သမ္မတဒေါ်နယ်ထရန့်၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းရှိ မရှိ ဆေးစစ်ချက်  အဖြေ ထွက်ပေါ်

မကြာသေးမီ က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ထားရသည့် ဘရာဇီး အစိုးရ ကိုယ်စားလှယ်(၁)ဦးနှင့် တွေ့ဆုံခဲ့ သောကြောင့် ဗိုင်းရပ်စ် ကူးစက်ခံ ရမည်ကို စိုးရိမ် ခဲ့ရသော အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် တွင် ဗိုင်းရပ်စ် ကူးစက် ခံရခြင်း မရှိဟု ဆေးရလဒ် ထွက်ပေါ် လာခဲ့ပြီဖြစ် သည်။

“ဒီညနေခင်း မှာပဲ (COVID-19) negative ဖြစ်ကြောင်း အတည်ပြု ထားတဲ့ ဆေးရလဒ် ကို ကျွန်တော် လက်ခံ ရရှိခဲ့ပါတယ်”ဟု အိမ်ဖြူတော် ဆရာ ဝန် ရှောင်ကွန်လေ က ဆိုထားသည်။

သမ္မတ ဒေါ်နယ်ထရန့် သည် ယခင်တစ်ပတ် က ဘရာဇီးကိုယ်စား လှယ်များနှင့် ဖလော်ရီဒါ ပြည်နယ် ရှိ အပန်းဖြေ စခန်းတစ်ခုတွင် လက်ခံတွေ့ဆုံခဲ့ သည်။ ထိုတွေ့ဆုံမှု အပြီးရက်ပိုင်းအကြာ မှာပင် ဘရာဇီး ကိုယ်စားလှယ်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

သို့သော် လည်း တစ်ပတ်ကြာမြင့်သည်အထိ သမ္မတဒေါ်နယ်ထရန့်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသည့်လက္ခဏာများ မရှိခဲ့ကြောင်းလည်း ရှောင်ကွန်လေက အတည်ပြုခဲ့သည်။

အသက် (၇၃)နှစ် အရွယ်ရှိပြီဖြစ်သည့် မစ္စတာထရန့်သည် သောကြာနေ့က ဆေးစစ်ခဲ့ခြင်းဖြစ်ပြီး စနေနေ့ညနေပိုင်းတွင် ဗိုင်းရပ်စ်ကင်းရှင်းကြောင်း အဖြေထွက် ခဲ့သည်။

crd:The standard Time