ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အသက်ရှူစက် လှူဒါန်းလိုက်တဲ့ “Win Moboile” ပိုင်ရှင်

သီ ရိသုဓမ္မဘွဲ့ရ သူကြွယ်တွေ လှူဒါန်း ဖို့ လက်တွန့်နေ တဲ့ သိန်း 150 တန် ကိုရိုနာ ဗိုင်းရပ်စ် အရေးပေါ် အသက်ရှူစက် လှူဒါန်းလိုက် တဲ့ win moboile ပိုင်ရှင်။ ဒါကမှ တကယ့်အလှူလို့ ပြောရမှာ ဖြစ် ပါ တယ် ။ ကာလံ ဒေသံ အဂ္ဂံ ဒနံ ဆိုသလိုပဲ အချိန် ကာလ နေရာဒေသ အလိုက် အရေးပေါ်လိုအပ်တဲ့ အရာတွေကို လှူဒါန်းတာဟာ အမြတ်ဆုံး နဲ့ ကံ အကျိုးပေး အမြန်ဆုံး အလှူဖြစ် ပါ တယ် ။

မြန် မာပြည်သူတွေ ဝမ်းသာကြည်နူး ရအောင် covid-19 သာမက အခြား အသက်ရှူလမ်းကြောင်း ဝေဒနာသည်တွေအတွက် ပါ အရေးပါတဲ့ တန်ဖိုးကြီး စက်တလုံးကို လှူဒါန်းလိုက်တဲ့ အကြောင်းလေး မျှဝေပေးချင် ပါတယ် ။ ”ဒေါက်တာ စိုးနောင်ဝင်း + ဒေါက်တာ ခိုင်ဆုမွန် တို့မိသားစု ကျွန်တော်တို့ Win Mobile World Co., Ltd ရဲ့ အလှူအနေနဲ့ COVID-19 အပါအဝင် တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာေ ရာဂါတွေ ဖြစ်လာခဲ့ ရင် မရှိ မဖြစ် အသုံးပြုရမှာဖြစ်တဲ့ ကျပ် သိန်း (၁၅၀) ခန့် တန်ဖိုးရှိ “Philips Respironics Trilogy 202 portable ventilator” (၁) လုံး ကို မြောက်ဥက္ကလာဆေးရုံကြီးကို လှူဖို့ မှာထားပြီးပါပြီ။

Custom Clearance မြန်ရင် တစ်ပတ် အတွင်း ရမယ်၊ နည်းနည်းနောက်ကျရင်တော့ (၂) ပတ်အတွင်း ရောက်ပါမယ်။ ဒါ Win Mobile World Co., Ltd ကို အားပေးနေတဲ့သူတွေအကုန်လုံးရဲ့ အလှူဖြစ်ပါတယ်၊ အထမြောက်အောင် သတိပေးခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုလည်း ဝမ်းသာသလို လှူပေးတဲ့ MD မိသားစုကိုလည်း ကျေးဇူးပါ။ ပစ္စည်းရောက်လို့ သွားလှူပြီးရင် Page မှာ Official တင်ပါမယ်။ “ဆိုပြီး win mobile world ရဲ့ အက်ဒမင် ကို Sai Akar က သူတို့ မိသားစုရဲ့ အလှူကို မျှဝေထားတာပါနော်။ ပရိတ်သတ်ကြီး လည်း မျှဝေခံစားရင် ကြည်နူးမိမယ်လို့ မျှော်လင့်ပါတယ်နော်။ ကျေးဇူးတင်ပါတယ်။

ref:Sai Akar`fb