CAMP ၌ စောင့်ကြည့်ကာလအဖြစ် (၁၄) ရက်ကြာ စောင့်ကြည့် စစ်ဆေး ၍ Covid-19 ရောဂါ ကူးစက်မှု မတွေ့ရှိရကြောင်း ဆေးစစ် အတည်ပြုချက်ရရှိခဲ့သည်။

ထို့ကြောင့် ၎င်းတို့ နွစ်ဦးအား နယူးဒေလီမြို့ မြန်မာသံရုံးမှ သံမှူးကြီး ဦးအောင်အောင်မျိုးသိမ်းနှင့် ကောင်စစ်အရာရှိ၊ ဒေါ်အေးသီတာမြင့် တို့မှ သံရုံး ၏ အစီအစဉ်ဖြင့် ယမန်နေ့ (မတ် ၁၃ရက်) ည ၈နာရီ၁၅မိနစ်တွင် နယူးဒေလီမြို့မှ Air India လေကြောင်းလိုင်းဖြင့် နယူးဒေလီ -ကော်လ်ကတ္တား -ရန်ကုန် လေယာဉ်ခရီးစဉ်အတိုင်း ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

crd:The standard Time