ရန်ကုန် ကလေးဆေးရုံကြီးမှာ သိန်း(၁၄၀) တန်ဖိုးရှိ ဆွစ်ဇလန်လုပ် အသက်ရှူစက်တစ်လုံး လှူဒါန်းခဲ့တဲ့ မင်းသားချော ဒေါင်း




Source: Ye Myint Kyaw
ref:Shwe Likes Media

Unicode

သရုပ်ဆောင် မင်းသားချော ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျ က်ဝန်း တစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်း ပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေ ရင်ထဲရောက်ခဲ့ သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့ပါသေးတယ်။

ဒေါင်းကို ဆို မကြွေတဲ့ မိန်းကလေးတွေ မရှိသလောက် ပါပဲနော်။ အခုဆိုရုပ်ရှင် ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှု အပြည့်အဝ ရထားသူပဲ ဖြစ်ပါတယ်။ တက်သစ်စဖြစ်ပေမယ့် အမျိုးသမီး ပရိသတ်တွေ အများဆုံးအားေ ပးဝန်းရံခံရတဲ့သူ ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ချက်တွေ ပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းေ ကြာင်းပေါ် ရောက်ရှိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှတာ ဝန်ရှိသူတစ်ယော က်ဖြစ်တဲ့ရဲမြင့်ကျော်ဆိုတဲ့အေ ကာင့်ပိုင်ရှင်က”Covid 19 စမတွေ့သေးပေမယ့် တွေ့လိုက်ရင် မြန်မာ အစိုးရဆေး ရုံတွေက ဆရာဝန် ဆရာမတွေ ဘဝ က ရှေ့တန်းထွက်တဲ့ စစ်သည်တွေထက်တောင် သတ္တိ ရှိရှိ စိတ်ဓါတ် ပြင်းပြင်းနဲ့ ကြံ့ကြံ့ခံရမယ် ဆိုတာ ရိပ်မိကြတော့ ပြည်သူတွေက တတ်နိုင် သလောက် ဝန်းရံအားပေးကြပါတယ်။အခုလည်း နယ်မှာ ကားရိုက်ရောက်နေတဲ့ အနုပညာလောက က ရင်းနှီး ခင်မင်နေတဲ့ ‘ဒေါင်း’ က ရန်ကုန်ကလေးဆေးရုံကြီး က ကလေးတွေအတွက် ဆွစ်ဇလန်လုပ် အသက်ရှူစက်တစ်လုံး သိန်း( ၁၄၀ )ခန့်နဲ့ (၂၅ )သိန်းတန်ဖိုးရှိကာကွယ်ရေး ဝတ်စုံများ PPE စုစုပေါင်း (၁၆၅ )သိန်းဖိုး လှူဒါန်းပါတယ်။ဒေါင်း ဟာ ခါတိုင်းလည်း ကလေးတွေ လိုတာရှိရင် ဖုန်းဆက်တာ နဲ့ ချက်ခြင်း ပြေးလာလှူတတ်သူပါ။သာဓု သာဓု သာဓု” ဆိုပြီးဖော်ပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါင်းရဲ့ ကြီးမားလှတဲ့ကု သိုလ်အလှူအတွက်သာ ဓုခေါ်ခဲ့ပါဦးနော်။

Source: Ye Myint Kyaw

Tags: