ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာ နိုင်ငံခြားသား ၂ ဦးက “မြန်မာ့ ကျန်းမာရေးဝန်ထမ်းများရဲ့ ဝန်ဆောင်မှုကို ချီးကျူး”

ဝေဘာဂီဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာ များအဖြစ် တက်ရောက် ကုသမှု ခံယူနေသော နိုင်ငံခြားသားနှစ်ဦး က မြန်မာ့ကျန်းမာရေးဝန်ထမ်း များ၏ ဝန်ဆောင်မှုကို ချီးကျူး ပြောကြားသည်။ဝေဘာဂီဆေးရုံ၌ စောင့် ကြည့်လူနာအဖြစ် တက်ရောက် ကုသမှုခံယူနေသော နယူးဇီလန် နိုင်ငံသားတစ်ဦးက ၎င်းကို ဝန် ထမ်းများက အလွန်ကောင်းမွန်စွာ ပြုမူဆက်ဆံကာ နားလည်ပေး ကြောင်း ပြောကြားသည်။

သို့သော် မိမိသည် ဗမာ စကား မပြောတတ်သောကြောင့် ဆက်သွယ်ရန် ခက်ခဲပြီး အမြဲ မပြတ် ဆက်သွယ်နိုင်ခြင်းမရှိဟု အမည်မဖော်လိုသော ယင်းနယူး ဇီလန်နိုင်ငံသားက ပြောကြား သည်။

ဝေဘာဂီဆေးရုံ၌ ၎င်းနေ ထိုင်နေရသော အခြေအနေကို လည်း အဆိုပါ နယူးဇီလန်နိုင်ငံ သားက ရှင်းပြထားကာ ၎င်း၏ အခန်းထဲတွင် ခုတင်တစ်လုံးနှင့် စားပွဲတစ်လုံးရှိပြီး သီးသန့် ရေချိုး ခန်းနှင့် ရေပန်းရှိသော်လည်း ရေ နွေးမရသလို နံရံပေါ်မှ တီဗီသည် အလုပ်မလုပ်ဟု ၎င်းကပြော သည်။

သို့သော် ၎င်းသည် အင်တာ နက်သုံးခွင့်ရပြီး ၎င်း၏ လက်ပ် တော့ကွန်ပျူတာနှင့် 3G ဖုန်း ဖြင့် ပြင်ပကမ္ဘာနှင့် ဆက်သွယ်၍ရ ကြောင်း သိရသည်။ဝန်ထမ်းများသည် ခင်ခင် မင်မင်ရှိပြီး ပရော်ဖက်ရှင်နယ်ကျ သလို အင်္ဂါနေ့ညက ၎င်း၏အခန်း သို့ KFC ကြက်ကြော်လာပို့သည် အထိ သဘောကောင်းကြ ကြောင်း ၎င်းကပြောသည်။

COVID-19 အတွက် ၎င်းကို စစ်ဆေးမှုရလဒ်မှာ ရောဂါ မရှိဟု အဖြေထွက်သော်လည်း အိမ်ပြန်နိုင်မည့်အချိန်ကို သေချာ မသိရသေးဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံရှိ နယူးဇီလန်သံရုံးက ၎င်းကို အကူအညီပေးနေကြောင်း လည်း သိရသည်။

၎င်းသည် ဟောင်ကောင်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ပြီး နောက် ၁၂ ရက်အကြာတွင် နေ မကောင်းဖြစ်လာသဖြင့် မြန်မာ နိုင်ငံတွင် ဆေးရုံသို့ ကိုယ်တိုင် သတင်းပို့ခဲ့သည်ဟု ၎င်းကပြော သည်။ သူနာပြုများ (သို့မဟုတ်) ဆရာဝန်တစ်ဦးဦးက လေးနာရီ တစ်ကြိမ် မိမိကို စစ်ဆေးပြီး မိမိ၏ သီးသန့်အခန်းထဲသို့ဝင်လာသူအားလုံးကို အကာအကွယ် ဝတ်စုံများနှင့် နှာခေါင်းစည်းများ တပ်ဆင်ထားပြီး ၎င်းတို့နှင့်သာ ထိတွေ့မှုရှိကြောင်း တနင်္လာနေ့ က ဆေးရုံတက်နေရ သည့် အဆို ပါ နယူးဇီလန်နိုင်ငံသားက သူ၏ ခုတင်ပေါ်မှနေ၍ နယူးဇီလန် အခြေစိုက် Stuff သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုအထိ COVID-19 လူနာမရှိသေးသော် လည်း နယူးဇီလန်တွင် ကြာသပ တေးနေ့က ပထမဆုံး လူလူချင်း ကူးစက်သော လူနာသုံးဦးရှိ ကြောင်း အတည်ပြုထားသည်။ နောက်ထပ် စောင့်ကြည့်လူနာအ ဖြစ် ဆေးရုံတင်ထားသော အမေ ရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ဒေး ဗစ်ရိုဆန်ဘလမ်းက ၎င်းသည် COVID-19 လူနာမရှိသေးသော မြန်မာနိုင်ငံတွင် ပထမဆုံးလူနာ ဖြစ်လာနိုင်သည်ဟု ၎င်း၏တွစ် တာအကောင့်၌ ဖော်ပြထား သည်။

‘‘ကျွန်တော် လောလော ဆယ် မြန်မာနိုင်ငံကို ခရီးသွားနေ ပါတယ်။ ပြီးတော့ COVID-19 ရောဂါလက္ခဏာတွေ အများကြီး ရှိနေပါတယ်’’ဟု ဒေးဗစ်ရိုဆန်ဘ လမ်းက ရေးသားထားသည်။

ရိုးရိုးအအေးမိရောဂါဖြစ်နိုင် သော်လည်း ဘေးကင်းလိုသော ကြောင့် ဆေးရုံသို့ သွားရောက် ကာ ရင်ဘတ်ကို X-Ray ဖြင့် စစ် ဆေးခဲ့ပြီး နောက်ဆေးရုံသို့ လူနာ တင်ကားဖြင့် ဥသြသံဖွင့်လျက် ခေါ်ဆောင်သွားခြင်းခံရကြောင်း ၎င်းက ရေးသားဖော်ပြထားသည်။

ယင်းဆေးရုံတွင် တာဝန်ရှိ သူများက မိမိကို COVID-19 နှင့် H1N1 အတွက် စစ်ဆေးမှုများပြု လုပ်ခဲ့ကြောင်း ဒေးဗစ်ရိုဆန်ဘ လမ်းက တွစ်တာအကောင့်၌ ရေး သားထားသည်။

ဒေးဗစ်ရိုဆန်ဘလမ်းက လည်း စမ်းသပ်စစ်ဆေးခြင်း၊ ဆေးဝါးများနှင့် သီးသန့်ခန်းတွင် နေထိုင်ရခြင်းတို့အတွက် အဖိုးအ ခ လုံးဝမပေးရဟုပြောကြားပြီး အမေရိကန်ရှိ မိတ်ဆွေသူငယ် ချင်းများနှင့် မိသားစုဝင်များကို ယင်းကဲ့သို့ စောင့်ရှောက်မှုမျိုး ရစေချင်ကြောင်းလည်း ပြော ကြားထားသည်။

အမေရိကန်တွင်မူ စမ်းသပ် စစ်ဆေးမှုများ မလုံလောက်ဘဲ အာမခံကြေး လျှော့ချမှုများနှင့် ကြုံတွေ့နေရသည်ဟု ၎င်းက ပြောသည်။

မိမိ၏ စစ်ဆေးမှုရလဒ်ကို တစ်ရက်အတွင်း သိရှိရသင့်ပြီး မိမိတွင် ရောဂါမရှိလျှင်ပင် ရော ဂါလက္ခဏာများ ပျောက်ကင်း သည်အထိ ဆေးရုံ၌ ဆက်နေရ မည်ပုံပေါ်ကြောင်းနှင့် ရောဂါရှိ လျှင် မိမိကို ပို၍ကြာကြာ ဆေးရုံ ၌ နေခိုင်းလိမ့်မည်ဟုလည်း အမေရိကန်နိုင်ငံသား စောင့် ကြည့်လူနာ ဒေးဗစ်ရိုဆန်ဘလမ်း က ၎င်း၏ တွစ်တာအကောင့်၌ ရေးသားထားသည်။

ref:7daydaily