လှိုင်မြို့နယ်တွင်  လူတဦးက မိန်းမ ၃ ဦးကို ဓားဖြင့်ထိုးကာ မိမိကိုယ်ကိုလည်း ပြန်ထိုး

လှိုင်မြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးသည် မတ်လ ၁၄ ရက် နေ့လယ် ၁ နာရီခန့်က ဇနီးဖြစ်သူအပါအဝင် အမျိုးသမီး ၃ ဦးကို ဓားဖြင့်ထိုးကာ မိမိကိုယ်ကိုလည်း ဓားဖြင့်ထိုးခဲ့ ကြောင်း လှိုင်မြို့နယ်လူမူကူညီရေး အသင်းမှ ကိုကောင်းလင်းထွဋ်ကပြောသည်။

“အဲ့ဒီအမျိုးသားကစိတ်မမှန်တာ နှစ်လလောက်ရှိပြီလို့သိရတယ်။ ဇနီးကိုလည်းဓားနဲ့ထိုးပြီး အိမ်နီနားချင်း အမျိုးသမီးနှစ်ဦးကိုလည်းထိုးတယ်။ ကိုယ့်ကိုယ်ကိုလည်း ပြန်ထိုးတာ စိုးရိမ်ရတယ်။”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပညာလမ်းတွင်နေထိုင်သည့် ဦးငဖြူလှ (အသက်-၆၀) သည် စိတ်ဖောက်ပြန်ကာ (၎င်း၏ဇနီးဖြစ်သူဟုခန့်မှန်းရ)ဒေါ်စောဖြူရှည်ကို ဓားဖြင့်ထိုးခဲ့ကြောင်း၊ ထို့နောက် အနီးအနားရှိ အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒေါ်အုန်းမာနှင့်ဒေါ်စောရင်တို့ကိုလည်း ဓားဖြင့် ဆက်လက်ထိုး ခဲ့ကြောင်း၊ ယင်းကဲ့သို့ အမျိုးသမီးသုံးဦးအား ဓားဖြင့် ထိုးခဲ့ပြီးနောက် ဦးငဖြူလှသည် ၎င်းကိုယ်ကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ်လူမှုကူညီရေးအသင်းမှ ပြောကြားချက်အရသိရသည်။

မိမိကိုယ်ကို ဓားဖြင့်ထိုးသည့် ဦးငဖြူလှသည် ဒဏ်ရာပြင်းထန်သဖြင့် အင်းစိန်ဆေးရုံသို့ အတွင်းလူနာ အဖြစ် တင်ပို့ထားပြီး ဒေါ်စောဖြူရှည်၊ ဒေါ်အုန်းမာနှင့်ဒေါ်စောရင်တို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သိရသည်။

crd:နှင်းနုဝင်း(Vidya)